Privacy Policy


(၁) ဒေတာစုဆောင်းခြင်း နှင့် ရည်ရွယ်ချက်

Marry.com.mm e-commerce portal က ဒေတာများတောင်းခံခြင်းဟုဆိုရာတွင် လူကြီးမင်းတို့၏ အမည်၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဝက်ဘ်ဆိုက် ထဲသို့ဝင်ရောက်ရန် လျှို့ဝှက်နံပါတ်များ စသည့် သာမန်ဒေတာ အချက်အလက်များကိုတောင်းခံခြင်းဖြစ်ပါတယ်။ ဒီအချက်အလက်များအားလုံးကို ဝက်ဘ်ဆိုက်ကိုဝင်ရောက်သူများအားလုံးက ပေးရန်လိုအပ်ပြီး ပုဂ္ဂိုလ်တဦးတယောက်တည်းကို ရည်ရွယ်၍ တောင်းခံခြင်းမဟုတ်ရပါ။

အသင်းဝင်ထားသူများအနေနဲ့ မိမိတို့၏ ဒေတာအချက်အလက်များ ဖြစ်တဲ့ စာရင်းပေးသွင်းထားတဲ့နာမည်၊ လျှို့ဝှက်နံပါတ် နှင့် မေးလ်များကို သေချာစွာ ထိန်းသိမ်းထားသင့်ပြီး ထိန်းသိမ်းထားရမည်လည်းဖြစ်ပါတယ်။ ဒါ့အပြင် အသင်းဝင်ထားသူများအနေဖြင့် Marry.com.mm မှပေးပို့သော တရားမဝင်အသုံးပြုမှုများ၊ အလွဲသုံးစားပြုမှုများ၊ လုံခြုံရေးဆိုင်ရာ ချိုးဖျက်မှုများ၊ မိမိအကောင့်ဖြင့် အခြားသောသူများ၏ ဝင်ရောက်မှုများ နှင့် လျှို့ဝှက်နံပါတ် ပြင်ဆင်ပြောင်းလဲမှုများကို အသိပေးသော ဆက်သွယ်မှုများကိုလည်း အလေးပေးဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။
ဒေတာများကို အသုံပြုခြင်းဆိုင်ရာနည်းလမ်းများ –
Marry မှ ဒေတာများကို တောင်းခံခြင်း နှင့် အသုံးပြုခြင်းဟုဆိုရာတွင်

  • အဖွဲ့များအတွက် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း
  • Marry.com.mm နှင့် သဘောတူညီမှုရရှိထားသော (သို့) Marry.com.mm မှတောင်းခံထားသော ဆောင်ရွ့က်ချက်များ၊ ဒေတာများကို ပေးပို့ရာတွင်လည်းကောင်း
  • အသင်းဝင်များ၏ ဒေတာများ၊ ဆောင်ရွက်ချက်များ ကိုပျက်စီးဆုံးရှုံးစေမယ့် ကြိုးစားအားထုတ်မှုများမှ ကာကွယ်ပေးရန်လည်းကောင်း
  • အသင်းဝင်းများနှင့် အခါအားလျော်စွာ ဆက်သွယ်မှုများ ပြုလုပ်ရန်လိုအပ်လာသောအခါတွင် လည်းကောင်း
  • အသင်းဝင်များ၏ ကိုယ်ရေးကိုယ်တာ အကြောင်းအရာ ဒေတာများကို Marry.com.mm ၏အသင်းဝင်တစ်ယောက်ဖြစ်စေရန် စီစစ်ရာတွင်အသုံးပြုခြင်းနှင့် အခြားသော marry.com.mm ကပြုလုပ်သော ဆောင်ရွက်ချက်များအတွက်သာရည်ရွယ်အသုံးပြုသွားမှာဖြစ်ကြောင်း နှင့် အခြားသောအကြောင်းအရာများ အခြားနေရာများသို့ ဖော်ပြ အသုံးပြုသွားမည် မဟုတ်ကြောင်း
  • တရားဥပဒေဆိုင်ရာ တရားရေးရာဖြေရှင်းမှုများ လိုအပ်လာပါက marry.com.mm အနေဖြင့် တောင်းခံလာသော အသင်းဝင်များ၏ ကိုယ်ရေးကိုယ်တာအကြောင်းအရာများကို သက်ဆိုင်ရာ တရားရေးရုံး (တရားခုံရုံးများ၊ စစ်ဆေးရေးအရာထမ်းများ) ထံသို့ တာဝန်အရ ပေးပို့ပိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် မည်သူတဦးတယောက်မျှ အသင်းဝင်များ၏ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကို အလွဲသုံးစားလုပ်ခြင်း စသည့် ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုများကိုလည်း ခွင့်ပြုပေးသွားမည်မဟုတ်ပါ။

(၂) ဒေတာများကို သိမ်းဆည်းထားခြင်း အချိန်အကန့်အသတ်

အသင်းဝင်များ၏ ဒေတာများကို အသင်းဝင်အဖြစ်မှ နှုတ်ထွက်သည့်အချိန် ဖျောက်ဖျက်မည်ဟု အတည်ပြုပြီးမှသာ ဖျက်စီးပေးသွားမည်ဖြစ်ပါတယ်။ ကျန်တဲ့အချိန်များတွင် အသင်းဝင်များ၏ ဒေတာများကို Marry ၏ ဆာဗာများတွင် လုံခြုံစွာသိမ်းဆည်းပေးသွားမှာဖြစ်ပါတယ်။

  • အသင်းဝင်များအနေဖြင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အချိန်မရွေးဝင်ရောက် ပြင်ဆင်ပိုင်ခွင့် ရှိပါတယ်။
  • အသင်းဝင်များအနေဖြင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း တို့ကို မိမိတို့၏ကိုယ်ပိုင် အကောင့်ဖြင့် အချိန်မရွေး ဝင်ရောက် ပြင်ဆင်ပိုင်ခွင့်ရှိသလို marry.com.mm ကို ကိုယ်စား ပြုပြင်ပေးရန်လည်း တောင်းဆိုပိုင်ခွင့်ရှိပါတယ်။

(၃) အသင်းဝင်များ၏ ဒေတာများကို လျှို့ဝှက်စွာ သိမ်းဆည်းထားရှိခြင်း နှင့် တာဝန်ယူခြင်း

Marry.com.mm အသင်းဝင်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို marry.com.mm ၏ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အချက်အလက်များအရ သေချာလုံခြုံစွာ သိမ်းဆည်းထားရှိပါတယ်။ ဒေတာများ ကောက်ခံခြင်း နှင့် အသုံးပြုခြင်းဟုဆိုရာတွင် အသင်းဝင်များ၏ ခွင့်ပြုချက် လက်ခံရရှိပြီးမှသာ အသုံးပြုခြင်းသာဖြစ်ပြီး အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။
အသင်းဝင်များ၏ တရားဝင် ခွင့်ပြုချက်မရဘဲ အခြားသောသူများထံသို့ ဒေတာများကို လွှဲပြောင်းပေးခြင်း နှင့် အသုံးပြုခြင်းများကို ပြုလုပ်ပေးသွားမည်မဟုတ်ပါ။
ဟက်ကာများမှ ဖျက်စီး၍ဖြစ်စေ အမျိုးမျိုးသော အကြောင်းအကြောင်းကြောင့် ဒေတာများ ပျက်စီးပျောက်ဆုံး ဆုံးရှုံးမှု တစုံတရာဖြစ်ပေါ်လာပါက marry.com.mm အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းကိစ္စများကို တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ပြီး အသင်းဝင်များကိုလည်း အကြောင်းကြားပေးသွားမှာလည်းဖြစ်ပါတယ်။
Marry.com.mm ၏ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လိုအပ်၍ တောင်းခံထားသော အသင်းဝင်သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသင်းဝင်သူများအနေဖြင့် ပေးအပ်ရန်တာဝန်ရှိသလို ပေးအပ်ထားသော အချက်အလက်ဒေတာများ၏ မှန်ကန်မှုကိုလည်း အသင်းဝင်သူမှသာ တာဝန်ယူရမည်ဖြစ်ပါတယ်။ Marry.com.mm ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးပို့ထားသော အသင်းဝင်သူများ၏ အချက်အလက်မှန်ကန်မှု ရှိခြင်း မရှိခြင်းမှာ Marry.com.mm ၏ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပတ်သက်မှု မရှိသလို တာဝန်ယူ တာဝန်ခံခြင်းလည်း ရှိမည်မဟုတ်ကြောင်းနှင့် ပေးပို့လာသော အသင်းဝင်၏ တာဝန်သာဖြစ်ကြောင်းကိုလည်း သိရှိနားလည်ဖို့လိုအပ်ပါတယ်။