Advertisement

ချစ်တို့ရေ မင်္ဂလာပွဲပြီးတဲ့နောက်မှာလည်း မဆောင်ခင်ကလို လုပ်စရာတွေ ပြင်ဆင်စရာတွေ ရှိတာမလို့ ဂရုစိုက်သင့်တယ်နော်။

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ပွဲမတိုင်ခင် မင်္ဂလာပွဲကြီးအတွက် အားလုံးစည်းစည်းလုံးလုံး တိုင်ပင်ပြီး စီစဉ်ကြသလို မင်္ဂလာပွဲပြီးသွားရင်လည်း ကျန်နေသေးတဲ့ လုပ်စရာတွေကို သိုက်သိုက်ဝန်းဝန်း လုပ်ဖို့ လိုပါတယ်။ မင်္ဂလာပွဲပြီးတာနဲ့ လုပ်စရာတွေ ပြီးသွားတာမျိုးမဟုတ်ပါဘူးနော်။

သတို့သမီးလေးတို့ ဂရုစိုက်ရမှာတွေ

Skin care ကတေ့ာ သတို့သမီးလေးအတွက် အဓိကပါ။  ဖြစ်နိုင်ရင် ဆိုင်မှာ Deep Cleansing လုပ်ပါ။ မျက်နှာမှာ လိမ်းထားတဲ့ မိတ်ကပ်အထပ်ထပ်တွေကို သေချာလေး Cleansing လုပ်ဖို့ လိုသလို Break out မဖြစ်စေဖို့ Skin care ကောင်းကောင်းသုံးဖို့ လိုပါတယ်နော်။ မျက်နှာအသားအရေ မထိခိုက်စေဖို့အတွက် ပေါင်းတင်တာမျိုး လုပ်ပါ။ ဆံပင်ကိုလည်း ဂရုစိုက်ပေးပါ။ ဆံထုံး ထုံးတဲ့အခါမှာ ကော်တွေ သုံးတာ ရှိတယ်မလား၊ ဆံသားနှစ်ခွ မဖြစ်လာအောင်၊ မကြမ်းသွားအောင် ဂရုစိုက်ပေးပါ။

ဝန်ဆောင်မှုတွေ

ဝန်ဆောင်မှုတွေနဲ့ ကိစ္စတွေ ပြတ်အောင်ဖြတ်ပါ။ ငွေပေးချေရမှာတွေ၊ ပစ္စည်း ပြန်အပ်ရမှာတွေ အကုန်လုံး အပ်ပါ။ ဓါတ်ပုံရွေးစရာ ရှိရင်လည်း မြန်မြန်ရွေးချယ်ပါ။ ပန်းအပြင်အဆင်၊ အဝတ်အစား၊ လက်ဝတ်ရတနာနဲ့ ပတ်သက်ပြီး စီစဉ်ရမှာတွေကို အမြန်စီစဉ်ပါ။

ဂရုစိုက်ရမှာတွေ

ဂရုစိုက်ရမှာတွေ

လက်ဖွဲ့နဲ့ စာရင်း

လက်ဖွဲ့ပစ္စည်းတွေကိုလည်း တချို့က ပိုနေတာ၊ ထပ်နေတာတွေရှိရင် ပြန်လက်ဖွဲ့တာ၊ ရောင်းတာမျိုး ရှိပါတယ်။ စုံတွဲလေးတို့ရော ဘယ်လိုမျိုးလုပ်မလဲဆိုတာ ကြိုတင်တွေးထားပြီး မင်္ဂလာပွဲပြီးတာနဲ့ စီစဉ်ပါ။ မဟုတ်ရင် ပစ္စည်းတွေက ကိုယ့်လက်ထဲ ကြာနေပြီး မစီစဉ်ဖြစ်တာတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ စာရင်းတွေ တွက်ဖို့ပါ။ မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်နဲ့ လက်ဖွဲ့ငွေကို ပြန်တွက်ကြည့်တာမျိုးပေါ့။

လက်ဖွဲ့နဲ့ စာရင်း

လက်ဖွဲ့နဲ့ စာရင်း

ပျားရည်ဆမ်းအတွက်

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းအတွက် ပြင်ဆင်ဖို့ လိုပါတယ်။ မင်္ဂလာပွဲပြီးနောက်မှာ ဟန်းနီးမွန်းအတွက် ခရီးဆောင်အိတ်၊ အသုံးအဆောင်တွေ ထည့်ပါ။ နောက်ပြီး လေယာဉ်လက်မှတ်၊ ကားလက်မှတ်စတဲ့ စစ်စရာ ရှိတာတွေ စစ်ပါ။ ပျားရည်ဆမ်းမှာ ပျော်ရွှင်ရမယ့် အစီအစဉ်တွေကို စပြီး ဆွဲပါ။

ချစ်တို့ရေ မင်္ဂလာပွဲပြီးတဲ့နောက်မှာလည်း မဆောင်ခင်ကလို လုပ်စရာတွေ ပြင်ဆင်စရာတွေ ရှိတာမလို့ ဂရုစိုက်သင့်တယ်နော်။

Comments

0 comments