Advertisement

အချစ်သီချင်း၊ မင်္ဂလာမောင်နှံအတွက် အဓိပ္ပါယ် ရှိတဲ့သီချင်း ဖြစ်ဖို့ လိုပါတယ်။ ဘယ်သီချင်းလေးတွေက မင်္ဂလာပွဲထွက်အတွက် အကောင်းဆုံးဖြစ်မလဲ ဆိုတာ ပြောပြပေးမယ်နော်

မင်္ဂလာပွဲထွက် သီချင်းအတွက် (photo: liveabout.com)

မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ရေ မင်္ဂလာပွဲကို ဘယ်လိုပုံစံလေး စီစဉ်ထားလဲ၊ မင်္ဂလာပွဲထွက်က ဘိသိက်၊ စုလျားရစ်ပတ်၊ ဧည့်ခံပွဲ ပွဲထွက် အစရှိသလိုတွေ ရွေးချယ်စီစဉ်လို့ရတယ်မလား။ စုံတွဲလေးတို့က ပွဲထွက် ရွေးချယ်ထားတယ်ဆိုရင် ပွဲထွက်တဲ့အခါ တေးသီချင်းသံသာလေးနဲ့မှ ပိုပြီး သက်ဝင်လှုပ်ရှားနိုင်မှာပေါ့နော်။ ဒါကလည်း အချစ်သီချင်း၊ မင်္ဂလာမောင်နှံအတွက် အဓိပ္ပါယ် ရှိတဲ့သီချင်း ဖြစ်ဖို့ လိုပါတယ်။ ဘယ်သီချင်းလေးတွေက မင်္ဂလာပွဲထွက်အတွက် အကောင်းဆုံးဖြစ်မလဲ ဆိုတာ ပြောပြပေးမယ်နော်။

Perfect

ဒီသီချင်းလေးကတော့ အချစ် သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပြီး လူအတော်များကြားမှာ ရေပန်းစားတဲ့အပြင် ချစ်ခြင်းမေတ္တာကို ခံစားမိတဲ့သူတိုင်း ကြိုက်နှစ်သက်ကြတဲ့ သီချင်းပါ။ မင်္ဂလာဆောင်ပွဲထွက် တော်တော်များများမှာ ဖွင့်ကြပြီး တချို့ဆိုရင် သတို့သမီးလေးက ဒီသီချင်းလေး ဆိုရင်း ပွဲထွက်လာတာမျိုးတောင် ရှိပါတယ်။ စုံတွဲလေးတို့လည်း အင်္ဂလိပ် သီချင်းနဲ့ ထွက်မယ်ဆိုရင် ရွေးသင့်တယ်နော်။

All of Me

စုံတွဲလေးတို့ သီချင်းအေးအေးလေးနဲ့ နှစ်ယောက်အတူတူ ဖြတ်သန်းမယ့် ဘဝအတွက် လိုအပ်တဲ့ အားအင်တွေ ပြည့်ချင်တယ်၊ အဓိပ္ပါယ် ရှိချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးကို ရွေးချယ်လို့ ရပါတယ်။ မင်္ဂလာပွဲထွက် တော်တော်များများမှာ သတို့သားက ဆိုရင်း ပွဲထွက်လာတာမျိုးလည်း ရှိပါတယ်။

ဒီအချိန်ကစ

မင်္ဂလာအချိန်ရက်မြတ်သို့ ရောက်ကြပြီဆိုပြီး ကိုယ့်ရဲ့ မင်္ဂလာနေ့ရက်လေးကို ကြည်ကြည်နူးနူး ဖွဲ့ဆိုထားတဲ့ သီချင်းလေးပါ။ မြန်မာတေးသီချင်းကိုပဲ ကြည်နူးတဲ့ မင်္ဂလာရက်မြတ်လေး ဖြစ်အောင် ဖွင့်ချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးနဲ့ ပွဲထွက်ပါနော်။

ယနေ့မှစ နှစ်တစ်ရာတိုင်

နှစ်ယောက်စလုံးရဲ့ သစ္စာတရားနဲ့ မပျက်ပြယ်တဲ့ ချစ်ခြင်းမေတ္တာကို ပွဲထွက်မှာ ပြသချင်တယ်ဆိုရင်တော့ ယနေ့မှစ နှစ်တစ်ရာတိုင် သီချင်းလေးကို ရွေးချယ်လို့ ရပါတယ်နော်။ နှစ်ယောက်အတူတူ လျှောက်လမ်းမှာ လျှောက်လာချိန်နဲ့ လိုက်ဖက်ညီတဲ့ သီချင်းကောင်း တပုဒ်ပါ။

မင်္ဂလာပွဲထွက်အတွက် ဘာသီချင်းနဲ့ ပွဲထွက်ရမလဲ စဉ်းစားနေရင်တော့ ဖတ်ကြည့်ထားပေးနော်။

Comments

0 comments
Advertisement