Advertisement

မင်္ဂလာဆောင်ဖို့ တပတ်လောက် အလိုမှာ စုံတွဲလေးတို့ ဆင်ခြင်သင့်တာတွေ၊ လုပ်သင့်တာတွေ သိရပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားရင် ပွဲနေ့ အဆင်ပြေမှာပါ။

သတို့သားလောင်း၊ သတို့သမီးလောင်းတို့ရေ မင်္ဂလာဆောင်ဖို့အတွက် တပတ်လောက်အလိုမှာတော့ အားလုံး အဆင်သင့် ဖြစ်သင့်နေပါပြီနော်။ မင်္ဂလာဆောင်ပွဲတစ်ပွဲ လုပ်ဖို့အတွက် အားလုံး အားခဲပြီး သေချာ ပြင်ဆင်ခဲ့ရတယ်မလား၊ အဲဒီလို အပြင်အဆင်တွေသေချာပြင်ဆင်ထားတဲ့ ပွဲမှာ ဘာတစ်ခုမှ လွဲချော်လို့ မရဘူးနော်။ ဒီတေ့ာ စုံတွဲလေးတို့ ဆင်ခြင်သင့်တာတွေလည်း ရှိပါတယ်။ မင်္ဂလာပွဲနေ့မှာ အဆင်ပြေပြေ ပွဲထွက်နိုင်ဖို့အတွက်ပေါ့။

 အရက်သောက်တာ

မင်္ဂလာပွဲနား နီးပြီဆိုရင်တော့ ပွဲတွေတက်ရတဲ့အခါပဲ ဖြစ်ဖြစ်၊ သောက်ချင်လို့သောက်တာပဲ ဖြစ်ဖြစ် အရက်၊ ဘီယာ သောက်တာကို ရှောင်ပါနော်။ ခန္ဓာကိုယ်မှာ ရေဓါတ်ခမ်းခြောက်ပြီး လူနုံးပြီး ဖျားနာတာမျိုး ဖြစ်နိုင်တဲ့အပြင် စိတ်မကြည်လင်တာတွေနဲ့ ရက်နဲ့အညီ ဆွဲထားတဲ့ Plan တွေ လွဲမှာစိုးတာကြောင့်ပါ။ သတို့သားလောင်းတို့ သေချာ သတိထားဖို့ လိုတယ်နော်။

ဆံပင်

သတိုသားလောင်းလေးရော၊ သတို့သမီးလောင်းလေးရော မင်္ဂလာပွဲနီး တပတ်အလိုမှ ဆံပင်ညှပ်တာ၊ အရောင်ဆိုးတာ၊ ရှေ့ဖျားလေးတိလိုက်တာ စတာတွေ လုံးဝရှောင်ပါနော်။ တချို့သတို့သမီးလေးတွေက စိတ်မြန်လက်မြန် ညှပ်ချလိုက်တာမျိုး ရှိလို့လေနော်။

 အရက်သောက်တာ

အရက်သောက်တာ (photo: portugalinews.eu/)

ပစ္စည်းတွေ ပြောင်းသုံးတာ

စုံတွဲလေးတို့ Skin care ပြောင်းသုံးတာ၊ အသစ်ပြောင်းသုံးတာမျိုး လုံးဝ မလုပ်ပါနဲ့နော်။ နောက်ပြီး သတို့သမီးလောင်းလေးတို့ မိတ်ကပ်ပြောင်းသုံးတာမျိုးလည်း မလုပ်ပါနဲ့။ Peeling လိုမျိုး ပြင်းတာတွေလည်း မလုပ်ပါနဲ့။

ညဘက်တွေ မအိပ်တာ

စုံတွဲလေးတို့ မင်္ဂလာဆောင်ဖို့ တပတ်အလိုမှာ ညဘက်စောစော မအိပ်တာမျိုး လုံးဝ မလုပ်ပါနဲ့နော်။ အိပ်ရေးဝမှသာ စိတ်ကြည်လင်ပြီး ကျန်းမာရေးကောင်းမွန်မှာပါ။ ညဘက် မအိပ်တာက အလှကိုပါ ထိခိုက်စေတာမို့ တပတ်အလိုမှာ ကောင်းကောင်း အနားယူပါ။

ညဘက်တွေ မအိပ်တာ

ညဘက်တွေ မအိပ်တာ (photo: mamamia.com.au)

အသေးအမွှားတွေ

စုံတွဲလေးတို့ မင်္ဂလာဆောင်ခါနီးရင် အသေးအမွှား စိတ်ညစ်စရာလေးတွေ ကြုံတတ်ပါတယ်။ တစ်ယောက်တစ်မျိုးစီပေါ့လေ။ အဲဒီလို ပြဿနာ အသေးအမွှားလေးတွေကို စိတ်ထဲထည့်ပြီး မခံစားပါနဲ့နော်။ မင်္ဂလာပွဲအတွက် အနှောင့်အယှက် ဖြစ်စေတာကြောင့်ပါ။ အထူးရှောင်ရမယ်နော်။

ပွဲစီစဉ်ထားတာတွေ ပြန်စစ်ပါ

ပွဲစီစဉ်ထားတာတွေ ပြန်စစ်ပါ (photo: careercontessa.com)

ပွဲစီစဉ်ထားတာတွေ ပြန်စစ်ပါ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ဖို့ တပတ်လောက်အလိုမှာတော့ မင်္ဂလာပွဲ စီစဉ်ထားတာနဲ့ ပတ်သက်ပြီး ပြန်စစ်ဖို့ လိုပါတယ်နော်။ အခါတော်ပေး၊ အစားအသောက်၊ ပန်းအပြင်အဆင် စတာတွေနဲ့ ပတ်သက်ပြီး Check ပြန်လုပ်ပါ။ ဒါမှ မင်္ဂလာပွဲနေ့မှာ စိတ်အေးရမှာပါ။

မင်္ဂလာဆောင်ဖို့ တပတ်လောက် အလိုမှာ စုံတွဲလေးတို့ ဆင်ခြင်သင့်တာတွေ၊ လုပ်သင့်တာတွေ သိရပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားရင် ပွဲနေ့ အဆင်ပြေမှာပါ။

Comments

0 comments