Advertisement

သတို့သမီးလေးတို့အနေနဲ့ မင်္ဂလာပွဲ စီစဉ်နေချိန်အတွင်း ဖြစ်တတ်တာတွေကို သိပြီးပြီဆိုရင်တော့ ဒါဟာကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကိုလည်း တွေးထားပေးနော်။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲစီစဉ်နေချိန်အတွင်းမှာ ကြုံတွေ့ရမယ့် ကိစ္စတွေနဲ့ ခံစားရမယ့် ခံစားချက်တွေ ရှိပါတယ်။ သတို့သမီးလောင်းလေးတို့ ဘယ်လိုခံစားချက်လေးတွေ ခံစားရနိုင်ပြီး ဘာတွေ ကြုံတွေ့ရမယ်ဆိုတာ ပြောပြပေးမယ်နော်။ ဒါမှ ကြိုတင်ပြင်ဆင်ထားလို့ ရမှာပါ။

လူမညီတာ

ဒါကတော့ မင်္ဂလာဆောင် စီစဉ်နေချိန်အတွင်းမှာ အဓိက ကြုံရတဲ့အချက်ကတော့ လူမညီတာပါ။ လူမညီတာက မင်္ဂလာပွဲ စီစဉ်နေချိန်အတွင်း သတို့သမီးလေးတို့ စိတ်အညစ်ရဆုံး ကိစ္စပါ။ တစ်ယောက်က ဒီလို မလုပ်ဘူး၊ နောက်တယောက်က ဒါမျိုးမကြိုက်ဘူးနဲ့ စီစဉ်ရတဲ့ သတို့သမီးလေးမှာ ဗျာများရပါတယ်။ ဒါတွေ ကြုံတွေ့ရမှာပါ။

စိတ်ပူပန်တာ

သတို့သမီးလေးတို့ စိတ်ပူပန်ရတာမျိုးလည်း မဖြစ်မနေ ကြုံရနိုင်ပါတယ်။ သတို့သမီးလေးတို့ စိတ်ပူပန်တာကတော့ မင်္ဂလာပွဲအတွက် အချိန်မီ ပြီးပါ့မလား၊ ကိုယ်ကြိုအပ်ထားတာတွေ အရမ်းများ စောနေမလားဆိုပြီး တွေးပူမိနေတာမျိုးလည်း ကြုံရမှာပါ။ စိတ်လောနေတာမျိုး လျှော့ထားပြီး ပုံမှန်ပဲ လုပ်ဆောင်ပါ။

လူမညီတာ (photo: Weddingbee)

ဘေးလူတွေစကားနားယောင်တာ

သတို့သမီးလေးတို့အနေနဲ့ စီနီယာ သတို့သမီးလေးတွေရဲ့ အကြံဥာဏ်ကို လက်ခံတာ အဆင်ပြေပေမယ့် ဘေးလူတွေ စကားနားယောင်ပြီး ဟိုဟာလုပ်ရနိုးနိုး၊ ဒီဟာလုပ်ရ ကောင်းနိုးနိုး ဖြစ်နေတတ်ပါတယ်။ ဘေးလူတွေ စကားကြောင့် ဝေဝါးနေတာမျိုးလည်း ဖြစ်တတ်ပါတယ်နော်။

ဘေးလူတွေစကားနားယောင်တာ (photo: Weddingbee)

ရှေးအယူတွေ

သတို့သမီးလောင်းလေးတို့က ခေတ်လူငယ်တွေမို့ ခေတ်ရေစီးကြောင်းအတိုင်း လုပ်ဆောင်ချင်ပေမယ့် လူကြီးမိဘတွေက ရှေးအယူအဆတွေ၊ ဗေဒင် စတာတွေကအစ ထည့်သွင်းတဲ့အခါမှာ ညှိမရတာတွေ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီ အချက်တွေလည်း ကြုံရနိုင်ပါတယ်။

ကုန်ကျစရိတ်

သတို့သမီးလေးတို့ နောက်ထပ် ကြုံတွေ့ရမယ့် အချက်ကတော့ ကုန်ကျစရိတ်ပါ။ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီးတော့လည်း အများကြီးများ သုံးမိနေလား၊ ကိုယ့်ပွဲနဲ့ ကိုယ်အပ်ထားတဲ့ အပြင်အဆင်တွေနဲ့ လိုက်မှ လိုက်ဖက်ရဲ့လား ဒါမျိုးတွေလည်း ခံစားမိမှာပါ။ သတို့သမီးလေးတို့ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေကို ယုံကြည်ထားပေးမယ်ဆိုရင် အဆင်ပြေမှာပါ။

သတို့သမီးလေးတို့အနေနဲ့ မင်္ဂလာပွဲ စီစဉ်နေချိန်အတွင်း ဖြစ်တတ်တာတွေကို သိပြီးပြီဆိုရင်တော့ ဒါဟာကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကိုလည်း တွေးထားပေးနော်။

Tags: adviceBridalwellnes

Comments

0 comments