အချိန်တိုအတွင်း စုံတွဲလေးတို့ရဲ့ စိတ်ကူးထဲက မင်္ဂလာပွဲအကောင်အထည်ပေါ်လာဖို့

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ ဒီလိုလေးတွေ စဉ်းစားပြီးပြီဆိုရင်တော့ မင်္ဂလာပွဲဖြစ်မြောက်ဖို့ ကြိုတင်ပြီး စီစဉ်ထားဖို့ လွယ်ကူသွားမှာပါနော်

စုံတွဲလေးတို့ရေ မင်္ဂလာပွဲဆိုတာကတော့ အနည်းဆုံး (၁) နှစ်လောက်တော့ ကြိုတင်ပြီး စီစဉ်ကြတယ်မလား၊ ဒါပေမယ့်လည်း အလုပ်တစ်ဖက်နဲ့ စီစဉ်ရတာမို့ သူများတွေလို အချိန်အကြာကြီးပေးပြီး စီစဉ်ဖို့ အဆင်မပြေဘူး၊ မြန်မြန်ဆန်ဆန်နဲ့ လှလှပပလေး မင်္ဂလာပွဲကို အကောင်အထည် ပေါ်ချင်တယ်ဆိုရင်တော့ Marry က စီစဉ်ရမယ့် အချက်လေးတွေ ပြောပြမယ်နော်။

စပြီး မစီစဉ်ခင်မှာ စဉ်းစားရမယ့် အချက်

စုံတွဲလေးတို့ရေ မင်္ဂလာပွဲစပြီး မစီစဉ်ခင်မှာ မြန်မြန်ဆန်ဆန် ပြီးစီးဖို့အတွက်ဆိုရင် ကိုယ်ဘယ်လိုပုံစံလေး ဆောင်မယ်ဆိုတာကို အရင်ဆုံး စဉ်းစားပါ။ ဒါမှ စီစဉ်ရတာ လွယ်မှာပါ။ ဥပမာ ပွဲထွက်မယ်၊ စုလျားရစ်ပတ်လုပ်မယ်ဆိုတာမျိုး ညစာစားပွဲဆိုရင်လည်း ဘယ်လိုနေရာမှာ လုပ်မလဲဆိုတာမျိုး အရင်တွေးပါ။ ကိုယ်လုပ်ချင်တဲ့ ပွဲပုံစံနဲ့ ကိုက်ညီမယ် ကုန်ကျစရိတ်ကိုလည်း အရင်စဉ်းစားပါ။ မင်္ဂလာပွဲအတွက် အကြမ်းဖျဉ်း အရင်ဆုံး စဉ်းစားပြီးပြီဆိုမှ စပြီး စီစဉ်ပါနော်။

အပြင်အဆင်အတွက် ကုန်ကျစရိတ် သတ်မှတ်ပါ (photo: TuArt Wedding – Da Nang)

ခန်းမစဉ်းစားတဲ့အခါ

စုံတွဲလေးတို့ ဘယ်လိုပုံစံလေး ကျင်းပချင်တယ်ဆိုတာ သိပြီဆိုရင်တော့ ခန်းမ နေရာကို စတင်ရွေးချယ်လို့ ရပါပြီနော်။ ကိုယ်လိုချင်တဲ့ ပုံစံကို သိရပြီဆိုရင်တော့ ခန်းမ နေရာ စုံစမ်းတာက အရမ်းကြီး မခက်ခဲတော့ဘဲ အချိန်တိုအတွင်း နေရာ နည်းနည်းကိုပဲ စုံစမ်းဖို့ လိုတော့တာပေါ့နော်။ စုံတွဲလေးတို့ရေ ခန်းမနေရာဆိုတာ နှစ်ယောက်အတူတူ ဖြတ်သန်းမယ်လို့ စတငင်လိုက်တဲ့ နေရာပါ။ ချစ်ခြင်းမေတ္တာသာ ရှိနေဖို့ အဓိကပါနော်။

အပြင်အဆင်

စုံတွဲလေးတွေတိုင်းကတော့ သူတို့ရဲ့ မင်္ဂလာပွဲကို အကောင်းဆုံး ပြင်ဆင်ချင်ကြတာချည်းပါပဲနော်။ စုံတွဲလေးတို့အနေနဲ့ ခန်းမကိုကြည့်ပြီး အပြင်အဆင်တွေကို ဆောင်ရွက်ရမှာမလား။ တစ်ခု သတိထားရမှာကတော့ ကုန်ကျစရိတ်ပါ။ ခန်းမ အပြင်အဆင်ဆိုတာကတော့ ချဲ့ရင်ချဲ့သလောက် ကုန်ကျနိုင်တာမို့ သတို့သမီးလေးတို့ ကုန်ကျစရိတ်ကို ကြိုတင်ပြီး သတ်မှတ်ပါ။ အချိန်တိုအတွင်း ပြီးစီးဖို့ဆိုရင်တော့ အရင်ဆုံး Theme လေး စဉ်းစားပါ။ ဒီလိုဆိုရင် စီစဉ်တဲ့အခါ နှောင့်နှေးကြန့်ကြာတာမျိုး မဖြစ်တော့ပါဘူး။

နေရာအရင်ရွေးပါ (photo: Bellery Glasshouse)

အစားအသောက်

စုံတွဲလေးတို့ရေ တခြားနေရာမှာ ကုန်ကျစရိတ်တွေ များနေလို့ ဧည့်သည်တွေအတွက် ဧည့်ခံစရိတ်ကို လျော့မယ်လို့တော့ မတွေးပါနဲ့နော်။ အချိန်ပေးပြီး တက်ရောက်တဲ့ ဧည့်သည်တွေအတွက်တော့ အကောင်းဆုံးတွေပဲ စီစဉ်ထားပေးဖို့ လိုပါတယ်နော်။

စုံတွဲလေးတို့ရေ ဒီလိုလေးတွေ စဉ်းစားပြီးပြီဆိုရင်တော့ မင်္ဂလာပွဲဖြစ်မြောက်ဖို့ ကြိုတင်ပြီး စီစဉ်ထားဖို့ လွယ်ကူသွားမှာပါနော်။ အဓိကကတော့ ကိုယ်သုံးမယ့် ကုန်ကျစရိတ်နဲ့ ကျင်းပချင်တဲ့ ပုံစံကို အတိအကျ သိဖို့ပါပဲနော်။

 

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords