မင်္ဂလာပွဲ စီစဉ်နေချိန်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာကိစ္စတွေ စီစဉ်နေရင်းနဲ့ ရန်ဖြစ်တာ၊ စိတ်ဆိုးတာတွေ စိပ်လာပြီး မဆောင်ချင်တော့ဘူး၊ မယူချင်တော့ဘူးအထိ ဖြစ်နိုင်ပါတယ်။

မင်္ဂလာပွဲ စီစဉ်နေချိန်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ။ မင်္ဂလာပွဲ စီစဉ်ချိန်ဆိုတာ စုံတွဲလေးတို့ကြားမှာ အခက်အခဲတွေ ကြုံရနိုင်တဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။ မင်္ဂလာဆောင်တယ်ဆိုတာ မိသားစု(၂) စု ပေါင်းစည်းတာ ဖြစ်လို့ အဆင်မပြေတာတွေတော့ ကြုံရနိုင်ပါတယ်။ ဒီတော့ ဘယ်လိုပြဿနာမျိုးတွေ ကြုံရနိုင်လဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိရင် ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့။

မင်္ဂလာပွဲ စီစဉ်နေချိန်မှာ (photo: www.davidsbridal.com)

နှစ်ဖက်မိဘ ညှိနှိုင်းမရတာ

မင်္ဂလာပွဲ စီစဉ်ချိန်မှာ မဖြစ်မနေ ကြုံတွေ့ရနိုင်တာကတော့ နှစ်ဖက်မိဘနဲ့ အဆင်မပြေတာတွေပါ။ နှစ်ဖက်မိဘတွေက တစ်ယောက်တစ်မျိုးစီ စီစဉ်၊ လိုချင်ကြတာမျိုး၊ ကိုယ်စီစဉ်တာကို မကြိုက်ကြတာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ စိတ်ဆိုး ရန်ဖြစ်နေတာမျိုး မလုပ်ဘဲ ကိုယ့်ရဲ့မိဘကိုသာ ကိုယ်တိုင် ပြေလည်အောင် ညှိနှိုင်းပါ။

စုံတွဲလေးတို့ စကားများတာ (photo: danviet.vn)

ဝေဖန်စွက်ဖက်တာ

မင်္ဂလာပွဲမှာ အကြံပေးတာကိုပဲ လက်ခံပါ။ ဝင်ရောက် စွက်ဖက်တာ၊ ဝေဖန်တာတွေကိုတော့ လက်မခံပါနဲ့။ မင်္ဂလာဆောင်ပြီးနောက်မှာ ဒီအမှတ်တရတွေကို စုံတွဲလေးတို့က အမှတ်အရဆုံးနဲ့ အခံစားရဆုံး ဖြစ်မှာပါ။ ဒါကြောင့် မင်္ဂလာပွဲမှာ ကိုယ့်စိတ်ကြိုက်သာ စီစဉ်ပါ။ ဝေဖန်တာတွေ၊ စွက်ဖက်တာတွေကြောင့် စိတ်ညစ်ရတာမျိုး မရှိပါစေနဲ့။ Pre wedding ဆိုလည်း ကိုယ့်စိတ်ထဲ ကြိုက်တဲ့ဆိုင်မှာ ရိုက်ပါ။ ဟိုလူက ဒီလိုပြောလို့ ဒီလူက ဟိုလိုပြောလို့ဆိုပြီး မရိုက်ဖြစ်ဘဲ နောင်မှ ရိုက်လိုက်ရ ကောင်းသားဆိုပြီး နောင်တ ရရင် ကိုယ်ပဲ စိတ်ညစ်ရမှာပါ။ နောက်ပြီး Pre wedding ပုံတွေရလာရင်လည်း မလှဘူး ဆိုပြီးဝေဖန်လာရင်လည်း စိတ်ထဲ မထားပါနဲ့နော်။

စီစဉ်နေချိန်မှာ (photo: http://danviet.vn)

စုံတွဲလေးတို့ စကားများတာ

စုံတွဲလေးတို့ အချင်းချင်း စကားများတာ၊ ရန်ဖြစ်တာတွေ မင်္ဂလာဆောင်အတွက် စီစဉ်နေချိန်မှာ ကြုံနိုင်ပါတယ်။ ရန်ဖြစ်တာ၊ စိတ်ဆိုးတာတွေ စိပ်လာပြီး မဆောင်ချင်တော့ဘူး၊ မယူချင်တော့ဘူးအထိ ဖြစ်နိုင်ပါတယ်။ ဒါတွေက ယူခါနီး စုံတွဲလေးတိုင်း ဖြစ်တတ်ကြပြီး ယူပြီးသွားရင် အားလုံးအဆင်ပြေသွားမှာပါ။ သတို့သမီးလေးကလည်း စီစဉ်ချင်တာတွေများ၊ စိတ်အပူလွန်ပြီး သတို့သားလေးကိုပဲ အပူကပ် ပြဿနာ ရှာမိနေတာမျိုး ဖြစ်နိုင်တာမို့ သတို့သားလေးတို့ကလည်း အတတ်နိုင်ဆုံး လိုက်လျောပြီး စိတ်လျှော့ဖို့ ပြင်ဆင်ထားပါ။ သတို့သမီးလေးကလည်း ဖြစ်ချင်တာတွေ မများပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေကိုသာ ချင့်ချိန်ပြီး ဆောင်ရွက်ပါနော်။

မင်္ဂလာပွဲ စီစဉ်နေချိန်မှာ ကြုံရနိုင်တဲ့ ပြဿနာတွေကို သိပြီးပြီဆိုရင်တော့ ဖြေရှင်းရမယ့် နည်းလမ်းတွေကို ကြိုတွေးထားလို့ ရပါပြီနော်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords