Advertisement

စီစဉ်နေရင်း မှားတတ်တဲ့ အမှားတွေ သိထားမှ ဖြစ်မှာပါ။ မင်္ဂလာပွဲအတွက် စီစဉ်နေရင်း ဘယ်လိုအမှားတွေ အဖြစ်များလဲဆိုတာ ကြိုတင်သိထားရမှာပါနော်

စုံတွဲလေးတို့ မင်္ဂလာပွဲအတွက် အကောင်းဆုံးပဲ ဖြစ်ချင်ပြီး အကောင်းဆုံး၊ အလှဆုံးတွေပဲ စီစဉ်ထားမှာ သေချာပါတယ်။ မင်္ဂလာပွဲအတွက် စီစဉ်နေရင်း မှားတတ်တဲ့ အမှားတွေ သိထားမှ ဖြစ်မှာပါ။ မင်္ဂလာပွဲအတွက် စီစဉ်နေရင်း ဘယ်လိုအမှားတွေ အဖြစ်များလဲဆိုတာ ကြိုတင်သိထားရမှာပါနော်။

မင်္ဂလာပွဲအတွက် စီစဉ်နေရင်း မှားတတ်တာတွေ (photo: weddingbee.com)

ကုန်ကျစရိတ်အရင်မတွက်ဘဲ Plan ချတာ

စုံတွဲလေးတို့ ကုန်ကျစရိတ်ကို အရင်မတွက်ဘဲ၊ ကိုယ့်ရဲ့ ကုန်ကျနိုင်မယ့် ပမာဏကို မကြည့်ဘဲ Plan တွေ ချတာမျိုး ရှောင်ပါ။ ဒါဟာ မင်္ဂလာပွဲအတွက် စစီစဉ်ကတည်းက မှားတတ်တဲ့အမှားပါ။ ကုန်ကျစရိတ် မတွက်ခင်မှာ ကိုယ်မှန်းထားတဲ့ ပမာဏကိုပဲ အရင်တွက်ပါ။ ပြီးမှသာ Plan ချပါ။

အကုန်မစုံစမ်းတာ

တချို့ စုံတွဲလေးတွေက ဝန်ဆောင်မှုတွေကို (၂) ခု (၃) ခုလောက် စုံစမ်းပြီးတာနဲ့ ဆက်ပြီး မစုံစမ်းတော့ဘဲ အဆင်ပြေမယ်ထင်တာနဲ့ တန်းပြီး ရွေးချယ်တာတွေ ရှိပါတယ်။ ဒါက မှားပါတယ်နော်။ ကိုယ့်ရဲ့ မင်္ဂလာပွဲမှာ ဈေးအသက်သာဆုံးနဲ့ အကောင်းဆုံး ဖြစ်ဖို့ အကုန်စုံစမ်းဖို့ လိုပါတယ်။

ကုန်ကျစရိတ်အရင်မတွက်ဘဲ Plan ချတာ (photo: weddingbee.com)

အချိန်ဆွဲတာ

စုံတွဲလေးတို့ မင်္ဂလာဆောင်အတွက် စီစဉ်နေချိန်အတွင်းမှာ အချိန်ဆွဲတာမျိုး မလုပ်ပါနဲ့နော်။ စုံတွဲလေးတို့ အချိန်ဆွဲတာမျိုး လုပ်မယ်ဆိုရင် အချိန်မမီတာ၊ ကိုယ်လိုချင်တဲ့သူနဲ့ မိတ်ကပ်မပြင်ရတာ၊ လိုချင်တဲ့ Promotion မရလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ အနားနီးကပ်မှ မစီစဉ်ပါနဲ့။

ဝတ်စုံ အစောကြီး မစီစဉ်ပါနဲ့

သတို့သမီးလေးတို့ မင်္ဂလာဝတ်စုံနဲ့ ပတ်သက်ပြီး အစောကြီး စီစဉ်တာမျိုးလည်း မလုပ်ပါနဲ့။ ဝတ်စုံအစောကြီး စီစဉ်ထားတယ်ဆိုရင် အသစ်ထပ်ထွက်ရင် ထပ်လိုချင်တာ၊ Update မဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဝတ်စုံနဲ့ ပတ်သက်ပြီး စုံစမ်းစရာ ရှိတာပဲ စုံစမ်းထားပြီး အစောကြီး အပ်နှံတာမျိုး မလုပ်လိုက်ပါနဲ့။

ဧည့်သည်တွေ အများကြီး ဖိတ်တာ (photo: weddingbee.com)

ဧည့်သည်တွေ အများကြီး ဖိတ်တာ

ဧည့်သည်တွေ အများကြီး မဖိတ်နဲ့လို့ မဆိုလိုပါဘူးနော်။ ဒါပေမယ့် ကိုယ်နိုင်တဲ့ ဝန်ကိုပဲ ဖိတ်ပါ။ တချို့ဆို ဖိတ်စာတွေ အများကြီး၊ ဖိတ်ထားတာလည်း အများကြီးဖြစ်ပြီး ခန်းမ နေရာမဆံ့တာ၊ အကျွေးအမွေး မလောက်တာမျိုး ဖြစ်တတ်တာကြောင့်ပါ။ မင်္ဂလာပွဲအတွက် စီစဉ်တဲ့အခါ ဖိတ်မယ့် ဧည့်သည်အရေအတွက်ကို မမေ့လိုက်ပါနဲ့နော်။

စုံတွဲလေးတို့ မင်္ဂလာပွဲ စီစဉ်နေရင်း မှားတတ်တဲ့ အချက်တွေ သိပြီးပြီဆိုရင်တော့ သေချာပြင်ဆင်ထားတော့နော်။

Comments

0 comments