Advertisement

နှစ်ယောက်စလုံး မင်္ဂလာပွဲမှာ လိုတာထက်ပိုပြီး မကုန်ချင်ဘူး၊ လျှော့ချလို့ ရသမျှ လျှော့ချချင်တယ်ဆိုရင်တော့ ပိုက်ဆံအပိုမကုန်မယ့် နည်းလမ်းလေးတွေ သိထားသင့်တယ်နော်

ချစ်ကြတဲ့ ချစ်သူတိုင်း ပေါင်းဖက်ကြဖို့ စိတ်ကူးရှိကြတာချည်းပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်ပေါင်းဖက်တော့မယ်ဆိုရင် နှစ်ဖက်မိဘတွေနဲ့ အတူ မင်္ဂလာပွဲလေး လုပ်ဖို့ လိုတယ်လေနော်။ မင်္ဂလာပွဲ တစ်ပွဲစီစဉ်ရတာလည်း အကုန်အကျ များတာမို့ ချွေတာသင့်သလောက် ချွေတာဖို့ လိုပါတယ်။ နှစ်ယောက်စလုံး မင်္ဂလာပွဲမှာ လိုတာထက်ပိုပြီး မကုန်ချင်ဘူး၊ လျှော့ချလို့ ရသမျှ လျှော့ချချင်တယ်ဆိုရင်တော့ ပိုက်ဆံအပိုမကုန်မယ့် နည်းလမ်းလေးတွေ သိထားသင့်တယ်နော်။

ပိုက်ဆံအပိုမကုန်အောင် လုပ်လို့ရတာတွေ (photo: www.istockphoto.com/)

ပွဲအရေအတွက်

စုံတွဲလေးတို့ မင်္ဂလာပွဲအတွက် စီစဉ်တဲ့အခါမှာ ပွဲအရေအတွက်ကိုလည်း စဉ်းစားပါ။ မင်္ဂလာဆွမ်းကျွေး၊ လက်မှတ်ထိုး၊ မင်္ဂလာဧည့်ခံပွဲ၊ ညစာစားပွဲ အစရှိသလို အများကြီး မစီစဉ်ဘဲ ပွဲအရေအတွက်ကို ချုံ့ဖို့ တွေးပါ။ လက်မှတ်ထိုး၊ ဆွမ်းကျွေးကို တစ်ကြိမ်လုပ်ပြီး ဧည့်ခံပွဲကို တစ်မျိုးတည်း လုပ်တာက ကုန်ကျစရိတ်ကို လျှော့ချပြီးသား ဖြစ်စေပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ပွဲအရေအတွက်ကို ပေါင်းပါ။

ပန်းအပြင်အဆင် (photo: www.wildrabbitflowers.ca/)

ပန်းအပြင်အဆင်

ပန်းအပြင်အဆင်ဆိုတာလည်း ချဲ့ရင်ချဲ့သလောက် ကုန်ကျနိုင်တဲ့ အရာမို့ မင်္ဂလာပွဲမှာ ကုန်ကျစရိတ်အတွက် ချင့်ချိန်စဉ်းစားရမယ့် အချက်ပါ။ ပန်းအပြင်အဆင်နဲ့ ပတ်သက်ပြီး ချုံ့ရမှာတွေကတော့ စင်မြင့်တစ်ခုလုံး ပန်းတွေ အပြည့်ဖြစ်ချင်တာ၊ အစစ်တွေပဲ သုံးချင်တာ အစရှိတာတွေပါ။

အကူအညီတောင်းတဲ့အခါ

မင်္ဂလာပွဲအတွက် စီစဉ်စရာတွေ စီစဉ်တဲ့အခါမှာ ကိုယ်တိုင်ကိုယ်ကျ လုပ်ပါ။ အကူအညီတောင်းမယ်ဆိုရင် သူတို့အတွက် စဉ်းစားပေးရတာ၊ အားနာပြီး လက်ဆောင်တွေ ပေးတာ၊ မုန့်ဝယ်ကျွေးတာမျိုးနဲ့ ပိုပြီးတော့ ကုန်ကျနိုင်ပါတယ်။ ဒါကြောင့် အရမ်းအားနာရမယ့်သူတွေကို အကူအညီမတောင်းတာ အကောင်းဆုံးပါ။

သတို့သား၊ သတို့သမီးအရံ

စုံတွဲလေးတို့ မင်္ဂလာဆောင်မှာ ကုန်ကျစရိတ် ထပ်ပြီး လျှော့လို့ရမယ့် နေရာကတော့ သတို့သား၊ သတို့သမီးအရံပါ။ တချို့တွေကတော့ အပိုငွေတွေ မကုန်အောင် အရံတွေ မထည့်တာတောင် ရှိပါတယ်။ တချို့ကတော့ တစ်တွဲပဲ ထည့်ကြပါတယ်။ စုံတွဲလေးတို့ အရံတွေ လျှော့ချလိုက်မယ်ဆိုရင် မိတ်ကပ်၊ အဝတ်အစား၊ ဖိနပ် ကုန်ကျစရိတ် နည်းသွားမှာပါ။

မင်္ဂလာပွဲမှာ ပိုက်ဆံတွေ အပိုမကုန်ချင်ရင် ဒါတွေလျှော့နော်။

 

Comments

0 comments