Advertisement

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ပွဲလေး ကျင်းပဖို့ လရွေးနေတယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ ဆောင်ရမယ့်လ မဆောင်ရမယ့်လတွေကို အရင်ကြည့်ပေးနော်။

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ပွဲလေး ကျင်းပတော့မယ်ဆိုရင် နေ့ကောင်းရက်သာ ရွေးကြတယ်မလား၊ စုံတွဲလေးတို့ရဲ့ နှစ်ဖက်မိဘကလည်း မင်္ဂလာဆောင်ပွဲလေး ကျင်းပမယ့် ရက်၊ လတွေ ရွေးတဲ့အခါမှာ ဘယ်လမှာပဲ ဆောင်၊ ဘယ်လတော့ မဆောင်နဲ့ဆိုပြီး အကြံဥာဏ်ပေးတာမျိုးလည်း ရှိမှာပါ။ တချို့ကတော့ ဝါတွင်း (၃) လကလွဲပြီး ကျန်တဲ့လတွေ ဆောင်ကြပေမယ့် တချို့ကတော့ ဘယ်လမှာ ဆောင်ရင်ဘယ်လိုကောင်းကျိုးလေးတွေ ရှိတယ်ဆိုပြီး ရွေးချယ် ဆောင်လေ့ ရှိကြပါတယ်။ Marry က စုံတွဲလေးတို့လည်း လအလိုက် ရွေးချယ်ချင်တယ်ဆိုရင် ရွေးလို့အဆင်ပြေအောင် ဖော်ပြပေးလိုက်ပါတယ်။

ဝါတွင်း (၃) လ

စုံတွဲလေးတို့ရေ ဝါတွင်း (၃) လ ကတော့ လက်ထပ်ပွဲကျင်းပဖို့ရှောင်ကြတဲ့ လပါပဲနော်။ ဝါတွင်း (၃) လမှာ မင်္ဂလာပွဲလေး ကျင်းပမယ်ဆိုရင်တော့ ဘေးရောက်တာ၊ ဆင်းရဲတာ၊ ပူပင်ရတတ်တာမျိုး ဖြစ်တတ်ကြပါတယ်။ အဲဒီအချက်တွေကြောင့် အောက်ပါ ဝါတွင်း (၃) လကတော့ ရှောင်ကြပါတယ်။

  • ဂျူလိုင်လ (ဝါဆို)
  • သြဂုတ် (ဝါခေါင်)
  • စက်တင်ဘာ ( တော်သလင်း )

ဝါတွင်း (၃) လ (photo: Wedding Pro News)

မင်္ဂလာပွဲ မပြုလုပ်သင့်တဲ့ လများ

မင်္ဂလာပွဲ ကျင်းပဖို့အတွက် လအတိအကျ ရှောင်ချင်တာမျိုး ဆိုရင်တော့ ဒီလတွေမှာ ရှောင်ပေးရမှာပါ။

  • မတ်လ( တပေါင်းလ) ကတော့ ကိုယ်စိတ်ဆင်းရဲတတ်ခြင်း၊
  • ဇန်နဝါရီ ( ပြာသို) စီးပွားပျက်တတ်ခြင်း၊
  • ဒီဇင်ဘာ(နတ်တော်) လမှာတော့ ဘေးရောက်တတ်တယ်ဆိုပြီး ရှေးလူကြီးတွေက အယူရှိပါတယ်။

စုံတွဲလေးတို့ အတိအကျ ရှောင်ချင်တယ်ဆိုရင်တော့ ဒီလတွေမှာ ရှောင်ပါ။

မင်္ဂလာပွဲ ပြုလုပ်သင့်တဲ့ လများ (photo: Wedding Pro News)

မင်္ဂလာပွဲ ပြုလုပ်သင့်တဲ့ လများ

  • ဇွန်လ(နယုန်) မှာ ထိမ်းမြားလက်ထပ်မယ်ဆိုရင် မေတ္တာအရှည်မြဲတတ်ပါတယ်။
  •  အောက်တိုဘာ( သီတင်းကျွတ်) ကတော့ သားသမီးပေါများတတ်ပြီး ဝါကျွတ်လ ဖြစ်တာကြောင့် မင်္ဂလာပွဲ ပြုလုပ်သင့်တဲ့ လတစ်လပါပဲ။
  •  ဖေဖော်ဝါရီလ(တပို့တွဲ) လနဲ့ ဧပြီ (တန်ခူး) လကတော့ ဥစ္စာပစ္စည်းကြွယ်ဝတတ်ပါတယ်။
  • မေ(ကဆုန်) လကတော့ စီးပွားတိုးတက်စေမယ့် လတစ်လ ဖြစ်ပြီး
  • နိုဝင်ဘာ(တန်ဆောင်မုန်း) ကတော့ ချမ်းသာသုခ ရရှိစေမယ့် လတွေပါ။

 

ဒါကြောင့် အတိတ်နိမိတ်ကောင်းဆောင်ချင်တယ်ဆိုရင်တော့ ဒီလတွေမှာ မင်္ဂလာပွဲ ကျင်းပပါ။

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ပွဲလေး ကျင်းပဖို့ လရွေးနေတယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ ဆောင်ရမယ့်လ မဆောင်ရမယ့်လတွေကို အရင်ကြည့်ပေးနော်။

Comments

0 comments