အကြံဥာဏ်လေးလိုချင်လို့ပါ

by: Kathy Moe
 0 comments  0 love

သူနဲ့ချစ်သူသက်တမ်း ၁ နှစ် ကျော်ပါပီ။ ဟိုးအစပိုင်းလောက်ကတော့ သူ ကျွန်မကိုချစ်တာအရမ်းသိသာပါတယ်။ လက်ထပ်ဖို့ထိ ၂ ယောက်လုံးရည်ရွယ်ထားတာကြောင့် မိဘ/ ဆွေမျိုးတချို့သိနေကြပါပီ

(၁)နောက်ပိုင်းမှာ သူက ကျွန်မရဲ့အပြောအဆိုပိုင်းကိုထောက်ပြပီး ကျွန်မကို အားမရသလိုဖြစ်လာပါတယ်။ ခုချိန်ထိ ကျွန်မစကားပြောရင် သူအပြစ်မတင်တာမရှိသလောက်ပါပံ။ (စကားဘယ်လိုအသုံးနှုန်ူပဲသုံးသုံး သူစိတ်တိုင်းမကျခဲ့ပါဖူး) ကျွန်မဘက်ကလဲပြုပြင်ခဲ့ပါတယ် ဒါပေမယ့်ခုချိန်ထိသူစိတ်တိုင်းမကျပါဖူး

(၂) သူက ကျွန်မနဲ့မတွေ့ခင်ကတည်းက ကောင်မလေးတွေနဲ့ရောရောနှောနှောပြောဆိုနေထိုင်တတ်ပါတယ် ။ ကျွန်မနဲ့ချစ်သူဖြစ်ရင် သူအကျင့်တွေပြောင်းလဲသွားမှာပါဆိုပီး သူ့ကိုလက်ခံခဲ့မိတယ်။ ဒါပေမဲ့အခုချိန်ထိ online ကနေကော အပြင်မှာကော ကောင်မလေးတွေနဲ့ချိတ်ဆက်ရှိနေပါတယ်။ ဒါတွေကျွန်မ ပြန်ပြန်သိရလို့ သူ့ကို သွယ်ဝိုက်ပီးတမျိုး တည့်တိုးမေးပီးတမျိုး ဆင်ခြင်ဖို့ပြောပြဖြစ်ပေမယ့်သူက အရင်အတိုင်းပါပဲ။ 

(၃) သူနဲ့စကြိုက်ပီးချိန်ကစလို့ အခုထိ ဘာလက်ဆောင်မှမရဖူးပါဖူး

မွေးနေ့/့ anniversary ချိန်တွေတောင်မှဘာလက်ဆောင်မှမရခဲ့ဖူးပါဖူး ကျွန်မကပဲပေးဖြစ်ခဲ့ပါတယ်။ 

(၄) သူနဲ့စတွေ့ကတည်းက ငွေကြေးကိစ္စသုံရမဲ့နေရာတွေရောက်ရင်ကျွန်မကပဲဦးဆောင်ရပါတယ်။ သူလဲတခါတလေဦးဆောင်ပါတယ်။ များသောအားဖြင့်ကျွန်မကပဲဦးဆောင်ရပါတယ်။ ကျွန်မကျေနပ်ပါတယ်။ ဒါပေမဲ့ သူလက်ထဲမှာငွေအနည်းငယ်ရွှင်တဲ့အခါ ကျွန်မအတွက်မဟုတ်ပဲသူတပါးကိုပိုဦးစားပေးတဲ့အခါရင်နာရပါတယ်။

 (၅) ကျွန်မသူ့ကိုအရမ်းချစ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေက နင်ကအရမ်းချစ်တာသိသာတယ်ဆိုပီးပြောကြတယ်။ သည်းမခံနိုင်တော့တဲ့ထိဖြစ်လာတဲ့အခါမှာတော့ သူ့ကိုလမ်းခွဲစကားခဏခဏပြောမိတယ်။ သူလက်မခံခဲ့ပါဖူး ဒါပေမယ့်အကျင့်ကလဲမပြင်ခဲ့ပါဖူး။ သူ့ပုံစံက ကျွန်မဆီမှာ သူ့စိတ်တွေမရှိတော့ပေမယ့် လမ်းလဲမခွဲချင်ဖူးဖြစ်နေပါတယ်

ဒီလိုအခြေနေမျိုးမှာ ဘယ်လိုဆုံဖြတ်သင့်လဲ မစဉ်းစားတတ်အောင်ပါပဲ။

ကုညီအကြံပြုပေးပါဦးလို့ပြောချင်တာပါ

ကျေးဇူးပါ