မင်္ဂလာဆောင်အတွက် သီချင်းဖွင့်ဖို့ စဉ်းစားနေတယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

ခမ်းနားတဲ့ မင်္ဂလာပွဲမှာ အချစ်တေးသံလေးတွေ လွင့်ပျံနေဖို့အတွက် မင်္ဂလာတေးလေးတွေ လိုပါတယ်။ သီချင်းလေးထဲကအတိုင်း အတိတ်ကောင်း၊ နမိတ်ကောင်းဆောင်ကျဉ်းစေမယ့် သဘောပါ။

မင်္ဂလာတေးသီချင်လေးတွေကို သတို့သား၊ သတို့သမီးစိတ်ကြိုက်စီစဉ်ပါ

ခမ်းနားတဲ့ မင်္ဂလာပွဲလေးမှာ အချစ်တေးသံလေးတွေ လွင့်ပျံနေဖို့အတွက် မင်္ဂလာတေးလေးတွေ လိုပါတယ်။ နောက်ပြီးတော့ သီချင်းလေးထဲအတိုင်း အတိတ်ကောင်း၊ နမိတ်ကောင်းဆောင်ကျဉ်းစေမယ့် သဘောပါ။ မင်္ဂလာဆောင်မှာ ဖွင့်မယ့် သီချင်းလေးတွေအတွက် စဉ်းစားနေတဲ့ သတို့သား၊ သတို့သမီးလေးတွေ သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

ဝန်ဆောင်မှု

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာဆောင်ခန်းမရဲ့ ဝန်ဆောင်မှုမှာ sound system တွေ ပါဝင်တတ်ပါတယ်။ ဒီအခါမှာ ဟိုတယ်၊ ခန်းမက သီချင်းဖွင့်ပေးဖို့ စီစဉ်ပေးမလား၊ သီချင်းအပုဒ်ရေတွေရော အဆင်သင့်ရှိသလားဆိုတာ မေးကြည့်သင့်ပါတယ်။ ရှိတယ်ဆိုရင်တော့ သတို့သား၊ သတို့သမီးလေးတို့ စီစဉ်စရာ မလိုတော့ပါဘူး။ ထပ်ထည့်ချင်တယ်ဆိုတဲ့ သီချင်းလေးတွေ ညှိပါ။

သူငယ်ချင်းတွေနဲ့ ပျော်မယ့် Dinner ဆိုရင်တော့ မြူးကြွတာလေး ရွေးချယ်ပါ

စောင်းနဲ့ အခါတော်ပေး စီစဉ်တယ်ဆိုရင်

တချို့ မင်္ဂလာပွဲတွေမှာတော့ စောင်းသမား၊ ငွေခရုမှုတ်တဲ့သူနဲ့ အခါတော်ပေး သီချင်းဆိုတဲ့သူ သက်သက် ငှားပါတယ်။ ဒီလိုဆိုရင်တော့ အခါတော်ပေး ပြီးရင် ငြိမ့်ညောင်းတဲ့ သီချင်းသီဆိုသူတွေက ဧည့်ပရိသတ်တွေကို ဆက်လက်ပြီး ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ညှိနှိုင်းတောင်းဆိုရမှာတွေ

မင်္ဂလာဆောင်က သတို့သား၊ သတို့သမီးလေးတို့အတွက် တစ်သက်တာ အမှတ်တရ ဖြစ်တာကြောင့် သေချာလေး စီစဉ်ရမှာပါ။ တေးဂီတ ဖျော်ဖြေပေးမယ့်သူတွေ ငှားထားတယ်ဆိုရင် ကိုယ်ကြိုက်တဲ့ သီချင်းတွေ ဆိုပေးဖို့ တောင်းဆိုကြည့်ပါ။ ပုံမှန်ဆိုရင်တော့ တေးဂီတ ဖျော်ဖြေပေးသူတွေက မင်္ဂလာပွဲနဲ့ လိုက်ဖက်တဲ့ သီချင်းလေးတွေ ရွေးချယ် သီဆိုပေးသွားတာ များပါတယ်။ ဒါကြောင့် ကိုယ်ဆိုစေချင်တဲ့ သီချင်းရှိရင် တောင်းဆိုပါနော်။

သီချင်းရွေးချယ်တဲ့အခါမှာ ကိုယ့်စိတ်ကြိုက်ဖြစ်ဖို့လည်း လိုအပ်သလို ဧည့်သည်တွေ နှစ်သက်တဲ့ သီချင်းလေး ဖြစ်ဖို့လည်း လိုပါတယ် (Photo: Equality Weddings)

သီချင်းလေးတွေရွေးချယ်တဲ့အခါ

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲအတွက် သီချင်းရွေးချယ်တဲ့အခါမှာ ကိုယ့်စိတ်ကြိုက်ဖြစ်ဖို့လည်း လိုအပ်သလို ဧည့်သည်တွေ နှစ်သက်တဲ့ သီချင်းလေး ဖြစ်ဖို့လည်း လိုပါတယ်။ ဒီတော့ ပရိသတ်ရဲ့ ကြိုက်နှစ်သက်မှုကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ငြိမ့်ညောင်းတဲ့တေးသီချင်းလေးတွေ ပြီးရင် လူငယ်လေးတွေ ကြိုက်တဲ့ အချစ်သီချင်းလေးတွေ ဖွင့်သင့်ပါတယ်။ ဒီလိုဆိုရင်တော့ မင်္ဂလာပွဲလေးက စည်ကားပျော်ရွှင်နေမှာ သေချာပါတယ်။ မင်္ဂလာ ညစာစားပွဲ တော်တော်များများကတော့ ဧည့်သည်က သူငယ်ချင်းတွေ ပိုများပြီး ပျော်ကြပါးကြဆိုတော့ သီချင်းမြူးမြူးလေးတွေ ရွေးချယ်သင့်ပါတယ်နော်။

သတို့သား၊ သတို့သမီးလေးတို့ရေ တေးဂီတဆိုတာ စိတ်ကို ဆွတ်ပျံ့ကြည်နူးစေတဲ့အရာ ဖြစ်တာကြောင့် မင်္ဂလာပွဲမှာ ထည့်သွင်းထားတဲ့ အစီအစဉ်ကောင်း တစ်ခုပါပဲ။ ဒါကြောင့် သတို့သား၊ သတို့သမီးလေးတို့ အနေနဲ့ သေချာအောင် စီစဉ်သင့်ပါတယ်။

From Marry with


Comments

0 comments
Latest video