Advertisement

ဧည့်သည်တွေကို ဧည့်ကြိုနှုတ်ဆက်တာ၊ ကောင်းမွန်တဲ့ အစားအစာတွေက ဧည့်ခံတာတွေက ဧည့်သည်တွေအပေါ် အဆင်ပြေအောင်စီစဉ်ပေးခြင်းနဲ့ ဧည့်ဝတ်ကျေခြင်းပါပဲ။ 

မင်္ဂလာပွဲတစ်ပွဲ စီစဉ်တာက အစစအရာရာ ဂရုစိုက်ရပါတယ်။ မင်္ဂလာပွဲမှာ လှပတဲ့ အခမ်းအနားဖြစ်ဖို့၊ ကျက်သရေရှိပြီး လှပတဲ့ သတို့သား၊ သတို့သမီးဖြစ်ဖို့အပြင် ကြွရောက်ချီးမြှင့်ကြမယ့် ဧည့်ပရိသတ်တွေ အဆင်ပြေစေဖို့လည်း ဂရုစိုက်ပြီး စီစဉ်ရမှာပါ။ ဧည့်သည်တွေ အဆင်ပြေစေဖို့ဆိုရင် ဧည့်သည်တွေကို ဧည့်ကြိုနှုတ်ဆက်တာ၊ ကောင်းမွန်တဲ့ အစားအစာတွေက ဧည့်ခံတာတွေက ဧည့်သည်တွေအပေါ် အဆင်ပြေအောင်စီစဉ်ပေးခြင်းနဲ့ ဧည့်ဝတ်ကျေခြင်းပါပဲ။

ကုန်ကျစရိတ်အကြောင်း

ဧည့်သည်တွေအတွက် ကောင်းမွန်တဲ့ အစားအစာတွေ စီစဉ်တဲ့အခါမှာလည်း သတို့သား၊ သတို့သမီးလေးတို့ သတ်မှတ်ထားတဲ့ လူဦးရေနဲ့ ကုန်ကျခံမယ့် ငွေပမာဏထဲ ဝင်အောင် စီစဉ်ရမှာ ဖြစ်တဲ့အတွက် မင်္ဂလာဆောင်အတွက် ဝန်ဆောင်မှုပေးတဲ့ စားသောက်ဆိုင်တွေနဲ့ ကုန်ကျစရိတ်လေးတွေအကြောင်း သိထားသင့်ပါတယ်။

(၅၀၀၀) ကျပ်အောက် စီစဉ်နိုင်တဲ့ အစားအသောက်များ

စုံတွဲလေးတို့ရေ မင်္ဂလာဆောင် အစားအသောက်အတွက် ကုန်ကျစရိတ်ကို တစ်ယောက်နှုန်း (၅၀၀၀) ကျပ်အောက်ဆိုရင်တော့ ရွေးချယ်စရာတွေ ရှိပါတယ်။ ဒံပေါက်ထမင်း၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်း၊ ကြက်သားပလာတာ၊ ရေခဲမုန့် ကော်ဖီနဲ့ မုန့်(၄) မျိုးလောက် ရွေးချယ်လို့ ရနိုင်ပါတယ်။ စုံတွဲလေးတို့ မင်္ဂလာပွဲ ကျင်းပမယ့် နေရာခန်းမပေါ် မူတည်ပြီး အစားအသောက် ဈေးနှုန်းက ပြောင်းလဲနိုင်ပါတယ်။ တချို့ခန်းမတွေကတော့ အစားအသောက်ကို စီစဉ်ပေးပြီး တချို့ကတော့ ပြင်ပကနေ မှာယူရတာမျိုး ရှိပါတယ်။ တော်တော်များများကတော့ စီစဉ်ပေးကြတာပါ။

အစားအသောက်ကို ကြိုတင်စုံစမ်းပါ

ဘုန်းကြီးကျောင်းမှာဆိုရင်

မင်းကွန်းဘုန်းကြီးကျောင်းမှာဆိုရင် ဒံပေါက်ထမင်း၊ ကြက်ဆီထမင်း၊ ထောပတ်ထမင်းကို အသားတစ်မျိုးနဲ့ ရေခဲမုန့် ရေသန့်ဗူး အပါအဝင်(၃၅၀၀) ကျပ်လောက် ကျသင့်မှာဖြစ်ပြီး မုန့်(၃) မျိုးနဲ့ ကော်ဖီဆိုရင်တော့ (၂၅၀၀) ကျပ် ဝန်းကျင်လောက်ပဲ ကျမှာ ဖြစ်ပါတယ်။မဟာစည်သာ့သနာ့ရိပ်သာမှာဆိုရင်တော့  ထောပတ်ထမင်းကို ကြက်သား ဒါမှမဟုတ် ဆိတ်သား၊ ချဉ်ပေါင်ဟင်းရည်၊ ငါးပိကြော်၊ ကျောက်ပွင့်သုတ်၊ ရေခဲမုန့်နဲ့ ရေသန့် အပါအဝင်ကို တစ်ယောက်နှုန်း (၃၅၀၀) ကျပ် ကျမှာ ဖြစ်ပါတယ်။ ထမင်းဖြူကျွေးမယ်ဆိုရင်လည်း ကြက်သား၊ ငါး၊ ရေခဲမုန့်နဲ့ အသုပ်တစ်မျိုး အပါအဝင်ကို (၃၂၀၀) ကျပ်လောက် ကျမှာ ဖြစ်ပါတယ်။ သတို့သား၊ သတို့သမီးလေးတို့ ကျပ်(၅၀၀၀) အောက် စီစဉ်နိုင်မယ့် အစားအစားတွေပါပဲနော်။ ပြင်ပကနေ မှာယူမယ်ဆိုရင်လည်း ဒီဈေးနှုန်းလောက် ရှိပါတယ်နော်။

ဖိတ်မယ့်အရေအတွက်ထက် ထပ်ဆောင်းပြီးမှာယူပါ

ပွဲအချိန်က မနက်ခင်းဆိုရင်

အကယ်လို့ မင်္ဂလာပွဲအချိန်က မနက်ခင်းဖြစ်တာကြောင့် ထမင်းနဲ့ ပတ်သက်တာတွေ မကျွေးချင်ဘူးဆိုရင်တော့ ရွေးချယ်စရာအနေနဲ့ ရွှေတောင်ခေါက်ဆွဲ ရှိပါတယ်။ ရွှေတောင်ခေါက်ဆွဲကလည်း မင်္ဂလာဆောင်မှာ အကျွေးများတဲ့ အစားအသောက်တစ်မျိုးပါပဲ။ ရွှေတောင်ခေါက်ဆွဲဆိုရင်တော့ (၁၅၀၀) ကျပ်ကနေ (၁၈၀၀) ကျပ် ဝန်းကျင်လောက် ရှိပါတယ်။

စီစဉ်တဲ့အခါ

စုံတွဲလေးတို့ရေ ဘယ်လိုအစားအစာကိုပဲ ရွေးချယ်ပါစေ လောက်ငှဖို့ကတော့ အဓိက ကျပါတယ်နော်။ ခုနောက်ပိုင်းမှာတော့ အပိုထပ်ဆောင်းပြီး မှာပါ။ ခုနောက်ပိုင်းမှာတော့ မလောက်ရင် ထပ်ပြီး မြန်မြန် မှာလို့ ရပါတယ်။ ဒါပေမယ့် အရှေ့ပိုင်းမှာ ဧည့်ခံကျွေးမွေးတဲ့ အစားအစာနဲ့ နောက်ပိုင်းမှာ ဧည့်ခံကျွေးမွေးတဲ့ အစားအစာတော့ တူညီပါစေနော်။ အရသာလည်း တူပါစေနော်။ ဒါမှ ဧည့်သည်တွေအတွက် အဆင်ပြေမှာပါနော်။

Comments

0 comments