
မင်္ဂလာပွဲတွေအတွက် အသင့်တော်ဆုံး ကိတ်မုန့်တွေအကြောင်း (Photo – mallorcaprincess.com)
Marry ရဲ့ ပရိသတ် ဇနီးမောင်နှံလောင်းလျာလေးတို့ရေ မင်္ဂလာပွဲ တစ်ခုလုံးဟာ တူနှစ်ကိုယ်ဘဝအတွက် အမှတ်တရတွေ အများဆုံး ရှိနေမယ့် အချိန်အခါလေးပါပဲ။ ဒီတော့ မင်္ဂလာအခမ်းအနားကို ပိုမိုသက်ဝင်လှပစေမယ့် အရာတွေထဲမှာ မင်္ဂလာကိတ်မုန့် လှလှလေးတွေလည်း ပါဝင်ပါတယ်နော်။ မင်္ဂလာကိတ်မုန့်လေး ဆိုတာက သတို့သားလေးနဲ့ သတို့သမီးလေးတို့ အတူတူ လက်ချင်းထပ်လို့ ကိတ်လှီးကြမှာဆိုတော့ ကဗျာဆန်ဆန် လှပနေဖို့ လိုအပ်တယ် မဟုတ်လား ။ ကိတ်မုန့်တွေကို ဒီဇိုင်းမျိုးစုံနဲ့ လှသထက် လှအောင် ပုံဖော်အလှဆင်နိုင်တယ် ဆိုပေမယ့်လည်း မင်္ဂလာပွဲတွေ အတွက် အလိုက်ဖက်ဆုံး ကိတ်မုန့်အမျိုးအစားတွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
အချစ်အကြောင်းပြောမယ့် ချောကလတ်ကိတ်

အချစ်အကြောင်းပြောမယ့် ချောကလတ်ကိတ် (Photo -Pixabay )
သတို့သား သတို့သမီးလေးတွေကို ချစ်ခြင်းရဲ့ သင်္ကေတတွေ ပြည့်နှက်နေတဲ့ ကိတ်မုန့်လေးတွေ အကြောင်း Marry က ပြောပြပေးမယ်လေ။ Marry ရဲ့ စုံတွဲလေးတို့ ချစ်သူ ဘဝတုန်းက Valentine Day ရောက်ရင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချောကလက် ကျွေးကြတယ် မဟုတ်လား။ ချောကလက်ဆိုတာ အချစ်သင်္ကေတ တစ်ခု ဖြစ်ပြီးတော့ စားလိုက်တဲ့သူကိုလည်း အချစ်စိတ်တွေ တိုးပွါးစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မင်္ဂလာ ကိတ်မုန့်အတွက်လည်း ချောကလက်ကိတ်လေးတွေကို ရွေးချယ်သင့်တယ်နော်။
မင်္ဂလာပွဲတွေမှာ မရှိမဖြစ်တဲ့ ပန်းလေးတွေ

မင်္ဂလာပွဲတွေမှာ မရှိမဖြစ်တဲ့ ပန်းလေးတွေ (Photo – Independent.ie)
နောက်ထပ် ဒီဇိုင်းတစ်မျိုးကတော့ ကိတ်မုန့်လေးတွေကို ပန်းပွင့်လေးတွေနဲ့ အလှဆင်ထားတဲ့ ဒီဇိုင်းပါ။ ပန်းပွင့်လေးတွေဆိုတာ မင်္ဂလာပွဲတွေအတွက် အလိုက်ဖက်ဆုံး အဆင်တန်ဆာတွေပါ။ ဒါကြောင့် ပန်းပွင့်တွေနဲ့ အလှဆင်ထားတဲ့ ကိတ်မုန့်လေးတွေကလည်း မင်္ဂလာပွဲတွေ အတွက် ရွေးချယ်သင့်တဲ့ ကိတ်မုန့်အမျိုးအစားတွေ ဖြစ်ပါတယ်။
Comments