Advertisement

ရာသီဥတု အေးချမ်းတဲ့နေရာလေးတွေမှာ ကိတ်မုန့်လေးတွေကို ကော်ဖီနဲ့ တွဲ ဧည့်ခံတာကတော့ အလိုက်ဖက်ဆုံး အတွဲအဆက်လေးလို့ ဆိုရမှာ ဖြစ်ပါတယ်။

မင်္ဂလာပွဲလေးတွေမှာ ကိတ်မျိုးစုံကို ပြင်ဆင် ကျွေးမွေးပေးတတ်ကြပါတယ်။

မင်္ဂလာပွဲလေးအတွက် အစားအသောက် ဆိုတာကတော့ အရေးပါတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲလေးကတော့ အချိန်တန်ရင် ပြီးသွားမှာ ဖြစ်ပေမယ့် မင်္ဂလာပွဲမှာ ကျွေးမွေးတဲ့ အစားအသောက်လေးတွေကတော့ ပွဲလာ ဧည့်သည်တွေကြားမှာ ဘာကို ဘယ်လို ကျွေးတာဆိုပြီး တသသ ပြောစရာ စကားလေး အနေနဲ့ ကျန်ရစ်ခဲ့မှာ သေချာပါတယ်။ မင်္ဂလာပွဲမှာ ဘာနဲ့ ဘာတွဲ ကျွေးမွေးတာက အလိုက်ဖက်ဆုံး ဖြစ်မလဲဆိုတာအတွက်ကတော့ မင်္ဂလာ ဧည့်ခံပွဲတွေမှာ ကျွေးမွေးဖို့ အသင့်တော်ဆုံး အတွဲအစပ်တွေ အကြောင်းကို Marry ကနေ ပြောပြပေးလိုက်ရပါတယ်။

ကိတ်မုန့်နဲ့ ကော်ဖီ

မင်္ဂလာပွဲလေးတွေမှာ ကိတ်မျိုးစုံကို ပြင်ဆင် ကျွေးမွေးပေးတတ်ကြပါတယ်။ ရာသီဥတု အေးချမ်းတဲ့နေရာလေးတွေမှာ ကိတ်မုန့်လေးတွေကို ကော်ဖီနဲ့ တွဲ ဧည့်ခံတာကတော့ အလိုက်ဖက်ဆုံး အတွဲအဆက်လေးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကိတ်မုန့်ကို ၄ ၅ မျိုးလောက်ကို ကော်ဖီလေးနဲ့ တွဲ ကျွေးမွေးလိုက်တာကတော့ အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။

လက်ဖက်ရည် ချိုချိုဆိမ့်ဆိမ့်လေးကိုမှ ပက်ဖ် အမျိုးစုံနဲ့ တွဲဖက် ဧည့်ခံပေးလိုက်ပါ။

ရေခဲမုန့်နဲ့ ကိတ်မုန့်

တကယ်လို့ မင်္ဂလာပွဲလေးကို နေ့လည် နေ့ခင်း ပြုလုပ်မယ် ဆိုရင်တော့ ရေခဲမုန့်လေးတော့ အကောင်းဆုံး တည်ခင်းမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ နေ့ခင်းချိန်မှာ ရေခဲမုန့်လေးကို ကိတ်မုန့်လေးတွေနဲ့ တွဲဖက်ပေးလိုက်မယ်ဆိုရင်လည်း ဧည့်သည်တွေအတွက် အဆင်ပြေစေနိုင်မှာပါ။

မြန်မာတွေအတွက်ကတော့ ကော်ဖီတွေ ရေခဲမုန့်တွေထက် လက်ဖက်ရည်ကို ပိုမို ကြိုက်နှစ်သက်ကြပါတယ်။

လက်ဖက်ရည်နဲ့ ပက်ဖ်

မြန်မာတွေအတွက်ကတော့ ကော်ဖီတွေ ရေခဲမုန့်တွေထက် လက်ဖက်ရည်ကို ပိုမို ကြိုက်နှစ်သက်ကြပါတယ်။ လက်ဖက်ရည် ချိုချိုဆိမ့်ဆိမ့်လေးကိုမှ ပက်ဖ် အမျိုးစုံနဲ့ တွဲဖက် ဧည့်ခံပေးလိုက်ပါ။

Marry ရဲ့ မင်္ဂလာမောင်နှံလေးတို့ရဲ့ မင်္ဂလာပွဲလေးမှာ အစားအသောက်နဲ့ ပတ်သက်ပြီး စိတ်မညစ်ရလေအောင် ဝေမျှပေးလိုက်ရပါတယ်။

Comments

0 comments