မင်္ဂလာပွဲမှာ အဓိကအကျဆုံး ဘာတွေအရင်ဆုံး စီစဉ်ရမလဲ

by: Phyo Pyae Thu
 0 comments  1 love

စုံတွဲလေးတို့ မင်္ဂလာဆောင်အတွက်  စီစဉ်တော့မယ်ဆိုရင် အရင်ဆုံး စပြီး စီစဉ်ရမယ့် အချက်တွေကို ပြောပြပေးလိုက်ပါတယ်။ ဒီအချက်တွေ စီစဉ်ပြီးထားမှ စိတ်အေးရမှာပါ။

စုံတွဲလေးတို့ မင်္ဂလာပွဲကျင်းပတော့မယ်ဆိုရင် စီစဉ်ရမယ့် အချက်တွေ အများကြီး ရှိပါတယ်။ အားလုံးကလည်း မင်္ဂလာပွဲမှာ အရေးကြီးပါတယ်။ ဒါပေမယ့် အားလုံးထဲကမှ အဓိက အကျဆုံးနဲ့ အရင်ဆုံး စီစဉ်ရမှာတွေ ရှိပါတယ်။ ဘယ်အချက်တွေ ဖြစ်မလဲ၊ ဘာကို အရင်ဆုံး စီစဉ်ရမလဲဆိုတာ ပြောပြပေးနော်။

ပထမဆုံး အဆင့်

ပထမဆုံး အဆင့်အနေနဲ့ကတော့ သတို့သား၊ သတို့သမီးတို့ရဲ့ နှစ်ဖက်မိဘတွေ့ဆုံပြီး စေ့စပ်ကြောင်းလမ်းတာတွေ လုပ်ရမှာပါ။ မင်္ဂလာစကားပြောပြီးပြီိဆိုရင်တော့ နှစ်ဖက်မိတ်က ဘယ်လောက်အရေအတွက်ရှိတယ်ဆိုတာ မေးမြန်းပါ။ မင်္ဂလာနေ့ရက် သတ်မှတ်ပါ။ လူဦးရေအရေအတွက် သိပြီးပြီ၊ မင်္ဂလာရက် သတ်မှတ်ပြီးပြီိဆိုရင်တော့ မင်္ဂလာဆွမ်းကျွေး လုပ်မှာလား၊ မင်္ဂလာဧည့်ခံပွဲရော လုပ်မလားဆိုတာ ဆုံးဖြတ်ပါ။ ပြီးရင်တော့ ဆောင်မယ့် ခန်းမ၊ ဟိုတယ်နေရာ သေချာ စုံစမ်းပါ။ စရံချထားရင် ပိုကောင်းပါတယ်။ မင်္ဂလာဆောင်ရာသီဆိုရင် နေရာတွေပြည့်နေတတ်တာကြောင့်ပါ။

မင်္ဂလာပွဲ ကျင်းပမယ့်နေရာ

စုံတွဲလေးတို့ ပထမဆုံး စီစဉ်ရမယ့် အချက်ကတော့ မင်္ဂလာပွဲ ကျင်းပမယ့်နေရာပါ။ ဘယ်နေရာမှာ ကျင်းပမလဲဆိုတာ အရင်ဆုံး စဉ်းစားပြီးမှသာ ခန်းမ ရွေးချယ်ပါ။ စုံတွဲလေးတို့ ခန်းမ နေရာ ရက် ရ မရ အရင်ဆုံး ဦးစားပေးရပါမယ်နော်။ ခန်းမ ရွေးချယ်တဲ့အခါမှာလည်း လူဦးရေကို အရင်ဆုံး တွက်ချက်ရမှာ ဖြစ်ပါတယ်။ လူဦးရေကို အကြမ်းဖျင်း တွက်ချက်ပြီးမှပဲ ခန်းမ ရွေးပါ။ လူဦးရေများပြီး ခန်းမက ကျဉ်းနေရင်၊ ခန်းမက ကျယ်ပြီး လူဦးရေ နည်းနေရင် ပွဲထွက်တဲ့အခါမှာ မလှနိုင်ပါဘူးနော်။ နေရာ ရွေးတဲ့အခါမှာ တိုင်ပျောက်တဲ့ ခန်းမ ရွေးဖို့လည်း မမေ့ပါနဲ့နော်။

သတို့သမီးမိတ်ကပ်

သတို့သမီးလေး မင်္ဂလာပွဲမှာ လှပနေဖို့ဆိုတာ မိတ်ကပ်က အရမ်းအရေးကြီးပါတယ်။ မိတ်ကပ်ဆရာတွေကလည်း ရက်ကြိုချိန်းပြီး ပြောထားမှ အဆင်ပြေမှာပါ။ မိတ်ကပ်မလှဘူးဆိုရင် ဓါတ်ပုံတွေထဲမှာပါ မလှနိုင်ဘူးလေ။ ကိုယ့်ရဲ့ တသက်မှာ တစ်ခါသာ ဆောင်ရတဲ့ မင်္ဂလာပွဲမှာ သတို့သမီးလေး မလှဘူးဆိုရင် တသက်လုံးတွေးမိတိုင်း စိတ်မကောင်း ဖြစ်နေရမှာပါ။ ဒါကြောင့် ဒုတိယ ဦးစားပေးအနေနဲ့ မိတ်ကပ်ကို ကြိုတင်ပြီး စီစဉ်ပါ။ မိတ်ကပ်စီစဉ်လိုက်ပြီဆိုရင် ဆံထုံး၊ လက်ဝတ်လက်စား၊ အရံတွေအတွက်ပါ အကုန်လုံး စီစဉ်ပြီးသား ဖြစ်သွားမှာပါနော်။

သတို့သမီးမိတ်ကပ် (photo: Bustle)

 ပွဲနေ့အတွက် ဓါတ်ပုံ

ဓါတ်ပုံတွေဆိုတာ နုပျိုခြင်းတွေကို ထာဝရ သိမ်းထားပေးမယ့်အရာပါ။ မင်္ဂလာပွဲမှာ ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့နုပျိုခြင်းတွေ သတို့သား သတို့သမီးလေးတို့ရဲ့ လှပနုပျိုခြင်း၊ မင်္ဂလာအမှတ်တရတွေကို အမြဲ သတိရနေစေမှာ ဓါတ်ပုံပါပဲနော်။ ဒါကြောင့် မင်္ဂလာပွဲအတွက် စီစဉ်တော့မယ်ဆိုရင် ဓါတ်ပုံကိုလည်း သေချာ အရင်ဆုံး စီစဉ်ပါ။ ဓါတ်ပုံကလည်း လက်ရာကောင်းတဲ့သူတွေဆိုရင် ကြိုတင်ပြီး ချိတ်ဖို့လိုတာကြောင့် ကိုယ်လိုချင်တဲ့ရက် ရဖို့ စီစဉ်ရမှာပါ။

စုံတွဲလေးတို့ မင်္ဂလာဆောင်အတွက်  စီစဉ်တော့မယ်ဆိုရင် အရင်ဆုံး စပြီး စီစဉ်ရမယ့် အချက်တွေကို ပြောပြပေးလိုက်ပါတယ်။ ဒီအချက်တွေ စီစဉ်ပြီးထားမှ စိတ်အေးရမှာပါ။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords