Advertisement

လက်ထပ်ပွဲနဲ့ မင်္ဂလာပွဲတွေ စီစဥ◌်ကြတဲ့အခါ အလွဲလွဲအချော်ချော်မဖြစ်ရအောင် ဒီအချက်လေးတွေ အဓိက လိုအပ်တယ်နော်။ သေချာလေး စီစဥ◌်နိုင်ဖို့ အားစိုက်ပါ။

ကိုယ့်ရဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲနဲ့ လက်မှတ်ထိုးပွဲတွေမှာ ဘယ်သူကမှ အမှားအယွင်း ရှိစေချင်မှာ မဟုတ်ပါဘူးနော်။ အမှားအယွင်း မဟုတ်ရင်တောင် စိတ်အနှောင့်အယှက် ဖြစ်သွားစေမယ့် အချက်တွေပေါ့။ ဥပမာ- အစားအသောက် မလောက်ငှတာမျိုး၊ ပွဲထွက် နောက်ကျတာမျိုး အစရှိလိုသလိုပေါ့။ အခုလိုမျိုး လွဲချော်မှားတာတွေ မဖြစ်အောင် ဘယ်လိုစီစဉ်ရမလဲဆိုတာ ပြောပြပေးမယ်နော်။

စိတ်အေးအေးထားပါ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင် ကိစ္စတွေ စီစဉ်တဲ့အခါမှာ စိတ်အေးအေးထားဖို့ လိုပါတယ်။ အလောတကြီး လုပ်တာ၊ မြန်မြန်ဆုံးဖြတ်ချက် ချလိုက်တာမျိုး မလုပ်ပါနဲ့နော်။ တစ်နေရာပဲ စုံစမ်းပြီး အဲ့တစ်နေရာတည်းမှာပဲ အလုပ်အပ်လိုက်တာမျိုးပေါ့။ အဲဒီလိုတွေမလုပ်ဘဲ စိတ်ကို အေးအေးပဲထားပါ။

အဆင်မပြေတာမေ့ထားပါ

သတို့သမီးလေးရေ မင်္ဂလာပွဲမှာ မိတ်ကပ်စိတ်တိုင်းမကျတာ၊ ဝတ်စုံမပြေတာ စတဲ့ အဖုအထစ်တွေ ရှိလာခဲ့ရင်လည်း စိတ်ထဲ တစ်ချိန်လုံး မထည့်ထားပါနဲ့တော့။ အဆင်မပြေတာကိုပဲ ဆက်တိုက်တွေးနေမယ်ဆိုရင် ကျန်တာတွေပါ အဆင်မပြေတာတွေ ဖြစ်နေတတ်တာကြောင့်ပါ။ ဒါကြောင့် အချိန်မီ အဆင်ပြေအောင် လုပ်လို့ မရဘူးဆိုရင်တော့ မေ့ထားလိုက်ပါတော့နော်။

အဆင်မပြေတာမေ့ထားပါ

အဆင်မပြေတာမေ့ထားပါ

စိတ်ကြိုက်ဖြစ်မှ အလုပ်အပ်ပါ

မင်္ဂလာပွဲ စီစဉ်တယ်ဆိုတာ ကိုယ့်ရဲ့ တသက်စာ အမှတ်တရတွေ ဖန်တီးတာပါ။ ဒီတော့ သတို့သား၊ သတို့သမီးအကြိုက်ဖြစ်ဖို့ လိုပါတယ်။ ကိုယ်က ရိုက်ချင်တဲ့ ဓါတ်ပုံဆရာက တစ်ယောက်၊ သူများတွေက လှလို့ ရိုက်ပါလို့ ပြောထားတဲ့တစ်ယောက် ဘာကို ရွေးချယ်ရမယ် မသိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီမင်္ဂလာပွဲဟာ ကိုယ့်ရဲ့မင်္ဂလာပွဲလေးဖြစ်တဲ့အတွက် ကိုယ့်စိတ်ထဲရှိတာလေးသာ ရွေးချယ်စီစဉ်ဖို့ အကြံပြုလိုက်ပါတယ်။ စိတ်ထဲ သိပ်မကြိုက်တာကို လက်ခံလိုက်ပြီးမှ စိတ်ထဲမှာ အဆင်မပြေနေဘူးဆိုရင် မင်္ဂလာပွဲလေးမှာ အဆင်မပြေနိုင်ပါဘူးနော်။

စိတ်ကြိုက်ဖြစ်မှ အလုပ်အပ်ပါ

စိတ်ကြိုက်ဖြစ်မှ အလုပ်အပ်ပါ

တိုင်ပင်ပါ

မင်္ဂလာပွဲလေးက သတို့သမီးလေးစိတ်ကြိုက် ပြုလုပ်တယ်ဆိုပေမယ့် သတို့သားလေးကို ကိစ္စတွေ ပြောပြဖို့ မမေ့ပါနဲ့။ သူ ကြိုက်လောက်မှာပါ။ ကိုယ့်ဘာသာပဲ ဆုံးဖြတ်လိုက်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။ နှစ်ဦးသား အဆင်မပြေတာတွေ ဖြစ်တတ်တာကြောင့်ပါ။ ဒါကြောင့် သတို့သား အလုပ်များလည်း တိုင်ပင်စရာ ရှိတာတွေ တိုင်ပင်ပါ။

ချစ်တို့ရေ လက်ထပ်ပွဲနဲ့ မင်္ဂလာပွဲတွေ စီစဥ◌်ကြတဲ့အခါ အလွဲလွဲအချော်ချော်မဖြစ်ရအောင် ဒီအချက်လေးတွေ အဓိက လိုအပ်တယ်နော်။ သေချာလေး စီစဥ◌်နိုင်ဖို့ အားစိုက်ပါ။

Comments

0 comments