တစ်နှစ်ခွဲကြိုစီစဉ်ခဲ့တဲ့ ကိုထက်နဲ့ မဖူးသစ်ဦးတို့ရဲ့ မင်္ဂလာဆောင် Honest Review

by: Phyo Pyae Thu
 0 comments  2 love

မကြာသေးခင်ကမှ မင်္ဂလာပွဲစီစဉ်ပြီးမြောက်ခဲ့တဲ့ ကိုထက်နဲ့ မဖူးသစ်ဦးတို့ရဲ့ မင်္ဂလာပွဲ Review လေးဖြစ်ပါတယ်

Marry က သတို့သား၊ သတို့သမီးလေးတို့ မင်္ဂလာဆောင်ဖို့ စီစဉ်နေတယ်ဆိုရင်တော့ မင်္ဂလာဆောင်ပြီးခဲ့တဲ့စုံတွဲလေးတို့ရဲ့ အတွေ့အကြုံ၊ အခက်အခဲ ဘယ်လိုစီစဉ်ဆောင်ရွက်ခဲ့တာလည်းဆိုတာတွေကို အရင်ဆုံးလေ့လာသိရှိနေဖို့ လိုပါတယ်နော်။။ ဒါမှ ကိုယ်စီစဉ်တဲ့အခါမှာ ရွေးချယ်စရာတွေ၊ ရှောင်ရမှာတွေကို သိနိုင်မှာပါ။ ဒီတော့ မင်္ဂလာပွဲစီစဉ်ဖို့အတွက် အဓိကကျတဲ့ ဝန်ဆောင်မှုတွေရဲ့ Honest Review လေးကို မကြာသေးခင်ကမှ မင်္ဂလာပွဲစီစဉ်ပြီးမြောက်ခဲ့တဲ့ ကိုထက်နဲ့ မဖူးသစ်ဦးတို့ရဲ့ မင်္ဂလာပွဲအတွေ့အကြုံလေးကို review လေး ဖော်ပြပေးလိုက်ပါတယ်နော်။

Pre wedding

ဖူးတို့က ကိုယ့်အကြိုက်ဆုံး ဓါတ်ပုံဆရာဆီမှာ ရိုက်ချင်တာမို့ ရိုက်ချိန်းယူပြီး ရိုက်ဖြစ်သွားတယ်။ ဦးပီတာ Peter’s The Bridal Garden မှာ ရိုက်ဖြစ်တာပါ။ Indoor ဝတ်စုံနှစ်စုံနဲ့ ရိုက်ဖြစ်တယ်။ အနောက်တိုင်းတစ်စုံ၊ ထိုင်မသိမ်းနဲ့တစ်စုံပါ။  Booking ကတော့ (၁) နှစ်လောက် ကြိုယူထားတာ၊ (၂၀၁၈) ဇူလိုင်လကတည်းက Booking တင်ထားပြီး ဒီဇင်ဘာလမှာ ရိုက်တယ်။ ပုံအကြမ်းကတော့ (၂၀၁၉) (၂) လပိုင်းမှ ရွေးရတယ်၊ ပုံအချောသပ်ကတော့ (၄) လပိုင်းကျမှ ရတယ်။ Package ကတော့ ပုံ(၂၀) နဲ့ ပုံကြီး(၁) ပါတယ်။ စုစုပေါင်း (၅) သိန်းကျတာကို (၁) သိန်းစရံပေးထားရတယ်။  ရိုက်တဲ့နေ့ကျတော့ ဦးပီတာ အကြံပေးတဲ့အတိုင်း ရိုက်ဖြစ်တယ်၊ လက်မှတ်ထိုးတဲ့နေ့ကတော့ သူငယ်ချင်း Sharr Latt Photography က ရိုက်ပေးတာပါ။ အရမ်းစိတ်တိုင်းကျခဲ့ရတဲ့ Pre wedding ပါ။

မြန်မာထိုင်မသိမ်းနဲ့

အနောက်တိုင်းဝတ်စုံ

Sharr Latt Photography ရိုက်ပေးတဲ့ ပုံ

ဝတ်စုံ

ဝတ်စုံကတော့ ဒီဇိုင်နာ မမေမြတ်နိုးပါ။ ဖူးသစ်လိုချင်တဲ့ ပုံစံမျိုး​လေးကိုBudget ထဲလည်းဝင်​​အောင်​ ပွဲနဲ့လည်း လိုက်​ဖက်​​အောင်​ စိတ်ရှည်ရှည်နဲ့ ရိုးရိုး​​ရှင်းရှင်း​လေးနဲ့ လှ​ပပြီးကျက်​သ​ရေရှိ​အောင် ချုပ်​​ပေးခဲ့တာပါ။ ဝတ်စုံလေးလည်း အရမ်းကြိုက်တယ်။

ဝတ်စုံ

ပန်းအပြင်အဆင်

Shina Floral Service and gift  မှာ အပ်တာပါ။ ဈေးနှုန်းကတော့ (၃) သိန်း ဝန်းကျင် ကျတယ်။ သူတို့ပြင်တဲ့ပွဲတွေထဲမှာ လူကြိုက်များတဲ့ ပုံစံကိုပဲ ရွေးချယ်တာ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ အရောင်လေးတွေတော့ ဆိုင်က အကြံပေးပါတယ်။ အပ်တာကတော့ ပွဲနေ့ မတိုင်ခင် (၁) ပတ်လောက်မှာ အတင်းပူဆာလိုက်တာ။ လုပ်ပေးတယ်။ အရမ်းလည်း သဘောကောင်းတယ်။ စရံ (၅) သောင်းပေးရတယ်။ ကျန်တာက ပွဲနေ့ကျမှ ရှင်းပေးရတာ။ ဝတ်စုံအရောင် ဓါတ်ပုံပို့ပေးလိုက်တာ အဲ့ဝတ်စုံကို ကြည့်ပြီး သူတို့ဘက်က အရောင်သေချာ ရွေးပေးတယ်။

ပန်းအပြင်အဆင်

ပန်းအပြင်အဆင်

မိတ်ကပ်

မိတ်ကပ်ကတော့ ပွဲမတိုင်ခင်  (၅) လ (၆) လလောက်ကတည်းက ကြိုပြီး ချိတ်ထားလိုက်တာ၊ တော်ဝင်သူ မေဦးမောင်ပါ။ သတို့သမီး စိတ်တိုင်းကျတဲ့ မိတ်ကပ်ဆရာပါ။ သူ့ဆီမှာ သွားပြင်ရင်တော့ (၁) သိန်းခွဲပေးရတယ်၊ ခန်းမနေရာကို လာပြင်ပေးရင်တော့ (၃) သိန်း ပေးရတယ်။ သူက မိတ်ကပ်နဲ့ ဆံထုံးသီးသန့်ပဲ။ လက်ဝတ်လက်စားနဲ့ ပန်မယ့်ပန်းကတော့ ကိုယ့်ဘာသာ စီစဉ်ရတာ၊ ဖူးသစ်ကတော့ (၁) သိန်းခွဲနဲ့ သူ့ဆီပဲ သွားပြင်ခဲ့တာ။ မိတ်ကပ် ပါးပါးလေးနဲ့ ညဘက်အထိ မပျက်လို့ အရမ်းကြိုက်တယ်။

မိတ်ကပ်

ဖိတ်စာနဲ့ ပြန်ကမ်

 Sweet Invitation Card မှာ လုပ်တာပါ။ အကိုနဲ့ အမ နှစ်ယောက်စလုံးက လိုချင်တဲ့ ပုံစံအတိုင်း အကုန်အဆင်ပြေအောင် စီစဉ်ပေးတယ်။ ဒီဇိုင်းကတော့ ကြိုရွေးထားတာ သေချာ အပ်ဖြစ်တာတော့ နီးမှအပ်ဖြစ်တယ်။ ဖိတ်စာက တစ်စောင်ကို (၁၀၀၀) နဲ့ အစောင်(၂၀၀) လုပ်လိုက်တာ။ဖိတ်စာကတော့ ရှိတဲ့ပုံလေး ထည့်ပေးထားတယ်နော်။ ပြန်ကမ်းကတော့ အကုန်ကုန်သွားတာ မရိုက်လိုက်ရလို့ပါ။ ပြန်ကမ်းကတော့ ရာဘာအရုပ်လက်သည်းညှပ်လေးတွေ ကမ်းတယ်။ သူက တစ်ခုကို (၃၅၀) ပဲ ကျတယ်။

ဖိတ်စာ

ခန်းမနဲ့ အကျွေးအမွေး

တစ်နှစ်လောက် ကြိုပြီး စရံချထားခဲ့တာ အင်းယားကန်ဖျားကျောင်းမှာ ဆောင်တာ၊ အရင်ကတည်းက မင်္ဂလာအဆောင်ချင်ဆုံး နေရာမို့ ရွေးဖြစ်သွားတာ၊ နှစ်ဆန်း(၃) ရက်နေ့ဆိုရင် Booking ယူလို့ ရပြီ။ မနက် (၇) နာရီ သွားတာတောင် ရှေ့မှာ လူအရမ်းများတယ်။ ပွဲချိန်ကတော့ (၇) နာရီကနေ (၁၂) နာရီ တစ်ချိန်၊ (၁) နာရီကနေ (၅) နာရီ တချိန် ရှိတယ်။ ခန်းမကတော့ (၂) သိန်း ပေးရတယ်။ ဘုန်းဘုန်းကို သက်သက် ကပ်ရတယ်။  အကျွေးအမွေးကတော့ ကြက်ဆီထမင်း၊ နှင်းပုလဲရေခဲမုန့်ပါ။ မှာတာကတော့ ပွဲတော်ဦးက မှာတာ။ ကြက်ဆီထမင်းနဲ့ နှင်းပုလဲ ရေခဲမုန်း အပြီးအစီးကို (၂၂၀၀) ကျတယ်။  ကျန်တာ အကုန်အဆင်ပြေပါတယ်။

အင်းယားကန်ဖျားကျောင်းတိုက်အတွင်းခန်းမ

အင်းယားကန်ဖျားကျောင်းတိုက် အပြင်ဘက်

Rating 

Pre wedding- *****

မိတ်ကပ် – *****

ခန်းမနဲ့ အကျွေးအမွေး- *****

ဖိတ်စာနဲ့ ပြန်ကမ်း –  *****

ဖူးသစ်တို့က ချစ်သူသက်တမ်း (၆) နှစ်မှာ မင်္ဂလာပွဲလုပ်ဖြစ်တာ၊ (၁) နှစ်ခွဲလောက် ကြိုတင်ပြီး စီစဉ်ခဲ့တာမို့ အကုန်လုံး စိတ်တိုင်းကျခဲ့တာပါ။ ပြီးတော့  အားလုံးကို ကိုယ့်စိတ်တိုင်းကျ ကိုယ့်သဘောပဲ စီစဉ်ဖြစ်ခဲ့တာပါ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords