Advertisement

မင်္ဂလာဆောင်ပွဲပြီးမှ ဘယ်နေရာကို သယ်မယ်ဆိုပြီး စဉ်းစားစီစဉ်တာမျိုး မလုပ်ပါနဲ့နော်။ နှစ်ဖက်မိဘတွေနဲ့ အကုန်အဆင်ပြေအောင် သေချာ ညှိနှိုင်းထားပါ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ကိစ္စတွေ စီစဉ်ကြတဲ့အခါမှာ နှစ်ဖက်မိဘတွေနဲ့အတူ စီစဉ်ရမှာဖြစ်သလို မင်္ဂလာလက်ဖွဲ့ ကိစ္စ စီစဉ်တဲ့အခါမှာလည်း နှစ်ဖက်မိဘနဲ့ တိုင်ပင်ထားဖို့ လိုပါတယ်။ ဒါမှ လက်ဖွဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အဆင်ပြေမှာပါ။ ဒီတော့ လက်ဖွဲ့ကိစ္စ စီစဉ်တဲ့အခါမှာ ဘယ်လိုတွေ စီစဉ်ရမလဲဆိုတာ ပြောပြမယ်နော်။

မင်္ဂလာလက်ဖွဲ့ကိစ္စ စီစဉ်ကြတဲ့အခါ  (photo: k.sina.com.cn/)

မိဘတွေက လက်ဖွဲ့တာ

တချို့မိဘတွေကတော့ စုံတွဲလေးတို့ နှစ်ယောက်အတွက် သီးသန့် လက်ဖွဲ့တာမျိုး ရှိပါတယ်။ သမီးရှင်ဘက်က ဘာလက်ဖွဲ့တယ်၊ သားရှင်ဘက်က ဘယ်လိုလက်ဖွဲ့ပေးမယ်ဆိုတာမျိုးပေါ့။ ဒီလိုမျိုး နှစ်ဖက်မိဘက လက်ဖွဲ့ပေးမှာ ရှိမယ်ဆိုရင် စုံတွဲလေးတို့အတွက်ဆိုတာ သေချာသလား သိထားဖို့ လိုပါတယ်နော်။ တချို့ကတော့ သားရှင်ဘက်က လက်ဖွဲ့တာကို သမီးရှင်ဘက်က ယူတာမျိုး ရှိပါတယ်။ ဒါကြောင့် မင်္ဂလာမောင်နှံ ရမှာလားဆိုတာ သေချာသိထားဖို့ လိုပါတယ်။

လက်ဖွဲ့ပစ္စည်းတွေ စီစဉ်တဲ့အခါ

ဧည့်ခံပွဲက လက်ဖွဲ့ပစ္စည်းတွေ စီစဉ်တဲ့အခါ

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ မတိုင်ခင်ကတည်းက လက်ဖွဲ့ကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာ ပြောထားဖို့ လိုပါတယ်။ တချို့မိဘတွေကတော့ မင်္ဂလာဆောင်စရိတ် စိုက်ထားပေးတာမျိုးမို့ လက်ဖွဲ့ပစ္စည်း ရတဲ့အခါ သူတို့ ယူတာမျိုး ရှိပါတယ်။ တချို့ကျတော့လည်း နှစ်ဖက်မိဘတွေက အတူတူ ခွဲယူတာမျိုးလည်း ရှိပါတယ်။ တချို့ကတော့ လက်ဖွဲ့ဘယ်လောက်ပဲရရ မင်္ဂလာမောင်နှံအတွက်ပါပဲ။ ဒီတော့ စုံတွဲလေးတို့ကရော ဧည့်ခံပွဲက လက်ဖွဲ့တွေ ရလာရင် ဘယ်လိုစီစဉ်မလဲဆိုတာ ကြိုတင်ပြီးတော့ သိထားဖို့ လိုပါတယ်။

မင်္ဂလာဆောင်ပွဲပြီးရင် (photo: www.theplunge.com/)

မင်္ဂလာဆောင်ပွဲပြီးရင်

စုံတွဲလေးတို့ လက်ဖွဲ့အတွက် နှစ်ဖက်မိဘတွေနဲ့ တိုင်ပင်တဲ့အခါ မင်္ဂလာဆောင်ပွဲပြီးရင် လက်ဖွဲ့ကို ဘယ်အိမ်ကို သယ်မလဲဆိုတာလဲ ကြိုတင်ပြီး တိုင်ပင်ထားဖို့ လိုပါတယ်။ တချို့တွေက ဟိုဘက်မိဘဆီ သယ်လို့ ဒီဘက်မိဘဆီ သယ်လို့ဆိုပြီး စိတ်ခုကြတာမျိုး ရှိပါတယ်။ ဒီတော့ လက်ဖွဲ့ပစ္စည်းတွေ သယ်မယ်ဆိုရင် ဘယ်ကို သယ်မယ်ဆိုတာ တစ်ခါတည်း ပြောထားပါ။ မင်္ဂလာဆောင်ပွဲပြီးမှ ဘယ်နေရာကို သယ်မယ်ဆိုပြီး စဉ်းစားစီစဉ်တာမျိုး မလုပ်ပါနဲ့နော်။ နှစ်ဖက်မိဘတွေနဲ့ အကုန်အဆင်ပြေအောင် သေချာ ညှိနှိုင်းထားပါ။

 

Comments

0 comments