မင်္ဂလာပွဲလေးကို နေရာနဲ့လိုက်အောင်ပြင်ဆင်တဲ့အချိန် အရောင်ရွေးချယ်ပုံ

by: seng yar
 0 comments  1 love

သစ်ပင်ရိပ်လေးတွေနားရှိနေမယ့် မင်္ဂလာပွဲ အပြင်အဆင်လေးကိုတော့ သဘာဝရဲ့ အစိမ်းရောင်လေးအခြေခံလိုက်တာက အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။ 

မင်္ဂလာပွဲ အပြင်အဆင်ကို ပြင်ဆင်တဲ့အချိန်မှာတော့ ပတ်ဝန်းကျင်၊ နေရာအပေါ် အခြေခံပြီး အရောင်ကို ရွေးချယ်ပေးရမှာပါ။

 

မင်္ဂလာပွဲ အပြင်အဆင်ကို ပြင်ဆင်တဲ့အချိန်မှာ မင်္ဂလာအတွက် ဘယ်လိုအရောင်တွေကို အခြေခံပြီး ပြုလုပ်ကြမလဲဆိုတာကို ရွေးချယ်ရမှာပါ။ မင်္ဂလာပွဲ အပြင်အဆင်ကို ပြင်ဆင်တဲ့အချိန်မှာတော့ ပတ်ဝန်းကျင်၊ နေရာအပေါ် အခြေခံပြီး အရောင်ကို ရွေးချယ်ပေးရမှာပါ။ ဘယ်နေရာအတွက် ဘာအရောင်က အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို Marry ကနေ ပြောပြပေလိုက်ရပါတယ်။

ကမ်းခြေမှာ ပြုလုပ်မယ့်မင်္ဂလာပွဲလေး

ပင်လယ်ပြာရယ် မိုးကောင်းကင်ပြာပြာအောင် သဲဖြူဖြူပေါ်မှာ ပြုလုပ်မယ့်မင်္ဂလာပွဲလေးအတွက်ကတော့ လင်းလက်နေမယ့်နေ့ရက်လေးတွေကို ကိုယ်စားပြု မိုးသားပြာကတော့ အဆင့်သင့် စောင့်ကြိုနေပါတယ်။ အပြာရောင်၊ အဖြူရောင်တွေကို ရွေးချယ် အရောင်တွေ ရွေးချယ်တဲ့အချိန်မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝတရားက ဖန်တီးပေးပြီးသားအရောင်တွေပေါ် မူတည်ပြီး လိုက်လျော ညီထွေတဲ့အရောင်လေးကို ပြင်ဆင်ပေးလိုက်ရုံနဲ့ မင်္ဂလာပွဲ အပြင်အဆင်က ပြည့်စုံသွားမှာပါ။

 

ကမ်းခြေမှာ ပြုလုပ်မယ့်မင်္ဂလာပွဲလေး

တောင်တန်းတွေကြားပြုလုပ်မယ့် မင်္ဂလာပွဲလေး

တောင်တွေ ပတ်လည်ဝိုင်းရံနေတဲ့ သစ်တောအုပ်လေးဘေးနားတို့လို နေရာမျိုးမှာ ပြုလုပ်မယ့် မင်္ဂလာပွဲလေးအတွက်ကတော့ သစ်ရွက်စိမ်းရောင်နဲ့ တောက်ပနေမယ့် မင်္ဂလာပွဲ အပြင်အဆင်လေးကတော့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ သစ်ပင်ရိပ်လေးတွေနားရှိနေမယ့် မင်္ဂလာပွဲ အပြင်အဆင်လေးကိုတော့ အစိမ်းရောင်လေးအခြေခံလိုက်တာက အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။

 

တောင်တန်းတွေကြားပြုလုပ်မယ့် မင်္ဂလာပွဲလေး

ခန်းမမှာ ပြုလုပ်မယ့် မင်္ဂလာပွဲလေး

အခုခေတ်မှာတော့ခန်းမတွင်း မင်္ဂလာပွဲလေးကို အသားပေးပြုလုပ်လာကျပါတယ်။ ခန်းမတွေမှာကျ အလုံပိတ်နေရာလေးဖြစ်တဲ့အတွက် ချမ်းသာကြွယ်ဝခြင်းကို ပုံဖော်တဲ့ ရွှေရောင်နဲ့အဖြူရောင် ရောစပ်ထားတဲ့ ကျက်သရေအဖြာဖြာနဲ့ ပြည့်စုံတဲ့မင်္ဂလာပွဲလေးကတော့ အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။ တကယ်လို့ နွေးထွေးခြင်းကို ပုံဖော်ချင်တယ်ဆိုရင်တော့ အသားအရေတိုင်းနဲ့ လိုက်ဖက်မယ့် ခဲပြာရောင်အပြင်အဆင်ကို ရွေးချယ်ပေးလိုက်ရပါတယ်။

From Marry with


Comments

0 comments
Latest video