Advertisement

တကယ်တော့ ကိုယ့်ဖိတ်စာမှာ အမှားအယွင်း မဖြစ်စေဖို့ဆိုတာ အချိန်သေချာပေးမှုနဲ့ ဆိုင်ပါတယ်။ အမှားပါရင် အချိန်ရရင် ပြန်ပြင်ဖို့ မီနိုင်ပါတယ်

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ဖိတ်စာဆိုတာ မင်္ဂလာပွဲတစ်ခုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါနော်။ မင်္ဂလာဆောင် ဖိတ်စာဆိုတာ ကိုယ့်ရဲ့ပွဲကို ကြွရောက်မယ့် ဧည့်သည်တွေဆီ ရောက်မှာဖြစ်တဲ့အတွက် သေချာပြင်ဆင်ထားဖို့ လိုပါတယ်။ ဖိတ်စာနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာတွေ မရှိဘဲ အကောင်းဆုံး အလှဆုံး ဖိတ်စာလေး ဖြစ်ချင်တယ်ဆိုရင်တော့ ရှောင်သင့်တဲ့အချက် တချို့ကို ကြိုရှောင်ဖို့ လိုပါတယ်။

ဝန်ဆောင်မှုဆိုင်ကို အပြည့်အဝ ယုံကြည်တာ

ဝန်ဆောင်မှုပေးတဲ့ဆိုင်ကို အပြည့်အဝ မယုံကြည်ရဘူးလို့ မဆိုလိုပါဘူးနော်။ ဒါပေမယ့် စုံတွဲလေးတို့က Check လုပ်ဖို့တော့ လိုပါတယ်။ ဥပမာ- ဖိတ်စာဆိုင်မှာ အရောင်သွားကြည့်တယ်ဆိုရင် ကိုယ်လိုချင်တဲ့ ဖိတ်စာအရောင်ကို သေချာမြင်ရဖို့ လိုပါတယ်။ တချို့က ပန်းရောင်လေး သုံးမယ်ဆိုရင် ပန်းရောင်ရဲ့ အရောင်က ဘယ်လောက်ဖျော့မှာလဲ၊ ဘယ်လောက်ရင့်မှာလဲ ဆိုတာ သေချာသိပါ။

အဲဒီလို မဟုတ်ဘဲ ပန်းရောင်လို့ အပ်ပြီးမှ ထွက်လာတဲ့အရောင်က ကိုယ်မှန်းထားတာထက် ရင့်သွားတာ၊ နုသွားတာဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး။ ဒါကြောင့် ကွက်တိအရောင်ကို သေချာပြပါ။ နောက်တစ်ခုကတော့ Quality ပိုင်းပါ။ ကိုယ်ပြောထားတဲ့ အတိုင်း ဟုတ်မဟုတ်ဆိုတာ အရင်ဆုံး နမူနာ တစ်စောင်ရမှ ကျန်တာဆက်ထုတ်ခိုင်းပါ။ အဓိကကတော့ ဖိတ်စာအရေအတွက်များများ မရိုက်ခင်မှာ Check လုပ်ပါ။

စာလုံးပေါင်း မစစ်တာ

ဖိတ်စာစီစဉ်တဲ့အခါမှာ စာလုံးပေါင်း အဓိက စစ်ဖို့လိုပါတယ်။ နောက်ပြီး နှစ်ဖက်မိဘဆွေမျိုး တော်စပ်မှု၊ အသုံးအနှုန်းတွေပေါ့။ နေ့ရက်၊ အချိန် စတာတွေ မစစ်ဘဲ အဆင်ပြေတယ် လုပ်လိုက်တာမျိုးပါ။ နောက်ပြီး စာလုံးပေါင်းမှားခဲ့ရင် ဘယ်လိုတာဝန်ယူမလဲဆိုတာ ကြိုတင် မေးထားပါ။

စာလုံးပေါင်း မစစ်တာ

စာလုံးပေါင်း မစစ်တာ

အချိန်လုံလုံလောက်လောက်မယူတာ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ဖိတ်စာမှာ အမှားအယွင်း မရှိချင်ဘူးဆိုရင်တော့ ဖိတ်စာအတွက် အချိန်ကို လုံလုံလောက်လောက်ယူဖို့ လိုပါတယ်။ တချို့က ဖိတ်စာဆိုင်တွေက များတယ်၊ ပွဲနီးမှ ဖိတ်ရမှာဆိုပြီး အေးအေးဆေးဆေး လုပ်နေတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ဖိတ်စာမှာ အမှားအယွင်း မဖြစ်စေဖို့ဆိုတာ အချိန်သေချာပေးမှုနဲ့ ဆိုင်ပါတယ်။ အမှားပါရင် အချိန်ရရင် ပြန်ပြင်ဖို့ မီနိုင်ပါတယ်။

ဖိတ်စာမလောက်ခဲ့ရင်

စုံတွဲလေး တော်တော်များများ ဖြစ်တဲ့ပြဿနာကတော့ ဖိတ်စာမလောက်ငှတာပါပဲ။ ဖိတ်စာမလောက်ငှတာနဲ့ ပတ်သက်ပြီး ကြိုတင် မေးမြန်းထားတာ မလုပ်တာမျိုး အထူးရှောင်ပါ။ ဖိတ်စာ မလောက်ခဲ့လို့ ထပ်ရိုက်မယ်ဆိုရင် ဘယ်လောက်ထပ်ရိုက်မှ ရိုက်ပေးမလဲဆိုတာ မေးပါ။ ကိုယ်က (၅၀) လောက်ပဲလိုတယ် ဆိုင်က အနည်းဆုံး (၁၀၀) ရိုက်မှ ရမယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ တခြားဆိုင်တွေကလည်း သူများဒီဇိုင်းလက်မခံဘူးဆိုရင် ပွဲနီးမှ စိတ်ညစ်ရနိုင်တာကြောင့် မလောက်ငှခြင်း ပြဿနာအတွက် ကြိုမေးပါ။

ဖိတ်စာဖိတ်တဲ့အခါ

ဖိတ်စာဖိတ်တဲ့အခါ

ဖိတ်စာဖိတ်တဲ့အခါ

ဖိတ်စာဖိတ်တဲ့အခါ အထူးသတိထားရမှာက မကျန်ခဲ့ဖို့ပါ။ ဖိတ်စာ ဖိတ်တဲ့အခါမှာ နှစ်ယောက်စလုံးရဲ့ မိတ်ဆွေတွေနဲ့ အပေါင်းအသင်းတွေ အားလုံးကို နံပါတ်စဉ်တပ်ထားပါ။ နှစ်ဖက်မိဘဖက်က ဖိတ်မယ့် စာရင်းကိုလည်း အတိအကျ သိနေပါစေ။ နံပါတ်စဉ်တွေ တပ်ပြီး မြို့နယ်တွေအလိုက် တာဝန်ခွဲဝေယူထားမယ်ဆိုရင် လူစာရင်း ကျန်ခဲ့မှာ မဟုတ်ပါဘူးနော်။ အထပ်ထပ် အခါခါ စာရင်းကို ပြန်စစ်ပါ။

အပေါ်ဘက် အလှဆင်ထားတာကို ရွေးရင်

စုံတွဲလေးတို့ ဖိတ်စာစီစဉ်တဲ့အခါမှာ အပေါ်ဘက်က ဖောင်းကြွဒီဇိုင်းတွေ ဆိုရင် သယ်တဲ့အခါမှာ ဖိတ်တဲ့အခါမှာ သေချာသတိထားပါ။ ပစ္စည်း ပျက်စီးတာမျိုးတွေ မဖြစ်အောင်ပေါ့။ ဂရုစိုက်ဖို့ မှာကြားထားဖို့ မမေ့နဲ့နော်။

ချစ်တို့ရေ မင်္ဂလာဆောင် ဖိတ်စာစီစဉ်ကြတဲ့အခါ အားလုံးအဆင်ပြေချောမွေ့အောင် ဒီအချက်လေးတွေ သတိထားဖို့ လိုတယ်နော်။

Comments

0 comments