Advertisement

စုံတွဲလေးတို့ရေ မင်္ဂလာပွဲကို အချိန်(၁) နှစ်ယူပြီး စီစဉ်မယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေကို လအလိုက် စီစဉ်ပေးနော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲကို အချိန်ဘယ်လောက်ယူပြီး စီစဉ်မယ် တွေးထားလဲ၊ မင်္ဂလာပွဲ စီစဉ်တဲ့အခါမှာ အချိန်ယူပြီး စီစဉ်ဖို့ လိုပါတယ်နော်။ တချို့စုံတွဲလေးတွေကတော့ မင်္ဂလာပွဲကို (၆) လလောက် အချိန်ယူပြီး စီစဉ်ကြပေမယ့် တချို့ကတော့ (၆) လလောက် အချိန်ယူပြီး စီစဉ်ကြပါတယ်။ မင်္ဂလာပွဲ စီစဉ်တဲ့အခါမှာ အချိန် (၁) နှစ်ယူပြီး ပြင်ဆင်တယ်ဆိုရင် လအလိုက် ပြင်ဆင်ရမှာတွေ ရှိပါတယ်။ ဘယ်အချက်တွေကို လအလိုက် စီစဉ်ရမလဲဆိုတာ ပြောပြမယ်နော်။

မင်္ဂလာပွဲ မစခင် (၁၂) လအလို

မင်္ဂလာပွဲ မစခင် (၁၂) လအလိုဆိုတာကတော့ မင်္ဂလာပွဲ ပထမဆုံး စတင်စီစဉ်မယ့် အချိန်ပါပဲ။ မင်္ဂလာပွဲ စလုပ်မယ်လို့ တွေးမိတဲ့ လအစမှာ ပထမဆုံး လုပ်ဆောင်ရမှာကတော့ ကုန်ကျစရိတ် တွက်ချက်ခြင်းပါ။ ကိုယ်ဘယ်လောက်ကုန်ကျနိုင်မလဲဆိုတာကို အရင်ဆုံး တွက်ပါ။ ကုန်ကျခံနိုင်မယ့် ကုန်ကျစရိတ်တွေ သိရပြီဆိုရင်တော့ ဟိုတယ်ကို ကြိုချိတ်ပါ။ စရံပေးပြီးပြီဆိုရင် အခမ်းအနားမှူးလည်း ကြိုချိတ်ပါ။

မင်္ဂလာပွဲ မစခင် (၁၁) လအလို

စုံတွဲလေးတို့ (၁၁) လအလိုမှာတော့ မိတ်ကပ်ပိုင်းကို သေချာလေး ဂရုစိုက်ပါ။ သတို့သမီးလောင်းလေးတို့ နာမည်ကြီး မိတ်ကပ်ဆရာနဲ့ ပြင်ချင်တယ်ဆိုရင်တော့ ခုလို (၁၁) လလောက် အလိုတည်းက ကြိုတင်ပြီးတော့ ချိတ်ထားဖို့ လိုပါတယ်။ အရင်ဆုံး ကြိုချိတ်ပေးနော်။

မင်္ဂလာပွဲ မစခင် (၁၀) လအလို

(၁၀) လလောက် အလိုမှာတော့ ဝတ်စုံအတွက် ပြင်ဆင်ထားသင့်ပါပြီနော်။ ဒီအချိန်ကစလို့ ဒီဇိုင်နာ ရွေးတာတွေ စတင်ပြီး လုပ်ပါ။ ဒီဇိုင်နာ ရွေးတာ၊ ဒီဇိုင်းရွေးတာတွေ လုပ်ပါ။ ဒါဆိုရင် ဒီဇိုင်နာလည်း အချိန်ရသလို စုံတွဲလေးတို့လည်း ကြိုရှာ၊ ကြိုအပ်မို့ စိတ်အေးရမှာပါနော်။

theknot.com

မင်္ဂလာပွဲ မစခင် (၉) လအလို

မင်္ဂလာပွဲ မစခင် (၉) လလောက်အလိုမှာ သတို့သမီးလောင်းလေးတို့ Pre wedding ရိုက်ဖို့အတွက် စပြီး ရွေးချယ်ထားလို့ ရပါပြီ၊ ရိုက်မယ့်နေရာ၊ စတူဒီယိုတွေ သေချာလေး ရွေးပါ။ သေချာ စုံစမ်းပြီးပြီဆိုရင်တော့ ကိုယ်ရိုက်မယ့် စတူဒီယိုကို စရံချတာမျိုး လုပ်ပါ။

မင်္ဂလာပွဲ မစခင် (၈) လအလို

(၈) လလောက် အလိုဆိုရင်တော့ Pre wedding outdoor ရိုက်မယ်ဆိုရင် ရိုက်ထားပါ။ Pre wedding ကို outdoor ရိုက်တာက အချိန်လည်း ကြာသလို ပိုပြီးလည်း ပင်ပန်းပါတယ်။ အနီးကပ်မှ ရိုက်ပြီး ဖျားနာတာမျိုး၊ အသားအရေ ပျက်စီးတာမျိုး ဖြစ်မယ်ဆိုရင် ပြန်လည်ပြင်ဆင် ကုသနိုင်ဖို့အတွက် အချိန်မရှိမှာ စိုးတာကြောင့်ပါ။ ဒါကြောင့် outdoor ဆိုရင် ကြိုရိုက်ပါ။

ပန်းအပြင်အဆင် (photo: gamttep.com)

မင်္ဂလာပွဲ မစခင် (၇) လ အလို

(၇) လလောက် ဆိုရင်တော့  ပန်းအပြင်အဆင်တွေ အပ်ဖို့ စုံစမ်းပါ။ ပန်းအပြင်အဆင်ကလည်း မင်္ဂလာပွဲ တစ်ခုလုံး ကြီးကျယ်ခမ်းနားစေမယ့်အရာမို့ အကောင်းဆုံး ဖြစ်ဖို့ လိုပါတယ်။ ကိုယ်ကုန်ကျခံနိုင်မယ့် စရိတ်ကို တွက်ချက်ပြီး ပန်းအပြင်အဆင် လုပ်ပေးမယ့်သူတွေနဲ့ ညှိပါ။ ပန်းပြင်တဲ့ ပုံစံလေးတွေ ရှာထားပါ။ ဒါမှ ကိုယ့်ပွဲမှာ အလှဆုံး ဖြစ်နေမှာပါ။

မင်္ဂလာပွဲ မစခင် (၆) လအလို

မင်္ဂလာပွဲ မစခင် (၆)  လအလိုမှာတော့ Pre wedding Indoor ရိုက်မယ်ဆိုရင် ရိုက်ထားပါနော်။ ပုံတွေရဖို့ကလည်း တစ်လခွဲလောက် စောင့်ရတယ်ဆိုတော့ ဒီလောက်ရိုက်မှ ပွဲမှာ stand တွေနဲ့ ထားမယ်ဆို အဆင်ပြေမှာပါ။

မင်္ဂလာပွဲ မစခင် (၅) လအလို

ဖိတ်စာ ရွေးဖို့ ပြင်ဆင်ထားလို့ ရပါပြီနော်။ ဖိတ်စာကလည်း ဆိုင်နာမည်ကြီးရင် ကြီးသလို စောင့်ရတတ်ပါတယ်။ နောက်ပြီး စုံတွဲလေးတို့လည်း ငွေပမာဏ ချိန်ပြီး ရှာရမယ်မလား၊ ဒီဇိုင်းလည်း ရွေးရမှာနဲ့ဆိုတော့ ဒီလကတည်းက ပြင်ဆင်ထားဖို့ လိုပါတယ်။

ဝတ်စုံ (photo: www.suzanneneville.com)

မင်္ဂလာပွဲ မစခင် (၄) လအလို

စုံတွဲလေးတို့ တီးဝိုင်း၊ အခါတော်ပေး ငှားမယ်ဆိုရင် ဒီအချိန်လောက်မှာ ချိတ်ပါ။ ချိတ်ပြီးသားဆိုရင်လည်း  စရံချတာမျိုး သေချာအောင် လုပ်ထားပါ။ အရံတွေ ရွေးပါ။ အရံတွေအတွက် ဝတ်စုံ ချုပ်တာတွေ စီစဉ်ပါ။ ကိုယ့်ရဲ့ဝတ်စုံလည်း ဒီဇိုင်နာနဲ့သေချာ ပြောပြီး ဘယ်အချိန်လက်ထဲ ရောက်မလဲ ဆိုတာတွေ မေးပါ။

မင်္ဂလာပွဲ မစခင် (၃) လ အလို

ဒီအချိန်မှာဆိုရင်တော့ သတို့သမီးလေးတို့ အလှအပကို ဂရုစိုက်ဖို့ လိုပါပြီနော်။ ဆံပင်နဲ့ မျက်နှာ အသားအရေကို treatment လုပ်တာတွေ ပြင်ဆင်ထားပါ။ Skin care အသစ်တွေ မသုံးပါနဲ့တော့နော်။

မင်္ဂလာပွဲ မစခင် (၂) လအလို

မင်္ဂလာပွဲ မစခင် (၂) လ အလိုမှာတော့ Pre wedding ပုံတွေ ရွေးတာ၊ ပွဲမှာ ထားဖို့အတွက် ပုံတွေ ရွေးချယ်တာနဲ့ တခြား ဝန်ဆောင်မှုတွေဆီ remind ပြန်လုပ်ပါ။ မိတ်ကပ်နဲ့ ဆံထုံး အစမ်းပြင်ကြည့်တာတွေ လုပ်ထားလို့ ရပါပြီနော်။

မင်္ဂလာပွဲ မစခင် (၁)  လအလို

စုံတွဲလေးတို့ (၁) လ လောက် အလိုမှာတော့ ဖိတ်ရမယ့် လူဦးရေတွက်ချက်ပြီး ဖိတ်စာတွေ စပြီး ဖိတ်ပါ။ စိတ်ဖိစီးမှုတွေ လျှော့ချထားပါ။ ပွဲအတွက် တစ်ခုချင်းပြန်စစ်ပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲကို အချိန်(၁) နှစ်ယူပြီး စီစဉ်မယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေကို လအလိုက် စီစဉ်ပေးနော်။

 

Comments

0 comments