Advertisement

ချစ်တို့ရေ မင်္ဂလာဆောင်စီစဥ◌်ဖို့ အလုပ်မရှုပ်ချင်ဘူးဆိုရင် ကိုယ့်ပွဲကို အစအဆုံး စီစဥ◌်ပေးမယ့် Planner တွေရှိနေတာမလို့ စိတ်ကြိုက်ရွေးချယ်လို့ ရတယ်နော်။

စုံတွဲလေးတို့ရေ ခုနောက်ပိုင်းမှာ မင်္ဂလာပွဲကို ကိုယ်တိုင်စီစဉ်စရာ မလိုဘဲ မင်္ဂလာပွဲကို အစအဆုံး စီစဉ်ပေးမယ့် Planner ရှိလာပါပြီ။ စုံတွဲလေး တော်တော်များများလည်း Wedding Planner နဲ့ မင်္ဂလာပွဲ စီစဉ်ကြပါတယ်။ Wedding Planner နဲ့ စီစဉ်တဲ့အခါ အားသာချက်နဲ့ အားနည်းချက်တွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ရအောင်နော်။

Budget ညှိလို့ ရမယ်

စုံတွဲလေးတို့ Planner အပ်မယ်ဆိုရင်တော့ ကုန်ကျခံနိုင်မယ့် ကုန်ကျစရိတ်ကို ညှိလို့ရမှာ ဖြစ်ပါတယ်။ နောက်ပြီး Planner တွေက ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းတွေနဲ့ အကျွမ်းတဝင် ရှိပြီးသားမို့ ဘယ်ဝန်ဆောင်မှုတွေက ပိုကောင်းပြီး ဈေးနှုန်းသင့်တင်တယ်ဆို သိပြီးသားပါ။ ဒါကြောင့်ကုန်ကျစရိတ်လည်း မကုန်သင့်တာတွေ မကုန်တာမျိုး ဖြစ်မှာပါ။

Budget ညှိလို့ ရမယ်

Budget ညှိလို့ ရမယ်

ကိုယ်တိုင်စီစဉ်စရာ မလိုဘူး

စုံတွဲလေးတို့ Planner အပ်မယ်ဆိုရင် ကိုယ်တိုင်စီစဉ်စရာ မလိုတဲ့အတွက် အချိန်ကုန် သက်သာမှာ ဖြစ်သလို ဝန်ဆောင်မှုတွေ တစ်ခုချင်းစီ ကိုယ်တိုင်ကိုယ်ကျ စုံစမ်းနေစရာ မလိုတော့ပါဘူး။ ဒီအချက်ကြောင့်ပဲ စုံတွဲလေးတို့ planner အပ်တာလေနော်။ ဒီတော့ စုံတွဲလေးတို့ အလုပ်အပျက်ခံ ဆောင်ရွက်စရာ မလိုတော့ဘဲ ခမ်းနားတဲ့ မင်္ဂလာပွဲလေး ကျင်းပလို့ ရနိုင်မှာပါ။ ကိုယ်တိုင် ဝန်ဆောင်မှုတွေဆီ သွားစရာမလိုတော့ဘူးပေါ့။

ကိုယ်တိုင်စီစဉ်စရာ မလိုဘူး

ကိုယ်တိုင်စီစဉ်စရာ မလိုဘူး

ကုန်ကျစရိတ်

စုံတွဲလေးတို့အနေနဲ့ Planner အပ်တယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျစီစဉ်တာထက်တော့ ကုန်ကျစရိတ် နည်းနည်း ပိုလာနိုင်ပါတယ်။ ဝန်ဆောင်ခ စရိတ်ပိုလာနိုင်ပါတယ်။ ဒီအချက်ကိုတော့ ကြိုတွက်ထားရမှာပါ။

မင်္ဂလာဆောင်စီစဥ◌်ဖို့ အလုပ်မရှုပ်ချင်ရင်

မင်္ဂလာဆောင်စီစဥ◌်ဖို့ အလုပ်မရှုပ်ချင်ရင်

Planner ပွဲနေ့မလာနိုင်တာ

နောက်တစ်ခုက ကိုယ်အပ်မယ့် planner မှာ လူခွဲရှိလားဆိုတာပါ။ တချို့ဆိုရင် ပွဲရက်ရောက်မှ Planner က ပွဲကူးရတာတွေ ဖြစ်ပြီး အချိန်ပြည့် မနေနိုင်တာမျိုး၊ နေမကောင်းလို့ပဲ ဖြစ်ဖြစ် မလာနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုတွေ ဖြစ်လာရင် စိတ်မညစ်ရအောင် ဘယ်လိုဝန်ဆောင်မှုတွေနဲ့ ချိတ်ထားလဲဆိုတာ နည်းနည်းပါးပါး သိထားပေးနော်။ ဒါဆိုရင် စီစဉ်ရ အဆင်ပြေမှာပါ။

ချစ်တို့ရေ မင်္ဂလာဆောင်စီစဥ◌်ဖို့ အလုပ်မရှုပ်ချင်ဘူးဆိုရင် ကိုယ့်ပွဲကို အစအဆုံး စီစဥ◌်ပေးမယ့် Planner တွေရှိနေတာမလို့ စိတ်ကြိုက်ရွေးချယ်လို့ ရတယ်နော်။

Comments

0 comments