မနက်ဖြန် မင်္ဂလာပွဲလေး ကျင်းပတော့မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

သတို့သားလောင်း သတို့သမီးလောင်းလေးတို့ရေ မနက်ဖြန် မင်္ဂလာဆောင်ဆိုရင် ဒီညမှာ လုပ်ဆောင်ရမယ့် အချက်တွေကို သိထားဖို့ လိုတယ်နော်။

သတို့သား၊ သတို့သမီးလောင်းလေးတို့ရေ မနက်ဖြန်မနက်က ကိုယ့်ရဲ့ အကြီးကျယ်အခမ်းနားဆုံး မင်္ဂလာပွဲလေးဆိုရင် ဒီညဟာ ရင်အခုန်ရဆုံးနဲ့ စိတ်အလှုပ်ရှားဆုံး ညတစ်ည ဖြစ်နေမှာပါ။ ဒီလိုညလေးမှာ သတို့သားလောင်းနဲ့ သတို့သမီးလောင်းလေးတို့ မနက်အတွက် ကြိုတင်ပြင်ဆင်ရမှာတွေ ရှိပါတယ်။

သတို့သားလောင်း ပြင်ဆင်ထားရမှာတွေ

သတို့သားလောင်းလေးတို့ရေ ဒီညမှာ အပေါင်းအသင်းတွေ အပြင်မသွားပါနဲ့တော့နော်။ မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်ထားရမယ် မလားနော်။ သတို့သားတို့ မနက်အတွက် ယူသွားရမယ့် အဝတ်အစားနဲ့ Accessories တွေ ကြိုတင်ထည့်ပါ။ အိပ်ရေးဝဝ အိပ်ပါ။ ရေများများ သောက်ပါနော်။ သတို့သားလေးတို့ ညဘက်မှာ အစားအစာလည်း ဂရုစိုက်ပြီးစားပါ။ အချဉ်၊ အစပ်တွေ မစားပါနဲ့တော့။ အကယ်လို့ မိဘတွေနဲ့ အတူတူမနေဘဲ အိမ်ခွဲနေမယ်ဆိုရင် မိဘတွေနဲ့ သွားအိပ်တာမျိုး လုပ်လို့ ရပါတယ်နော်။

သတို့သားလောင်း ပြင်ဆင်ထားရမှာတွေ (photo:Southern Living)

သတို့သမီးလောင်းလေး ပြင်ဆင်ထားရမှာတွေ

သတို့သမီးလောင်းလေးတို့က သတို့သားလောင်းထက် ပိုပြီး ပြင်ဆင်ရမှာပါနော်။ သတို့သမီးလေးတို့ မျက်နှာသေချာ သစ်ပြီး ရေဓါတ်ပြည့်ဝတဲ့ ခရင်မ် တစ်ခုခု လိမ်းပြီး အိပ်ပါ။ ရေများများ သောက်ပါ။ သတို့သမီးလောင်းလေးတို့ အချဉ်၊ အစပ်တွေ မစားပါနဲ့တော့နော်။ မနက်ဖြန်မှာ ယူသွားမယ့် ပစ္စည်းတွေ အကုန်လုံး သေချာလေး တစ်စုတစ်စည်းတည်းထားပါ။ စိတ်ဖိစီးမှုတွေ နည်းအောင်ထားပါ။ မနက်ဖြန်မှာ အလှဆုံးကကိုယ်ဖြစ်နေမှာ သေချာတယ်လို့ တွေးထားပါ။ တချို့သတို့သမီးလေးတွေဆိုရင် မနက်ဖြန်မနက် မိတ်ကပ်ဆရာ မီပါ့မလား တခြားဝန်ဆောင်မှုတွေရော အဆင်ပြေပါ့မလား ဒါမျိုးတွေ တွေးပြီး အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သတို့သမီးလေးတို့အနေနဲ့ စိတ်အေးအေးထားပါ။ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ ဖုန်းအကြာကြီး ပြောတာမျိုး လုပ်ပါ။ မိဘတွေနဲ့ သွားအိပ်တာမျိုး လုပ်ပါ။ သတို့သမီးလောင်းလေးတို့အနေနဲ့ ခြေသည်းလက်သည်း ပြင်ဆင်တာမျိုး လုပ်ပါ။ အချိန်ရမယ်ဆိုရင် အပြုံးလေး လေ့ကျင့်ထားပါနော်။ မင်္ဂလာမဆောင်ခင် ညမှာတော့ ကိုယ့်ရဲ့ မိသားစုနဲ့ အချိန်ဖြုန်းပါ။

သတို့သမီးလောင်းလေး ပြင်ဆင်ထားရမှာတွေ(photo:Southern Living)

စီစဉ်သင့်တာတွေ

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ စီစဉ်ရမယ့်အချက်တွေကို ဒီညမှာတင် အကုန်လုံး အပြီးစီစဉ်ပါ။ မနက်ဖြန်အတွက် ဘယ်နေရာမှာ ဘယ်သူက တာဝန်ယူကူညီပေးဖို့ အကူအညီတောင်းတာမျိုးကို ဒီညမှာ သေချာ အားလုံးစီစဉ်ပါနော်။ အဲဒီလို သေချာ စီစဉ်ပြီးရင်တော့ မနက်ခင်း အိပ်ယာထရမယ့်အချိန်ကို Alarm ပေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါနော်။

သတို့သားလောင်း သတို့သမီးလောင်းလေးတို့ရေ မနက်ဖြန် မင်္ဂလာဆောင်ဆိုရင် ဒီညမှာ လုပ်ဆောင်ရမယ့် အချက်တွေကို သိထားဖို့ လိုတယ်နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords