Advertisement

အိမ်ထောင်ဦးအစမှာ ဘယ်လိုပစ္စည်းတွေကို အဓိက ထားပြီး ဝယ်ရမလဲဆိုတာ ပြောပြပေးမယ်နော်

စုံတွဲလေးတို့ရေ အိမ်ထောင်ဦးပစ္စည်းလေးတွေ ဝယ်ပြီး နှစ်ယောက် တစ်အိုးတစ်အိမ် ထူထောင်မယ်ဆိုတာ ချစ်သူဘဝတည်းက အကောင်းဆုံးနဲ့ စိတ်ကူးအယဉ်ဆုံး အချက်တစ်ချက် ဖြစ်မှာပါ။ “ကိုကို ချစ်တို့ ယူပြီးရင် မီးဖိုချောင်မှာ ဒါလေးတွေ ဝယ်ထားမယ်နော်၊ ဧည့်ခန်းမှာတော့ ဘယ်လိုလေးထားမယ်နော်” အစရှိသဖြင့်ပေါ့လေ။ ဒီလိုစိတ်ကူးလေးတွေနဲ့ ထပ်တူကျတဲ့ အိမ်ထောင်ဦးအစမှာ ဘယ်လိုပစ္စည်းတွေကို အဓိက ထားပြီး ဝယ်ရမလဲဆိုတာ ပြောပြပေးမယ်နော်။

တိုင်ပင်ပြီး ဝယ်ကြမယ် (photo: istockphoto.com)

အိပ်ရာ

စုံတွဲလေးတို့ရေ အိပ်ရာဆိုတာ အိမ်ထောင်ဦးမှာ အရေးကြီးတဲ့ အဓိက ပစ္စည်းပါပဲ။ နှစ်ယောက်အတူတူ အိပ်စက်မယ့် နေရာလေးက တစ်ဘဝစာအတွက် အမှတ်တရ အဖြစ်ဆုံးပါ။ ဟိုးအရင်ကလူကြီးတွေဆို မင်္ဂလာဦးအိပ်ရာမှာပဲ အိပ်မယ်ဆိုတာမျိုးတောင် ရှိတယ်လေနော်။ ဒါကြောင့် စုံတွဲလေးတို့ အိပ်ရာကို ဦးစားပေးပြီး တစ်ခါတည်းနဲ့ ပစ္စည်းကောင်းကောင်းလေး ရွေးဝယ်ပါနော်။

အိပ်ရာ  (Photo:Tasting Table)

ဘီရို

စုံတွဲလေးတို့အနေနဲ့ အဓိက ဦးစားပေးပြီး ဝယ်ရမယ့် အိမ်ထောင်ဦးပစ္စည်းတွေထဲမှာ ဘီရိုလည်း ပါဝင်ပါတယ်နော်။ အရေးကြီးတဲ့ ပရိဘောဂပစ္စည်းပါပဲ။ တချို့ဆိုရင် သားစဉ်မြေးဆက်တောင်သုံးလေ့ ရှိကြပါတယ်။ စုံတွဲလေးတို့ တစ်ခါတည်းနဲ့ အရည်အသွေးပြည့်ဝတဲ့ ပစ္စည်းကို ရွေးဝယ်ပါ။

မှန်တင်ခုံ

အိမ်ထောင်ရှင်မလေးတို့ မှန်တင်ခုံလို လိုအပ်တယ်နော်။ အိမ်ထောင်ကျတဲ့အခါ ကိုယ့်ယောက်ျားအတွက် လှလှပပလေး နေပေးဖို့ လိုတယ်မလား။ အိပ်ခန်းထဲမှာ မှန်တင်ခုံ သီးသန့်လေး ထားရင် ပိုကောင်းပါတယ်။

မီးဖိုချောင်သုံး ပစ္စည်းများ (Photo:Tasting Table)

Air con

စုံတွဲလေးတို့ အေးအေးဆေးဆေး သက်တောင့်သက်သာ အနားယူနိုင်ဖို့အတွက်တော့ Air con က လိုအပ်တဲ့အရာပါ။ နှစ်ယောက်တည်း နေမယ့်အိမ်လေးမှာဆိုရင် အိပ်ခန်းထဲကို ဦးစားပေးပြီး တပ်ဆင်ပါ။ ဦးစားပေးပြီး ဝယ်ယူရမယ့်အထဲမှာ Air con ပါတယ်နော်။

မီးဖိုချောင်ပစ္စည်း

ပုံမှန်အားဖြင့်တော့ မီးဖိုချောင်ပစ္စည်းတွေက မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေထဲမှာ ပါဝင်တတ်ပါတယ်။ ဒီတော့ လက်ဖွဲ့ဖောက်ပြီးမှ လိုတာလေးတွေ ဝယ်ရင် ပိုပြီး ကောင်းပါတယ်။ မဟုတ်ရင် ပစ္စည်းတွေ ထပ်နေတတ်တာကြောင့်ပါ။ မီးဖိုချောင်ပစ္စည်းကတော့ လောလောဆယ် စလယ်ဝင်လေးလိုမျိုး နှစ်ယောက်စာအတွက်ပဲ ဝယ်ထားနော်။

စုံတွဲလေးတို့ရေ အိမ်ထောင်ဦးမှာ ဝယ်ထားဖို့ လိုတဲ့ ပစ္စည်းလေးတွေကို သိရပြီဆိုတော့ နှစ်ယောက်သားတိုင်ပင်ပြီး ဝယ်ယူထားနော်။

 

 

Comments

0 comments