မင်္ဂလာပွဲလေးမှာ ဘယ်လို ကိတ်မျိုးကို ရွေးချယ်မလဲ

by: Editor
 0 comments  0 love

မင်္ဂလာကိတ်လေးတွေကို ရွေးချယ်တဲ့အချိန်မှာ လူရွေးများတဲ့ပုံစံလေးတွေကိုသာမကဘဲ ခေတ်စားနေတဲ့ပုံစံလေးတွေကိုလည်း သိထားပေးဖို့ လိုအပ်ပါတယ်။

မင်္ဂလာပွဲအတွက် ကိတ်မုန့်လေး (Photo:Lakeland)

Marry ရဲ့ မင်္ဂလာမောင်နှံတို့ရေ မင်္ဂလာပွဲလေး အတွက် ဘယ်လိုကိတ်မျိုးကို ရွေးချယ်လိုက်ရင် ကောင်းမလဲလို့ ရွေးချယ်ရ ခက်နေပါသလား။ အခု Marry ပြောပြပေးချင်တာကတော့ မင်္ဂလာပွဲလေးမှာ ဘယ်လို ကိတ်မျိုးကို ရွေးချယ်လိုက်ရင် အကောင်းဆုံး ဖြစ်မလဲဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အဖြူရောင် မင်္ဂလာကိတ်လေးတွေထဲက အလှပဆုံးပုံစံလေးများ ကိုလည်း ပြောပြထားပါတယ်။ Marry ကတော့ မင်္ဂလာပွဲလေးအတွက် ကိတ်မုန့်ကို ရွေးမယ်ဆိုရင်တော့ သီးစုံကိတ်လေးကို ရွေးချယ်မှာပါ။ ဘာလို့လဲ ဆိုတာကိုတော့ ဖတ်ကြည့်ပေးပါဦး။

မင်္ဂလာကိတ်လေးကို အကောင်းဆုံး ရွေးချယ်မယ်  (Photo:Dreamstime)

သူများနဲ့ မတူတာကို ရွေးချယ်မယ်

မင်္ဂလာပွဲလေး ဆိုတာကတော့ တစ်သက်မှာ တစ်ကြိမ်ပဲ အခမ်းနားဆုံးပြုလုပ်တဲ့ပွဲလေး ဖြစ်တဲ့အတွက် ပွဲနဲ့ ဆိုင်တာတွေ အကုန်လုံးကို သေချာ ကြိုတင် ပြင်ဆင်ထားနိုင်ဖို့ အရေးကြီးပါတယ်။ အကောင်းဆုံး ပြင်ဆင်မှု ပြုလုပ်နိုင်ဖို့ကိုတော့ သေချာ ရွေးချယ်တတ်ရမှာပါ။ ဒီအတိုင်းပါပဲ။ မင်္ဂလာကိတ်လေးကို ရွေးချယ်တော့မယ် ဆိုရင် တခြား မင်္ဂလာမောင်နှံလေးတွေနဲ့ မတူတာကို ရွေးချယ်လိုက်ပြီး မင်္ဂလာပွဲအတွက် ပြင်ဆင်လိုက်ပါနော်။ မင်္ဂလာကိတ်လေးတွေကို အသီးလေးတွေနဲ့ အလှဆင်ထားတဲ့ပုံစံမျိုးကို ရွေးချယ်တာ နည်းပါတယ်။ တကယ်တော့ အသီးလေးတွေနဲ့ ပြင်ဆင်ထားတဲ့ကိတ်မုန့်လေးတွေကတော့ မင်္ဂလာပွဲလေးကို ပိုမို စိုပြေ လှပစေနိုင်ပါတယ်။

ကိတ်မုန့်လေးကို အသီးလေးတွေနဲ့ အလှဆင်မယ် (Photo:Dreamstime)

လိုသလို ပုံဖော်လို့ ရနိုင်တာမျိုးကို ရွေးချယ်ပါ

မင်္ဂလာကိတ်လေးတွေကို ရွေးချယ်တဲ့အချိန်မှာ လူရွေးများတဲ့ပုံစံလေးတွေကိုသာမကဘဲ ခေတ်စားနေတဲ့ပုံစံလေးတွေကိုလည်း သိထားပေးဖို့ လိုအပ်ပါတယ်။ ဒါမှ မင်္ဂလာမောင်နှံလေးတွေအတွက် ဘယ်လိုပုံစံမျိုးကို ရွေးချယ်ရမလဲဆိုတဲ့ အကြံကောင်းတွေ ရရှိနိုင်မှာ ဖြစ်လို့ပါ။ Marry က ဘာလို့ အသီးတွေနဲ့ အလှဆင်ထားတဲ့ကိတ်မျိုးကို ရွေးချယ်လိုက်ရသလဲ ဆိုရင် ဒီကိတ်လေးကတော့ လိုသလို ပုံဖော်လို့ ရနိုင်တာမို့လို့ပါ။ အောက်ခံ ကိတ်သားပြောင်လေးအပေါ်မှာပဲ အသီးလေးတွေကို လိုသလို ပုံဖော်ပြီး အလှဆင်ထားတဲ့မင်္ဂလာကိတ်မျိုးကတော့ မင်္ဂလာပွဲလေးအတွက် အလိုက်ဖက်ဆုံးရွေးချယ်မှု ဖြစ်မှာပါ။

မင်္ဂလာမောင်နှံလေးတို့ မင်္ဂလာကိတ်လေးကို ရွေးချယ်တဲ့အချိန်မှာ အကောင်းဆုံးရွေးချယ်နိုင်ပါစေလို့ Marry က ဝေမျှလိုက်ရပါတယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles