Advertisement

Marry က မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ မင်္ဂလာဆောင်နေချိန်အတွင်းမှာ ဖြစ်တတ်တဲ့ ပြဿနာလေးတွေကို သိပြီးပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားဖို့ အဆင်ပြေမှာပါနော်။

မင်္ဂလာပွဲတစ်ပွဲ စီစဉ်ရတယ်ဆိုတာ စုံတွဲလေးတို့ကြားမှာ ညှိစရာတွေ များသလို နှစ်ဖက်မိဘဆွေမျိုးတွေနဲ့လည်း ပေါင်းစည်းပြီး လုပ်ရတာတွေ ရှိပါတယ်။ မင်္ဂလာပွဲ တစ်ပွဲ စီစဉ်နေချိန်အတွင်း သတို့သားလောင်းနဲ့ သတို့သမီးလောင်းတို့ ကြားမှာ ဖြစ်တတ်တာတွေ ဖြေရှင်းရမှာတွေကို ကြိုသိထားတယ်ဆိုရင်တော့ ညှိနှိုင်းရ အဆင်ပြေမှာပါ။

နှစ်ဖက်မိဘကြား

မင်္ဂလာပွဲ စီစဉ်နေချိန်အတွင်းမှာ နှစ်ဖက်မိဘတွေရဲ့ ဆက်ဆံရေးကလည်း အရမ်း အရေးပါတယ်။ နှစ်ဖက်မိဘ ညှိနှိုင်းရ ခက်တဲ့အခါနဲ့ အဆင်မပြေတဲ့ အခါတွေ ဖြစ်တတ်ပါတယ်။ သားရှင်ကလည်း သူတို့ဘက်က ဖြစ်ချင်တဲ့ ဆန္ဒတွေ ပြောမယ်၊ သမီးရှင်ဘက်က လိုချင်တာတွေ ပြောမယ်၊ အဲဒီမှာ ဟိုဘက်ဒီဘက် အဆင်မပြေတာတွေ ဖြစ်တတ်ပြီး သတို့သားလောင်းနဲ့ သတို့သမီးလောင်းတို့ကြားမှာ ပိုပြီး ကတောက်ကဆ ဖြစ်တတ်ပါတယ်။

သတို့သားနဲ့သတို့သမီးကြား ဖြစ်တတ်တာတွေ (photo: thespruce.com)

မင်္ဂလာပွဲ ဆက်မလုပ်ချင်တော့ဘူး

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ စီစဉ်နေချိန်အတွင်း သတို့သမီးလေးတွေ ပြောလာနိုင်တဲ့ စကားကတော့ ” မင်္ဂလာပွဲ ဆက်မလုပ်ချင်တော့ဘူး” ဆိုတာပါ။ သတို့သမီးလောင်းလေးတို့ စိတ်ရှုပ်တာတွေ၊ စီစဉ်နေချိန်အတွင်း တစ်ယောက်တစ်မျိုးစီ ဖြစ်နေတာတွေကို စိတ်တွေညစ်လာပြီး မင်္ဂလာပွဲ ဆက်မလုပ်ချင်တဲ့ ကိစ္စတွေ ဖြစ်တတ်ပါတယ်။ သတို့သမီးလေးဘက်က အဲဒီလိုလေး ဖြစ်တယ်ဆိုရင် သတို့သားဘက်က စိတ်ရှည်ရှည်နဲ့ သည်းခံပေးဖို့ လိုပါတယ်နော်။

မင်္ဂလာပွဲ ဆက်မလုပ်ချင်တော့ဘူး (photo: thespruce.com)

စိတ်ပူပန်တတ်တာ

သတို့သမီးလေးတွေမှာ အဖြစ်များတဲ့ ကိစ္စကတော့ မင်္ဂလာပွဲအတွက် စိတ်ပူပန်တာပါပဲ။ မင်္ဂလာပွဲအတွက် စီစဉ်ထားတာတွေ အဆင်ပြေမှ ပြေပါ့မလား၊ တစ်ခုခု လွဲချော်မလား၊ ရလဒ်တွေ ထွက်လာရင်ရော လှပါ့မလား၊ အချိန်ရော မီပါ့မလား အစရှိသလိုတွေ တွေးပူပြီး စိတ်သောက ရောက်တာမျိုး ဖြစ်တတ်ပါတယ်နော်။ ဒါကတော့ သတို့သမီးလေးတော်တော်များများ ကြုံတာမို့ စိတ်ကို တင်းထားဖို့ လိုပါတယ်။

သဘောထားတွေ မတိုက်ဆိုင်တာ (photo: weddingstas.com.au)

သဘောထားတွေ မတိုက်ဆိုင်တာ

မင်္ဂလာပွဲ စီစဉ်နေတဲ့အချိန်မှာ သတို့သားနဲ့ သတို့သမီးတို့ သဘောထား မတိုက်ဆိုင်တာတွေ ဖြစ်တတ်ပါတယ်။ စီစဉ်တာတွေနဲ့ ပတ်သက်ပြီး စိတ်ချင်း မတူတာတွေကြောင့် စကားသေချာ မပြောချင်တာ၊ ဒီအကြောင်း ပြောလိုက်တာနဲ့ ရန်ဖြစ်တာတွေ ဖြစ်လာတာမျိုးပေါ့။ ဒါတွေက စုံတွဲလေး တော်တော်များများ ဖြစ်ကြတာမို့ နှစ်ယောက်စလုံး ပွဲပြီးရင်တော့ အားလုံးအဆင်ပြေသွားမှာပါ ဆိုတဲ့ စိတ် ထား ထားပါနော်။ ဒါမှ အဆင်ပြေမှာပါ။

Marry က မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ မင်္ဂလာဆောင်နေချိန်အတွင်းမှာ ဖြစ်တတ်တဲ့ ပြဿနာလေးတွေကို သိပြီးပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားဖို့ အဆင်ပြေမှာပါနော်။

Tags: adviceBridalgroomwellness

Comments

0 comments