Advertisement

စုံတွဲလေးတို့ရေ မင်္ဂလာရက်မြတ်ရွေးတဲ့အခါ အရံအနေနဲ့ နောက်ထပ် ကိုယ်လိုချင်တဲ့ ရက်လေး သတ်မှတ်ထားပါ။ ဒါမှ ရက်မြတ်ရွေးတဲ့အခါ အဆင်ပြေနိုင်မှာပါ။

မင်္ဂလာရက်မြတ်ဆိုတာ ချစ်သူနှစ်ဦးအတွက် တကယ့်ကို အရေးကြီးပြီး အမှတ်တရ အဖြစ်စေဆုံး နေ့ရက်တစ်ရက် ဖြစ်မှာပါ။ ဒီမင်္ဂလာ ရက်မြတ်ကစလို့ စုံတွဲလေးတို့ သေတပန်သက်တဆုံး အတူတကွ နေထိုင်ရှင်သန်ကြရမှာမဟုတ်လားနော်။ ဒီလိုအရေးကြီးတဲ့ မင်္ဂလာရက်မြတ်သတ်မှတ်ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပြောပြမယ်နော်။ မင်္ဂလာရက်သတ်မှတ်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ရက်နဲ့ ကြိုတင်စီစဉ်ဖို့ အဆင်ပြေတဲ့ရက်ဆိုပြီး နှစ်ပိုင်းရှိပါတယ်။

ဗေဒင်မေးမယ်

စုံတွဲလေးတို့ရေ မင်္ဂလာရက်မြတ်အတွက် ဗေဒင်မေးတာကို တော်တော်များများ လုပ်လေ့ရှိပါတယ်။ မင်္ဂလာရက်မြတ်အတွက် ဗေဒင်မေးတဲ့အခါမှာ ဗေဒင်က ရွေးပေးတဲ့ ရက်ကိုပဲ ဆောင်မလား၊ ဒါမှမဟုတ် စုံတွဲလေးတို့ သတ်မှတ်ထားတဲ့ ရက်မြတ်ကိုပဲ အဆင်ပြေ မပြေ ဗေဒင် မေးမလား ရွေးချယ်ပါ။ အဲဒီလို ရွေးချယ်ပြီးမှ ဗေဒင်တွက်ပါ။

မင်္ဂလာလက်မှတ်ရေးထိုးမယ့်နေ့

မင်္ဂလာလက်မှတ်ရေးထိုးမယ့်နေ့ (photo: hannahperry.oucreate.com)

ရက်ရာဇာ

စုံတွဲလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာဆောင်ရက်ကို ရွေးတဲ့အခါမှာ လတစ်လရဲ့ ရက်ရာဇာတွေကို ဆွဲထုတ်ပါ။ အဲဒီ ရက်တွေထဲကမှ နှစ်ဖက်မိဘတွေနဲ့ တိုင်ပင်ပြီး အားလုံး အဆင်ပြေမယ့်ရက်ကို ရွေးပါ။

နှစ်ယောက်သား စိတ်ကူးထဲမှာ တွေးထားပါ

နှစ်ယောက်သား စိတ်ကူးထဲမှာ တွေးထားပါ(photo: hannahperry.oucreate.com)

 

နှစ်ယောက်သား စိတ်ကူးထဲမှာ တွေးထားပါ

စုံတွဲလေးတို့ Anniversary ရက်ကိုပဲ ရွေးမလား၊ ဒါမှမဟုတ် နှစ်ယောက်စလုံး အမှတ်တရ ရှိခဲ့ဖူးတဲ့ ရက်တွေထဲက တစ်ရက်ကိုပဲ ရွေးမလား အရင်ဆုံး ဘယ်တော့လောက် မင်္ဂလာပွဲလေး ကျင်းပမလဲ။ ဒါမျိုးအရင်ဆုံး စိတ်ကူးနဲ့ တွေးပါ။

ကြိုတင်စီစဉ်ဖို့ အဆင်ပြေတဲ့ရက်

ကြိုတင်စီစဉ်ဖို့ အဆင်ပြေတဲ့ရက် (photo: hannahperry.oucreate.com)

ကြိုတင်စီစဉ်ဖို့ အဆင်ပြေတဲ့ရက်

စုံတွဲလေးတို့ရေ မင်္ဂလာရက်မြတ် ရွေးချယ်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ ရက် ရဖို့ဆိုတာ လွယ်တော့ မလွယ်လှပါဘူး။ ကုန်ကျစရိတ်တွေ၊ ရာသီဥတုနဲ့ ကိုယ်ဆောင်ချင်တဲ့ ခန်းမမှာ နေရာ ရ မရ ဒါတွေ ထည့်တွက်ပြီး စဉ်းစားရမှာပါ။ ကြိုတင်ပြင်ဆင်ချိန်ကိုလည်း ထည့်တွက်ရမှာပါ။ မင်္ဂလာဆောင် ရာသီမှာ ဆောင်မယ်ဆိုရင် စနေ၊ တနင်္ဂနွေလို ရက်တွေနဲ့ ကြားပိတ်ရက်တွေမှာ ခန်းမဈေးနှုန်းတွေ ပြောင်းနိုင်ပြီး ဝန်ဆောင်မှုတွေလည်း ဈေးကြီးနိုင်ပါတယ်။ စုံတွဲလေးတို့ရေ မင်္ဂလာရက်မြတ်ရွေးတဲ့အခါ အရံအနေနဲ့ နောက်ထပ် ကိုယ်လိုချင်တဲ့ ရက်လေး သတ်မှတ်ထားပါ။ ဒါမှ ရက်မြတ်ရွေးတဲ့အခါ အဆင်ပြေနိုင်မှာပါ။

ချစ်တို့ရေ မင်္ဂလာရက်မြတ် သတ်မှတ်တာက နှစ်ယောက်စလုံးအတွက် အရေးကြီးတာမလို့ သေချာဆုံးဖြတ်ချက် ချဖို့ လိုတယ်နော်။

Comments

0 comments