Advertisement

စုံတွဲလေးတို့ရေ ပန်းအပြင်အဆင်မှာ Photo Booth ထည့်မယ်ဆိုရင်တော့ ဒီအချက် (၃) ချက်ကို ထည့်သွင်း စဉ်းစားပါနော်။ အဲဒါမှ ကိုယ့်ရဲ့ Photo Booth လေးက လှပနေမှာပါ။

စုံတွဲလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာပွဲလေး ကျက်သရေရှိရှိ ခမ်းနားလှပပြီး စိတ်တိုင်းကျတဲ့ အပြင်အဆင် ရချင်တယ်ဆိုရင်တော့ ပန်းအပြင်အဆင် အပ်တဲ့အခါ သိထားရမှာတွေ အများကြီး ရှိပါတယ်။ အသေးစိပ် သိထားမှလည်း ပွဲနေ့မှာ တစ်နေရာမှ မလစ်ဟင်းမှာပါ။ မင်္ဂလာပွဲအတွက် ပန်းအပြင်အဆင်အကြောင်း စတင်စဉ်းစားပြီဆိုရင်တော့ Photo Booth ကို မေ့ထားလို့ မရဘူးနော်။

Photo Booth အတွက်ပြင်တော့မယ်ဆိုရင်

စုံတွဲလေးတို့ရေ ပန်းအပြင်အဆင် အကြောင်းစဉ်းစားပြီဆိုရင် Photo Booth ထည့်မလားဆိုတာ စဉ်းစားပါ။ အကယ်လို့ Photo Booth ထည့်မယ်ဆိုရင်တော့ Photo Booth နဲ့ ပတ်သက်တဲ့ အပြင်အဆင်တွေနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်နော်။ ပုံကြီးထည့်မယ့် ဓါတ်ပုံ ရွေးတဲ့အခါမှာ ပန်းအပြင်အဆင် ပြင်ပေးမယ့်သူနဲ့ တိုင်ပင်ပါ။ ဒါမှ ပန်းအပြင်အဆင်တွေနဲ့ ဓါတ်ပုံနဲ့ လိုက်ဖက်မှာပါ။ တချို့က Photo Booth မှာ ထားထားတဲ့ ဝတ်စုံအရောင်၊ နောက်ခံ အရောင်နဲ့ ပန်းအပြင်အဆင် မလိုက်တာတွေ ဖြစ်ပြီး Photo Booth က သက်သက်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီ အချက်လေး သတိထားပေးနော်။

နောက်တစ်ခုကတော့ Photo Booth အတွက် ဓါတ်ပုံအကြီးထုတ်တဲ့အခါမှာလည်း ကိုယ်ရိုက်ခဲ့တဲ့ စတူဒီယိုကိုပဲ ပုံအကြီး ထုတ်ခိုင်းပါ။ အဲဒါမှ Quality ကောင်းကောင်းလေး ရမှာပါ။ သူတို့ကသာ နားအလည်ဆုံးမို့ ပိုစိတ်ချရပါတယ်နော်။ မဟုတ်ရင် အဆင်မပြေတာတွေ ဖြစ်နိုင်တာကြောင့်ပါ။ Photo Booth အတွက် အရည်အသွေး ကောင်းတာ မရဘူးဆိုရင်တော့ အရောင်မလှတာ၊ ဓါတ်ပုံရိုက်တဲ့အခါ ပုံက ရှင်းရှင်းလင်းလင်း မမြင်ရတာမျိုး ဖြစ်တတ်ပါတယ်နော်။

Photo Booth ပတ်ပတ်လည်မှာ ပြင်ဆင်မယ့် ပန်းအပြင်အဆင်အရောင် ဒါမှမဟုတ် ပိတ်စရဲ့ အရောင်ကိုလည်း သိထားဖို့လည်း လိုပါတယ်။ ဓါတ်ပုံအနားမှာ ပြင်ဆင်မယ့်အရောင်တွေနဲ့ လိုက်ဖက်မှု ရှိမှသာ အပြင်အဆင်က ကြည့်ကောင်းမှာ ဖြစ်သလို စုံတွဲလေးတို့ Photo Booth နဲ့ တွဲရိုက်တဲ့အခါမှာလည်း လှပမှာပါ။

စုံတွဲလေးတို့ရေ ပန်းအပြင်အဆင်မှာ Photo Booth ထည့်မယ်ဆိုရင်တော့ ဒီအချက် (၃) ချက်ကို ထည့်သွင်း စဉ်းစားပါနော်။ အဲဒါမှ ကိုယ့်ရဲ့ Photo Booth လေးက လှပနေမှာပါ။

photo: To – My Dear Floral Service & Wedding Event Planning

Comments

0 comments