ဒီအချက်တွေ သေချာသိမှ မင်္ဂလာပွဲအတွက် ကိတ်မုန့် မှာပါ

by: Phyo Pyae Thu
 0 comments  0 love

ကိတ်မုန့်မှာမယ်ဆိုရင်  ပြောပြထားတဲ့ အချက်လေးတွေကို သေချာလေး သတိထားပေးနော်

သတို့သားလောင်း သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲတွေမှာ မင်္ဂလာကိတ်မုန့် ခွဲကြတယ်မလား၊ ဒါဟာ အမှတ်တရ ဖြစ်စေတဲ့အပြင် ပျော်စရာကောင်းစေမယ့် မင်္ဂလာပွဲ စီစဉ်စရာတွေထဲက တစ်ခုပါ။ မင်္ဂလာပွဲမှာ ကိတ်မုန့်ခွဲဖို့ မှာယူမယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဒါမှပဲ မင်္ဂလာပွဲမှာ ကိတ်မုန့်ကြောင့် စိတ်မညစ်ရမှာပါနော်။

 ဆိုင်ရဲ့ ဝန်ဆောင်မှု

သတို့သားရော၊ သတို့သမီးလောင်းလေးတို့ အဓိက သတိထားရမယ့် အချက်ကတော့ ကိတ်မုန့်ဆိုင်ရဲ့ ဝန်ဆောင်မှုပါ။ မင်္ဂလာပွဲနေ့မှာ မင်္ဂလာကိတ်မုန့် အရသာကောင်းကောင်း၊ လှလှပပနဲ့ အချိန်မီရောက်ဖို့ လိုပါတယ်နော်။ ဒီတော့ ကိုယ့်ရဲ့ မင်္ဂလာပွဲနေ့မှာ သူတို့ ကိတ်မုန့် အော်ဒါ လက်ခံထားတာ များလား သိဖို့ လိုပါတယ်။ များတယ်ဆိုရင်လည်း ဝန်ထမ်းလုံလောက်လား သိဖို့ အရေးကြီးပါတယ်။ ဒါမှ ကိုယ့်ရဲ့ ကိတ် အချိန်မီ ရမှာပါ။

ကုန်ကျစရိတ်ကရော ဘယ်လိုယူမလဲ မေးပါ (Photo: Allrecipes)

ဈေးနှုန်း

သတို့သားလောင်း သတို့သမီးလောင်းလေးတို့ရေ ဈေးနှုန်းလည်း သေချာပေးဖို့ လိုပါတယ်။ ကိတ်အမျိုးအစားနဲ့ ပုံစံပေါ်မူတည်ပြီး ကွာခြားလားဆိုတာ သိရပါမယ်။ အကယ်လို့ ကိတ်မုန့်ကို ခွဲရုံပဲ မဟုတ်ဘဲ ဧည့်သည်တွေကိုပါ ကျွေးမယ်ဆိုရင် ဘယ်လောက်နှုန်းနဲ့ အဆင်ပြေမလဲဆိုတာ မေးပါ။ နောက်တစ်ခုက တစ်ယောက်ချင်းစီတွက်ပြီး ယူမှာလား၊ ကိတ်တစ်လွှာချင်းစီပေါ်မှာ တွက်ပြီး ယူမလားဆိုတာ မေးပါ။

တခြားမေးရမယ့် အချက်တွေ

ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်ပေါ် မူတည်ပြီး တွက်ပေးလားဆိုတာလည်း မေးပါ။ ပွဲနေ့မှာ ခန်းမအထိ ပြင်ဆင်တာတွေ လုပ်ပေးမလား၊ ကိတ်မုန့် အပျက်အစီးအတွက် ဘယ်လိုပြန်လုပ်ပေးမလဲ၊ နောက်ပြီးဝန်ဆောင်မှုတွေထဲမှာ ဘာတွေ ပါဝင်မလဲပေါ့။ ကိတ်မုန့်လှီးမယ့် ဓါး၊ ကိတ်တင်စင်တွေရော ပေးမလား၊ ဘယ်လောက်ကြိုတင်ပြီး အော်ဒါတင်ရမလဲ၊ ကိတ်မုန့်ရလာတဲ့အခါမှာ မကြိုက်ရင်ရော ဘယ်လိုပြန်လုပ်ပေးလဲ ဆိုတာမျိုး မေးပါ။ တခြား အပိုဆောင်း ပိုက်ဆံထပ်ပေးရမလားဆိုတာပါ မေးပါနော်။

သတို့သားလောင်း ၊ သတို့သမီးလောင်းလေးတို့ ကိတ်မုန့်မှာမယ်ဆိုရင် အပေါ်က ပြောပြထားတဲ့ အချက်လေးတွေကို သေချာလေး သတိထားပေးနော်။

 

From Marry with


Comments

0 comments
Latest video