စုံတွဲလေးတို့ မင်္ဂလာပွဲအတွက် အစားအသောက်မှာယူမယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  1 love

စုံတွဲလေးတို့ရေ ကိုယ့်ရဲ့မင်္ဂလာပွဲအတွက် အစားအသောက်တွေ မှာယူတော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေကို သိထားပြီးပြီဆိုတော့ ကြိုတင်ပြင်ဆင်လို့ရမှာပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲမှာ အခမ်းအနား အစီအစဉ်ကျမှုက အရေးပါသလို ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံမယ့် အစားအသောက်တွေကလည်း အရေးကြီးပါတယ်။ ကိုယ့်ပွဲကို အချိန်ပေးပြီး လာတဲ့ ဧည့်သည်တွေ အတွက် အစားအသောက် အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မှ ပွဲပြီးမှ မျက်နှာပျက်တာတွေ မဖြစ်မှာပါနော်။

ဧည့်ခံမယ့်သူ

ခန်းမတွေကနေ အစားအသောက်ကို မှာယူမယ်ဆိုရင် ဧည့်ခံမယ့်သူတွေကရော စီစဉ်ပေးမလား၊ အဆင်ပြေလားဆိုတာ သတိထားပေးဖို့ လိုပါတယ်။ ဝန်ထမ်းအင်အား လုံလောက်သလားဆိုတာပါ မေးဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ဘဲ ဝန်ထမ်းအင်အားနည်းမယ်ဆိုရင်တော့ ဧည့်သည်တွေဆီ စားစရာတွေ အသင့်မရောက်တာ၊ ဧည့်သည်တွေ တစ်ခုခု လိုတဲ့အခါ ချက်ချင်းမစီစဉ်ပေးနိုင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကျွေးအမွေးစီစဉ်တဲ့အခါ ဧည့်ခံမယ့်သူ လုံလောက်အောင် စီစဉ်ပါ။ အကယ်လို့ ဟိုတယ် ခန်းမက ဝန်ထမ်း မလုံလောက်ဘူးဆိုရင် စုံတွဲလေးတို့ လူငှားဖို့ ထပ်ပြီး ပြင်ဆင်ထားပေးပါနော်။ ဒါမှ အဆင်ပြေမှာပါ။ အနည်းဆုံးတော့ (၃) ဝိုင်းကို (၁) ယောက်လောက် ရှိနေသင့်ပါတယ်။

ဧည့်သည်တွေ ပိုကြိုက်နိုင်လား (photo: Money Crashers)

အရသာက ဧည့်သည်တွေ ပိုကြိုက်နိုင်လား

အကျွေးအမွေး စီိစဉ်တဲ့အခါမှာ နောက်ထပ် ဂရုစိုက်ရမယ့် အချက်ကတော့ ခန်းမက စီစဉ်ပေးတဲ့ အစားအစာတွေကို မြည်းစမ်းခွင့် ရမလားဆိုတာပါ။ ဒါမှ အရသာကို သေချာလေး သိနိုင်မှာပါ။ ဒီအချက်က အပြင်ကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် မှာယူရင် စိတ်ကြိုက်ရွေးလို့ရပေမယ့် ခန်းမတွေမှာက ဆိုင်ရွေးလို့ မရဘူးလေနော်။ ဒီတော့ အရသာနဲ့ စီစဉ်ပေးမယ့် ပန်းကန်ခွက်ယောက်တွေရော လှပသလားဆိုတာမေးပါနော်။ ရွေးချယ်တဲ့အခါမှာလည်း စုံတွဲလေးတို့ ကြိုက်တာ ရွေးချယ်တယ်ဆိုပေမယ့် ဧည့်သည် အများစု ကြိုက်နိုင်လားဆိုတာကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။

ကုန်ကျစရိတ် (photo: iStock)

ကုန်ကျစရိတ်

စုံတွဲလေးတို့ ကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားပါ။ တစ်ခါတလေ မှာယူတဲ့အခါမှာ ပြောထားတဲ့ ဈေးထက် ငွေရှင်းတဲ့အခါမှာ Tax တွေ ပါလာတတ်တာကြောင့်ပါ။ စားရိတ်ပိုလာတာတွေလည်း ဖြစ်လာတာမို့ ကုန်ကျစရိတ်ကို သေချာလေး မေးမြန်းဖို့ လိုပါတယ်။

စုံတွဲလေးတို့ရေ ကိုယ့်ရဲ့မင်္ဂလာပွဲအတွက် အစားအသောက်တွေ မှာယူတော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေကို သိထားပြီးပြီဆိုတော့ ကြိုတင်ပြင်ဆင်လို့ရမှာပါ။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords