Advertisement

မနက် ၁၀၊ ညနေ ၃ နာရီတို့လို အချိန်တွေကို ကိုက်ပြီး ပြုလုပ်တဲ့မင်္ဂလာပွဲတွေကတော့ အစားအသောက်အတွက် ငွေကြေး ချွေတာဖို့ အကောင်းဆုံးအချိန်ပါ။

အစားအသောက်ပိုင်းမှာ ချွေတာပါ

မင်္ဂလာပွဲ တစ်ခါကျင်းပတယ်ဆိုတာ အရာရာတိုင်း ပြင်ဆင်တဲ့အချိန်မှာ ငွေကုန်ကြေးကျများလှပါတယ်။ အဝတ်အစားဖိုးကအစ မိတ်ကပ်ပြင်ဆင်ခြယ်သတာတွေအတွက်ပါကုန်ကျသလို ခန်းမဖိုးတွေအတွက်ပါ စုံနေအောင် အကုန်အကျများပါတယ်။ အကယ်လို့ စုံတွဲလေးတို့က လျှော့ချချင်တယ်ဆိုရင်တော့ အစားအသောက်ပိုင်းမှာ လျှော့ချလို့ ရပါတယ်။ ဒီတော့ မင်္ဂလာပွဲမှာ အစားအသာက်ကုန်ကျစရိတ်ကို လျော့ချနိုင်မယ့်နည်းတွေကို Marry ကနေ ပြောပြပေးချင်ပါတယ်။

မင်္ဂလာအချိန်ကို နေ့လည် နေ့ခင်း ထမင်းစားချိန် မဟုတ်တဲ့အချိန်ကို ရွေးချယ်ပါ

နေ့လည်၊ ညနေတို့လိုမျိုး ထမင်းစားချိန်တွေမှာ မင်္ဂလာပွဲ မလုပ်ပါနဲ့။ မနက်( ၁၀)၊ ညနေ( ၃) နာရီတို့လို အချိန်တွေကို ကိုက်ပြီး ပြုလုပ်တဲ့မင်္ဂလာပွဲတွေကတော့ အစားအသောက်အတွက် ငွေကြေး ချွေတာဖို့ အကောင်းဆုံးအချိန်ပါ။ ဘာလို့ဆို ထမင်းစားချိန်မှာ လုပ်ရင် ဗိုက်ပြည့်တဲ့အစားအသောက်မျိုးကို ကျွေးမွေးမှ ဖြစ်မှာပါ။ တကယ်လို့ လက်ဖက်ရည်သောက်ချိန်တွေ၊ အဆာပြေ မုန့်စားတဲ့အချိန်တွေမှာ ပြုလုပ်လိုက်တာက အစားအသောက်ပိုင်းမှာ လက်ဖက်ရည်၊ မုန့်၊ ရေခဲမုန့်လေးတို့နဲ့တောင် လုံလောက်သွားလို့ပါ။

မင်္ဂလာအချိန်ကို အဆာပြေစားတဲ့အချိန် သတ်မှတ်ပါ

အော်ဒါမှာပါ

ထမင်းတို့လိုမျိုး ကျွေးမယ်ဆိုရင်တော့ အချက်အပြုတ်အတွက် အကုန်အကျ မသိမသာနဲ့ များနိုင်ပါတယ်။ စားဖိုမှူးတွေကို ချက်ပြုတ်ခ၊ ဈေးဝယ် ကုန်ကျစရိတ်၊ ပြင်ဆင်ပေးတဲ့သူတွေအတွက်ပါ ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားရမှာပါ။ အပြင်ကသာ အဆင်သင့်ကျွေးမွေးနိုင်တာမျိုးကို အော်ဒါမှာလိုက်မယ်ဆိုရင် အသက်သာဆုံးပါ။ အစားအသောက်အတွက် ခန့်မှန်းသုံးမယ်လို့တွေးထားတဲ့ပမာဏရှိတဲ့အစားအသောက်မျိုးကို အော်ဒါမှာလိုက်ပါ။

လူအများကြီး မဖိတ်ပါနဲ့

အရင်းနှီးဆုံးလူတွေ၊ မဖိတ်မဖြစ်တွေကိုပဲ ရွေးဖိတ်ပါ။ မိတ်ဆွေတွေဆိုပြီး နည်းနည်းလောက်ပဲ သိတဲ့သူတွေ၊ ခင်ရုံခင်တဲ့သူတွေကို အကုန် မဖိတ်ပါနဲ့။ မဟုတ်ရင် လူများပြီး ပွဲမစည်တာမျိုးတွေနဲ့ အကုန်အကျများတာပဲ အဖတ်တင်နိုင်လို့ပါ။ ရင်းနှီးတဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ပဲ မင်္ဂလာပွဲကို ကျင်းပလိုက်ပါ။

Marry ရဲ့ မင်္ဂလာမောင်နှံတွေအတွက် မင်္ဂလာပွဲမှာ အစားအသောက်ပိုင်း ကုန်ကျစရိတ်ကို လျော့ချနိုင်မယ့်နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ရပါတယ်။

Comments

0 comments