မင်းကွန်းတိပိဋကကျောင်းမှာ မင်္ဂလာဆောင်မယ်ဆိုရင် ကုန်ကျငွေ

by: Phyo Pyae Thu
 2 comments  4 love

မင်္ဂလာဦးဆွမ်းကျွေးရော မင်္ဂလာပွဲထွက်ပါ နှစ်မျိုးလုံး တပြိုင်တည်း လုပ်မယ်ဆိုရင်တော့ မင်းကွန်းတိပိဋကနိကာယ ကျောင်းတိုက်မှာ အဆင်ပြေပါတယ်။

ပွဲထွက်တာမျိုး လုပ်လို့ ရပါတယ်

မင်္ဂလာဆောင်ကို ပွဲလည်း ထွက်ချင်တယ် ဘုန်းဘုန်းတွေကိုလည်း ဆွမ်းကပ်ချင်တာမျိုး သတို့သား၊ သတို့သမီးလေးတွေ စိတ်ကူးမိကြမှာပါ။ ဒါပေမယ့် နှစ်ပွဲ မစီစဉ်ချင်ဘူးဆိုရင်တော့ တစ်ပွဲတည်းနဲ့ အဆင်ပြေအောင် စီစဉ်ရမှာပါ။ မင်္ဂလာဦးဆွမ်းကျွေးရော မင်္ဂလာပွဲထွက်ပါ နှစ်မျိုးလုံး တပြိုင်တည်း လုပ်မယ်ဆိုရင်တော့ မင်းကွန်းတိပိဋကနိကာယ ကျောင်းတိုက်မှာ အဆင်ပြေပါတယ်။

ခန်းမ အမျိုးအစား

မင်းကွန်းတိပိဋကနိကာယ ကျောင်းတိုက်မှာ ခန်းမ နှစ်မျိုး ရှိပါတယ်။ ရွှေရတု ခန်းမနဲ့ ငွေရတု ခန်းမပါ။ ရွှေရတု ခန်းမမှာတော့ ဧည့်သည် အယောက်(၄၀၀) လောက်ဆန့်ပြီး ငွေရတု ခန်းမမှာတော့ ဧည့်သည်(၃၀၀) လောက် ဆန့်ပါတယ်။

မင်္ဂလာပွဲ ကျင်းပလို့ရမယ့်အချိန်

ရွှေရတုခန်းမမှာ ကျင်းပမယ်ဆိုရင်တော့ မနက်ခင်း(၉နာရီကနေ နေ့လည် ၁၁နာရီ)၊ နေ့လည် (၁၂နာရီခွဲကနေ ၂နာရီခွဲ)နဲ့ ညနေ (၄နာရီကနေ ၆နာရီ အထိပါ။

ငွေရတုခန်းမမှာ ကျင်းပမယ်ဆိုရင်တော့ မနက်(၁၀နာရီကနေ ၁၂နာရီ)၊ နေ့လည် (၁နာရီကနေ ၃နာရီ)၊ ညနေ (၄နာရီကနေ ၆နာရီ) ထိပါ။

ခန်းမကုန်ကျစရိတ်

ရွှေရတု ခန်းမဆိုရင်တော့ အလှူငွေ (၄) သိန်းဖြစ်ပြီး ငွေရတုခန်းမကတော့ အလှူငွေ(၃) သိန်းပါ။

အကျွေးအမွေး

အကျွေးအမွေးကတော့ ဘုန်းကြီးကျောင်းကို အပ်လို့ ရပါတယ်

သံဃာတော်တွေကို အာရုံဆွမ်း၊ နေ့ဆွမ်း လှူဒါန်းနိုင်ပါတယ်

မင်္ဂလာပွဲလာ ဧည့်သည်တွေအတွက်တော့ အကျွေးအမွေးကို ဘုန်းကြီးကျောင်းကပဲ စီစဉ်ပေးတယ်လို့ ဆိုပါတယ်။ ကြက်သားပလာတာ၊ နန်းကြီးသုပ်၊ ဒံပေါက်ကျွေးလို့ ရသလို ကော်ဖီနဲ့ မုန့်လည်း ကျွေးလို့ ရပါတယ်။ သတို့သား၊ သတို့သမီးလေးတို့ ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပြီး ဘုန်းကြီးကျောင်းတိုက်ကပဲ အစားအသောက် စီစဉ်ပေးတဲ့အပြင် ပွဲလာတဲ့ ဧည့်သည်တွေကိုလည်း ဧည့်ခံပေးတာမို့ သတို့သား သတို့သမီးလေးတို့ သက်သက်စီစဉ်စရာ မလိုပါဘူး။

တစ်ယောက်စာ ကုန်ကျစရိတ်ကတော့

သီးစုံထောပတ်ထမင်း (ကြက်သားဆီပြန်၊ ဝက်သားဆီပြန်၊ ငါးဖယ်ဆီပြန်) ကြိုက်ရာဟင်းတမျိုး၊ ဗာလချောင်ကြော်၊ ကြက်အူချောင်း၊ ကျောက်ပွင့်သုတ်၊ ဟင်းချို၊ ရေခဲမုန့်၊သောက်ရေသန့် အပါအဝင်ကို (၃၅၀၀) ကျပ် ကျမှာပါ။ ကြက်ဆီထမင်းနဲ့ ရေခဲမုန့်ကို (၃၅၀၀) ကျပ်၊ ဒံပေါက်ထမင်း၊ ရေခဲမုန့်ကို (၃၅၀၀) ကျပ်၊ ကြက်သားပလာတာ၊ ရေခဲမုန့်၊ သောက်ရေသန့် (၂၅၀၀ကျပ်)၊ ရွှေတောင်ခေါက်ဆွဲ ရေခဲမုန့်၊ သောက်ရေသန့် (၂၅၀၀ကျပ်)၊ နန်းကြီးသုပ်၊ ရေခဲမုန့်၊ သောက်ရေသန့် (၂၅၀၀ကျပ်)၊ ကော်ဖီနဲ့ မုန့်သုံးမျိုး အပါအဝင် ရေခဲမုန့်(၂၅၀၀) ကျပ် ကျမှာပါ။

ဘယ်လိုဝန်ဆောင်မှုတွေ ပါဝင်သလဲ

မင်းကွန်းတိပိဋကနိကာယမှာ ဆောင်မယ်ဆိုရင် စတိတ်နောက်ခံစာတန်း၊ လက်ဖွဲ့ဖလား၊ လက်စွပ်ကလပ်၊ အောင်စံပယ်ပန်းကုံးကလပ်၊ နောက်ခံတီးလုံးအပြင် အလှပြင်ဖို့ အခန်းလည်း စီစဉ်ပေးပါတယ်။ တစ်ခုရှိတာကတော့ ကျောင်းနဲ့ချိတ်ထားတဲ့ ဗီဒီယို၊ ဓါတ်ပုံအဖွဲ့နဲ့သာ ရိုက်ကူးရမှာပါ။ ဖုန်းနဲ့တော့ ရိုက်လို့ ရပါတယ်။ ရက်ချိန်းသေချာပြီရင် ခန်းမကြေး ပေးသွင်းရမှာဖြစ်ပြီး ဓါတ်ပုံရိုက်ကူးရေးအတွက် စရံ(၅သောင်း) လောက် ပေးရပါတယ်။

သတို့သား၊ သတို့သမီးလေးတို့အနေနဲ့ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်မှာ မင်္ဂလာပွဲကျင်းပမယ်ဆိုရင် ရက်ချိန်းစောစော ကြိုယူဖို့ လိုပါတယ်နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords