သဘာဝအလင်းလေးနဲ့ မင်္ဂလာပွဲ အပြင်အဆင်

by: Nway Nway Aung
 0 comments  5 love

 နေရဲ့ အလင်းရောင်ကို သုံးထားတဲ့ နေ့ခင်းမင်္ဂလာပွဲလေးတွေပါ။ ခန်းမထဲမှာ မဟုတ်ဘဲ အပြင်မှာ Out door ကျင်းပတဲ့ ပျော်ရွှင်စရာ မင်္ဂလာပွဲလေးတွေပါ။

နေ့ခင်းမှာ သဘာဝ အလင်းလေးနဲ့ (Photo:Brett Hickman)

Marry ရဲ့ ပရိတ်သတ်တွေကို ဒီတစ်ခါ ဝေမျှပေးချင်တာက သဘာဝအလင်းလေးတွေနဲ့ လှပသက်ဝင်နေတဲ့ မင်္ဂလာပွဲ အပြင်အဆင် လေးတွေ အကြောင်းပါ။ သဘာဝ အလင်းဆိုတဲ့အတိုင်း နေရဲ့ အလင်းရောင်ကို သုံးထားတဲ့ နေ့ခင်းမင်္ဂလာပွဲလေးတွေပါ။ ခန်းမထဲမှာ မဟုတ်ဘဲ အပြင်မှာ Out door ကျင်းပတဲ့ ပျော်ရွှင်စရာ မင်္ဂလာပွဲလေးတွေပါ။

လိုက်ကာအဖြူလေးတွေ

လိုက်ကာ အဖြူလေးတွေနဲ့ အလှဆင်ထားတယ် (Photo:Brett Hickman)

Out door မင်္ဂလာပွဲတွေရဲ့ ထုံးစံအတိုင်း အလှဆင်မီးစလိုက်တွေ မလိုအပ်ပေမယ့် သဘာဝ အလှကို ထောက်ပံ့ပေးမယ့် ပန်းရောင်စုံနဲ့ အရွက်စိမ်းစိမ်းလေးတွေတော့ လိုအပ်ပါတယ်။ မြက်ခင်းပြင်ပေါ်မှာ ကျင်းပတဲ့ ပွဲမျိုးဖြစ်လို့ စိန်းလန်း လတ်ဆတ် လှပနေသလို၊ လေကောင်းလေသန့်ရတဲ့အတွက် မင်္ဂလာ မောင်နှံကိုရော ပွဲလာ ပရိတ်သတ်တွေကိုပါ စိတ်လက်အပန်းပြေစေပါတယ်။ နေထိုးမှာစိုးတဲ့အတွက် ပုဝါအဖြူတွေကို နေကာရင်း အလှဆင်ပေးထားပါတယ်။ ဇာထီးအဖြူလေးတွေကိုတော့ မီးဆိုင်းသဏ္ဍာန် ချိတ်ဆွဲပေးထားတာမို့ အိပ်မက်ဆန်တဲ့ ပွဲလေးဖြစ်နေပါတယ်။

နေရောင်ကို မျှော်တဲ့ နေကြာပန်းလေးတွေ

နေရောင်ကို မျှော်တဲ့ နေကြာပန်းလေးတွေ (Photo:Brett Hickman)

Out door မင်္ဂလာပွဲလေးတွေအတွက် လိုက်ဖက်လှတဲ့ နေကြာပန်းလေးတွေပါ။ နေရောင်ကို မျှော်လင့်တဲ့ နေကြာပန်းလေးတွေ ဖြစ်တာကြောင့် နေ့အလင်းရောင် ရှိနေသ၍ နေကြာပန်းလေးတွေက လန်းနေမှာပါ။ အရောင်အရ ပြောရင်လည်း နေ့ခင်းပွဲတွေအတွက် အဖြူရောင်တွေကို အသုံးများတဲ့အတွက် အဝါရောင်နေကြာပန်းလေးတွေ ထည့်ပြီး အလှဆင်လိုက်ခြင်းက ပွဲလေးကို ပိုလှပစေပါတယ်။

ကမ်းခြေ မင်္ဂလာပွဲလေး

ကမ်းခြေ မင်္ဂလာပွဲလေး

နေ့အလင်းရောင်နဲ့ ကျင်းပလို့ရတဲ့ နောက်ပွဲတစ်မျိုးကတော့ သတို့သမီးလောင်းလေး တော်တော်များများရဲ့ စိတ်ကူးယဉ် အိပ်မက်ထဲမှာ ရှိနေတဲ့ ပင်လယ်ကမ်းခြေမင်္ဂလာပွဲလေး ဖြစ်ပါတယ်။ အပြောကျယ်တဲ့ ပင်လယ်ကြီးရယ်၊ အဆက်မပြတ် တိုက်ခတ်နေတဲ့ လေညှင်းလေးရယ် နွေးထွေးတဲ့ သဲသောင်ပြင်ကြီးရယ်ကြောင့် လှပမှုတွေ ပြည့်စုံနေတဲ့ ပင်လယ်ကမ်းခြေမှာ မင်္ဂလာပွဲလေးက အထွေအထူး အလှဆင်စရာမလိုဘဲ ရင်ခုန်စရာ ကောင်းလောက်အောင် လှပနေမှာ အသေအချာပါပဲ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords