Advertisement

စုံတွဲလေးတို့ရဲ့ စေ့စပ်ပွဲမှာ ဧည့်သည်တွေကို ကျွေးမွေးဖို့အတွက် စဉ်းစားနေတယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အစားအစာလေးတွေနဲ့ ဧည့်ခံလို့ ရပါတယ်နော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲကြီး မတိုင်ခင်မှာ စေ့စပ်ပွဲလေး အရင်လုပ်ကြတယ်မလား၊ လူကြီးမိဘ စုံရာနဲ့ တင်တောင်းတဲ့ ပွဲလေးဆိုလည်း မမှားပါဘူးနော်။ စေ့စပ်ပွဲမှာလည်း ဖိတ်မယ့်ဧည့်သည်အရေအတွက်နဲ့ ပွဲလုပ်မယ့် အချိန်ပေါ်ကို မူတည်ပြီး ကျွေးမွေးမယ့် အစားအသောက်တွေကို ပြင်ဆင်ထားရမှာပါ။ စေ့စပ်ပွဲမှာ ဘာတွေကျွေးမွေးလို့ ရမလဲဆိုတာ ပြောပြမယ်နော်။

Tea Set

စုံတွဲလေးတို့ Tea Set ကတော့ စေ့စပ်ပွဲအတွက် အကောင်းဆုံး ဖြစ်သလို ရွေးချယ်မှုလည်း အများဆုံးပါ။ စေ့စပ်ပွဲကို အိမ်မှာကျင်းပတာပဲ ဖြစ်ဖြစ် ဟိုတယ်ခန်းမလို နေရာမျိုးမှာ ကျင်းပတာပဲ ဖြစ်ဖြစ် Tea Set ကတော့ အဆင်ပြေပြီး ဧည့်သည်တွေအတွက်လည်း သုံးဆောင်ရ လွယ်ကူစေပါတယ်။ စေ့စပ်ပွဲက လူဦးရေလည်း နည်းတာမလို့ ပေါ့ပေါ့ပါးပါး Tea Set စီစဉ်လို့ ရပါတယ်။

Tea Set  (photo: culinaryginger.com)

နေ့လည်စာ

စုံတွဲလေးတို့ စေ့စပ်ပွဲ လုပ်မယ့်အချိန်က မနက် (၁၀) နာရီကနေ (၁၂) လောက်အထိ ဆိုရင်တော့ နေ့လည်စာ ဧည့်ခံလို့ ရပါတယ်နော်။ စေ့စပ်ပွဲ စကားပြောဆိုပြီးပြီဆိုရင် နေ့လည် (၁၁) ခွဲလောက် ဖြစ်ပြီဆိုတော့ နေ့လည်စာ စားချိန်မလို့ နေ့လည်စာ ထမင်းနဲ့ဟင်း ဒါမှမဟုတ် ကြက်ဆီထမင်း၊ ဒံပေါက်လိုမျိုး ကျွေးလို့ ရပါတယ်။ ဧည့်သည်တွေအတွက်လည်း နေ့လည်စာက ပိုအဆင်ပြေနိုင်ပါတယ်နော်။ လူဦးရေနည်းလို့ Order သီးသန့် မမှာဖြစ်ဘူးဆိုရင်တောင် ကိုယ်တိုင်ချက်ကျွေးတာမျိုး လုပ်လို့ ရပါတယ်။

နေ့လည်စာ (photo: culinaryginger.com)

လက်ဖက်၊ကွမ်း

တချို့ ဒေသတွေမှာတော့ စေ့စပ်ပွဲ လုပ်တဲ့အခါမှာ လက်ဖက်၊ ကွမ်းကတော့ မပါမဖြစ် ဧည့်ခံရတဲ့ အကျွေးအမွေးတစ်ခုပါ။ လက်ဖက်နဲ့ ကွမ်း သီးသန့်ပဲ ကျွေးတာမျိုးလည်း ရှိတာမို့ သမီးရှင်ဘက်ကတော့ ဒေသအလိုက် ကျွေးမွေးဧည့်ခံမယ့် အစားအစာတွေကို ပြင်ဆင်ထားပါ။ လက်ဖက်နဲ့ ကွမ်းအပြင် တခြားကျွေးမွေးလို့ ရတာတွေလည်း စီစဉ်ထားရင်တော့ ပိုအဆင်ပြေပါတယ်။

ရေခဲမုန့်  (photo: culinaryginger.com)

ရေခဲမုန့်

ရေခဲမုန့်ကလည်း စေ့စပ်ပွဲမှာ ရွေးချယ်မှု အများဆုံး အကျွေးအမွေးတစ်မျိုးပါ။ ရေခဲမုန့်က ဧည့်သည်တွေလည်း ကြိုက်ကြတဲ့ အစားအစာမို့ ပိုပြီးအဆင်ပြေမှာပါ။ ရေခဲမုန့်ဆိုရင် ကိတ်မုန့်၊ အသီးအနှံတွေနဲ့ တွဲစပ်ပြီး ဧည့်ခံလို့ ရပါတယ်နော်။

စုံတွဲလေးတို့ရဲ့ စေ့စပ်ပွဲမှာ ဧည့်သည်တွေကို ကျွေးမွေးဖို့အတွက် စဉ်းစားနေတယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အစားအစာလေးတွေနဲ့ ဧည့်ခံလို့ ရပါတယ်နော်။

Tags: adviceengagementfood

Comments

0 comments