မင်္ဂလာဆောင်အတွက် ပန်းအပြင်အဆင် စတင်စီစဉ်တော့မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

ပန်းအပြင်အဆင်ဆိုတာ ခမ်းနားတဲ့မင်္ဂလာပွဲဖြစ်ဖို့ အရေးကြီးတဲ့ကဏ္ဍတစ်ခုပါပဲ။ ခန်းမနဲ့ ဘယ်လိုပုံစံလေး ဆောင်မယ်ဆိုတာရွေးပြီးရင်တော့ပန်းပြင်ခြင်းစစီစဉ်လို့ရပါပြီ။

သတို့သား၊ သတို့သမီးလေးတို့ရေ ပန်းအပြင်အဆင်ဆိုတာကလည်း ခမ်းနားတဲ့ မင်္ဂလာပွဲဖြစ်ဖို့ အရေးကြီးတဲ့ကဏ္ဍတစ်ခုပါပဲ။ သတို့သား၊ သတို့သမီးလေးတို့ ခန်းမနဲ့ ဘယ်လိုပုံစံလေး ဆောင်မယ်ဆိုတာ ဆုံးဖြတ်ပြီးရင်တော့ ခန်းမအပြင်အဆင်ကို စတင်ပြီး စီစဉ်ရတော့မှာပါ။ ဒီတော့ တသက်မှာ တစ်ခါသာ ကျင်းပတဲ့ မင်္ဂလာပွဲလေး အခမ်းနားဆုံးဖြစ်ဖို့ ပန်းအပြင်အဆင် စီစဉ်တဲ့အခါ သိထားရမှာတွေ ရှိပါတယ်။

ပန်းအစစ်တွေပဲ သုံးမယ်ဆိုရင်တော့ ကုန်ကျစရိတ် ပိုများနိုင်ပါတယ်

ခန်းမ ဝန်ဆောင်မှု

သတို့သား၊ သတို့သမီးလေးတို့ရေ တချို့ မင်္ဂလာခန်းမတွေက ပန်းအပြင်အဆင် ဝန်ဆောင်မှု ပေးတာတွေ ရှိပါတယ်။ ဒီတော့ သတို့သမီးလေးတို့ ငှားရမ်းလိုက်တဲ့ ခန်းမ ဒါမှမဟုတ် ဟိုတယ်ကနေ ပန်းအပြင်အဆင် အနေနဲ့ ဘာတွေ ဆောင်ရွက်ပေးမလဲဆိုတာ မေးကြည့်ပါ။ ပန်းတိုင်၊ စားပွဲတင်ပန်းတွေ ဝန်ဆောင်မှု ပေးတာမျိုး ရှိနိုင်တာကြောင့်ပါ။ ပေးမယ့် ဝန်ဆောင်မှုတွေ သိထားပြီးမှ ပန်းအပြင်အဆင်ကို ဆက်လက် ပြင်ဆင်ပါ။

ပန်းပြင်မယ်ဆိုရင်

ပန်းအပြင်အဆင်အတွက် ပြင်ဆင်တဲ့အခါမှာ (၃) မျိုးရှိပါတယ်။

  • ပန်းအတုတွေချည်းနဲ့ အလှဆင်ခြင်း
  • ပန်းအစစ်တွေချည်းနဲ့ အလှဆင်ခြင်းအပြင်
  • ပန်းအတုနဲ့အစစ် ရောစပ်ပြီး ပြင်ဆင်ခြင်းပါ။

သတို့သမီးလေးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ပန်းကတော့ သတို့သမီးလေးတို့ ချဲ့ရင်ချဲ့သလောက် ကုန်နိုင်တာမို့ ပန်းအတုနဲ့ အစစ် ရောစပ်ပြီး သုံးမယ်ဆိုရင်တော့ ဈေးသင့်ပါတယ်။

ပန်းအမျိုးအစားကို သေချာရွေးချယ်ပါ

ပန်းအပြင်အဆင်အတွက် လေ့လာမယ်ဆိုရင်

သတို့သား၊ သတို့သမီးလေးတို့ရေ ပန်းအပြင်အဆင်အတွက် ဆောင်ရွက်တော့မယ်ဆိုရင် review များများ ဖတ်ဖို့ လိုပါတယ်။ service အပ်မယ်ဆိုရင်လည်း ပုံစံလေးနဲ့ ဈေးနှုန်းလေးတွေ သေချာစုံစမ်းပါ။ ပုံမှန်အားဖြင့်တော့ ခန်းမ အဝင်ပန်းကုံး၊ ပန်းတိုင်၊ ရင်ကပ်ပန်း၊ Backdrop ၊ စားပွဲတင်ပန်း၊ လက်ကိုင်ပန်းတွေ ပါဝင်ရမှာ ဖြစ်ပါတယ်။ အကယ်လို့ ခန်းမက ပေးတာတွေ ရှိမယ်ဆိုရင်တော့ service ကနေ မှာစရာမလိုတော့ဘူးပေါ့။

ပန်းအပြင်အဆင်တွေက မိသားစုဝင်တွေနဲ့ အရံတွေအတွက်ပါ ပါဝင်ရမှာပါ

ကုန်ကျစရိတ်အတွက်

သတို့သမီးလေးတို့ရေ ပန်းအပြင်အဆင်က ဒီဇိုင်းပေါ်နဲ့ ပန်းရဲ့ဈေးနှုန်းပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိတာမို့ ဒီဇိုင်းနဲ့ ပန်းဈေးကို ထည့်သွင်း စဉ်းစားရပါမယ်။ ဥပမာ သဇင်ပန်းကိုရွေးချယ်လိုက်ပြီး သတို့သမီးလေးတို့ ဆောင်တဲ့လက သဇင်ပန်းရှားတဲ့အချိန်ဆိုရင် ဈေးက ပိုပြီး ကုန်ကျနိုင်ပါတယ်။ ဒါကြောင့် သတို့သမီးလေးတို့ ပန်းအမျိုးအစား ရွေးချယ်တဲ့အခါ ဆောင်မယ့်လမှာ အဲဒိပန်းရဲ့ ဈေးနှုန်းကိုပါ ထည့်စဉ်းစားပါနော်။

From Marry with


Comments

0 comments
Latest video