Advertisement

ပြန်ကြည့်လိုက်တဲ့အချိန်တိုင်း ပုံလေးတွေထဲမှာ နှစ်ဦးသားရဲ့ ချစ်ခြင်းမေတ္တာတွေ ကတိသစ္စာတွေ မြင်တွေ့နေရဖို့က အရေးအကြီးဆုံးပါ။

Marry Myanmar ပရိသတ်ကြီးရေ မင်္ဂလာဆောင်တော့မယ်ဆိုရင် ပွဲမကျင်းပခင်မှာ Pre wedding ရိုက်လေ့ရှိကြတယ်မလား။ Pre wedding  ရိုက်ရင်လည်း ဘယ်နေရာမှာ ဘယ်လိုရိုက်ရမလဲ ဘယ်စတူဒီယိုနဲ့ ရိုက်မလဲဆိုတာ ခေါင်းအစားရဆုံးပါ။ ဒီတော့ ရှေ့က စီနီယာတွေရဲ့ Pre wedding review လေးတွေ ဖတ်ထားကြည့်ဖို့ လိုတာပေါ့။ ကိုဝေယံပိုင်နဲ့ Presenter စုလတ်နွယ်တို့ရဲ့ Honest Pre wedding Review လေး ဖတ်ကြည့်ရအောင်။

 

ချစ်သူသက်တမ်းနဲ့ ချစ်သူဖြစ်ခဲ့ကြပုံလေး

နှစ်ဦးသား တွေ့ဖြစ်ကြတဲ့ ပုံစံလေးနဲ့ အမှတ်တရလေးတွေ အလုပ်ထဲမှာ တွေ့တဲ့ ဖူးစာပေါ့နော်။ နှစ်ယောက်စလုံးက MRTV 4 မှာ Presenter ပြိုင်ပွဲကနေတွေ့ကြပြီး အလုပ်အတူတူလုပ်ရင်း ချစ်သွားကြတာပါ။ နှစ်ဥ◌ီးစလုံးက အိမ်လည်းမနီးမဝေးမှာနေကြတော့ ရုံးသွားတာရော အပြန်ရော အတူတူပဲဆိုတော့ သံယောဇဉ်တွယ်သွားကြတယ်။

သူငယ်ချင်းဘဝတည်းက အလုပ်အပြန်နောက်ကျရင်လည်း စောင့်ပေးတာမျိုး ရှိတယ်။ သူက အသေးစိပ် ဂရုစိုက်တတ်တဲ့အထဲမှာလည်းပါတယ်။ ချစ်သူသက်တမ်း ချစ်သူသက်တမ်းကတော့ (၉) နှစ်ပေါ့။ ချစ်သူသက်တမ်း(၇) နှစ်ထိ အလုပ်က အတူတူ။ အခုတော့ မတူတော့ဘူး။ နှစ်ယောက်စလုံးက လူကြီးဆန်ပြီး နားလည်မှုလည်း ရှိကြတဲ့အတွက် အချိန်တွေကြာလေ ပိုအဆင်ပြေလာပါတယ်။

Prewedding ရိုက်ဖို့ စီစဥ်ဖြစ်တာလေး

Pre wedding ရိုက်ဖြစ်တာကတော့ ချစ်သူသက်တမ်း (၈) နှစ်မှာ အိမ်ထောင်ပြုဖို့ စဥ◌်းစားကြတယ်။ နှစ်ဖက်မိဘတွေကလည်း တိုက်တွန်းကြတာပေါ့။ အဲဒီတော့ ချစ်သူသက်တမ်း (၉) နှစ်ပြည့် ၂၀၂၀ နိုဝင်ဘာမှာ လက်ထပ်မယ်တွေးထားတာ ခုကCoivd လည်းဖြစ်သွားတော့ မင်္ဂလာပွဲကို နောက်ဆုတ်လိုက်တာပေါ့။ စေ့စပ်တာကတော့ (၂၀၁၉) မှာ စေ့စပ်ထားပြီး ကြားထဲမှာ pre wedding ရိုက်ဖို့ စီစဥ◌်ထားတာပါ။

Pre wedding ကို လှလှပပလေးနဲ့ သဘာဝကျကျလေးတွေ ရိုက်ချင်တယ် ပိုက်ဆံလည်း အရမ်းမသုံးချင်ဘူး။(သုံးလည်းမသုံနိုင်ပါဘူး) နောက်တခုက အပင်ပန်းလည်း မခံနိုင်တော့ ဘယ်မှာရိုက်ရမလဲ သေချာရွေးဖြစ်တယ်။ ရိုက်မဲ့အချိန်က ဝါမကျွတ်ခင် မိုးတွင်းနဲ့နွေရာသီကြားဖြစ်နေတော့ outdoor , indoor အကုန်လုံး အဆင်ပြေမယ့်နေရာ ဖြစ်ဖို့ အဓိကတွေးရတာပေါ့။

ရွေးချယ်ဖြစ်တဲ့ Studio

Forever ကတော့ ကိုယ့်ရဲ့ စီနီယာတွေလည်း ရိုက်ကြတာ ပုံလှလှလေးတွေ မြင်နေတော့ အရင်ကတည်းကလည်း ကြိုက်တယ်ပေါ့နော်။ ခုနောက်ပိုင်းခြံအကျယ်ကြီးထဲ Decorations လှလှလေးတွေ အများကြီးရှိတော့ ပိုသဘောကျမိတယ်။ Pre wedding ရိုက်ရင် မပင်ပန်းချင်တော့ Forever မှာဆိုရင် တစ်နေရာတည်းနဲ့ အကုန်လုံး ပြီးပြည့်စုံတယ်လေ။ အဲဒါနဲ့ ရွေးဖြစ်သွားတယ်။ အရေးပါတဲ့ အမှတ်တရလေးဖြစ်တဲ့အတွက် အချိန်ယူပြီးတော့ လေ့လာဖြစ်တယ်။ ဘတ်ဂျက်ရော နေရာရော လိုက်ကြည့်တာ ကိုယ်နဲ့forever အဆင်အပြေဆုံးဆိုပြီး ရွေးဖြစ်သွားတာပါ။

Prewedding မိတ်ကပ်

မိတ်ကပ်တွေကတော့ ကိုယ်မလိမ်းဖူးတဲ့သူနဲ့ လိမ်းရမှာကိုတော့ စိုးရိမ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကိုယ်က eye make up အများကြီးနဲ့ သိပ်အဆင်မပြေဘူးပေါ့နော်။ နောက်တခုက နဖူးကြောမလှတော့ ဆံပင်ပြင်တာ မလှရင် ရုပ်ပိုရင့်မလားလို့လည်း တွေးမိတယ်။ တကယ်တမ်း ပြင်တဲ့အခါကျတော့ စိတ်တိုင်းကျပြီး တကယ်အဆင်ပြေတယ်။ ဆံပင်ကိုလည်း ကိုယ့်မျက်နှာနဲ့ လိုက်ဖက်မဲ့ပုံလေးတွေသေချာပြင်ဆင်ပေးလို့ အရမ်းကျေနပ်ခဲ့ပါတယ်။

ဝတ်စုံ

ဝတ်စုံတွေ အများကြီး မြင်တော့ ကိုယ်လည်းယောက်ယက်ခတ်သွားတယ်။ ဝတ်စုံတွေ အကုန်ဝတ်ကြည့်ချင်တာလေ ။ သွားမကြည့်ခင်တုန်းကတော့ တချို့တွေက ဝတ်စုံထပ်တယ်ဆိုပြီး ပြောကြလို့ စိတ်ပူမိတယ်။ တကယ်တမ်းသိရတာက အကြိုက်တွေတူနေကြလို့ ဝတ်စုံထပ်သွားတာမျိုးဖြစ်မယ် ။

တကယ်တော့ ရွေးစရာတွေအများကြီးမှ အများကြီးပဲ။ ရွေးစရာတွေများတဲ့ကြားက ကိုယ့်မျက်လုံးထဲမှာ ကိုယ့်စိတ်ထဲ အကြိုက်ဆုံးကိုပဲ ခက်ခက်ခဲခဲရွေးရိုက်ခဲ့တာပါ။ (တကယ်က အကုန်ဝတ်ချင်နေတာလေ ) ဝတ်စုံတွေက ကွာလတီလည်း မီတယ်။ ဒါကိုလည်း အရမ်းသဘောကျခဲ့တယ်။

Prewedding ရိုက်တဲ့အခါ သတို့သားဘက်က အခက်အခဲတွေ

သတို့သားကတော့ ဓါတ်ပုံရိုက်တာတော့ ဝါသနာပါတယ်။ သူကိုယ်တိုင်လည်း သူများကို ရိုက်ပေးတာတွေ ရှိတယ် ကင်မရာနဲ့ အစိမ်းသပ်သပ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် တကယ်တမ်းရိုက်တော့ အဝတ်အစားအရရော စိတ်ဖိစီးတာရောနဲ့ မျက်နှာကြီး တင်းနေတာပေါ့။ ဓါတ်ပုံဆရာ အကိုက ဘယ်လိုလေးနေ ဘာညာ သင်ပေးတော့ အကုန်အဆင်ပြေခဲ့ပါတယ်။တကယ်စိတ်ရှည်ပြီး သဘောလည်းကောင်းကြတယ်။

Prewedding ရိုက်မယ့် မောင်နှံလေးတွေတဲ့အတွက် စကားလက်ဆောင်

Pre wedding ရိုက်မယ့်သူတွေကို ပြောပြချင်တာကတော့ ဒီလိုရိုက်တယ်ဆိုတာ ချစ်ခင်ကြင်နာမှုအမှတ်တရနဲ့ နှစ်ယောက်စလုံးရဲ့ ငယ်ရွယ်နုပျိုမှုကို မှတ်တမ်းတင်တာပေါ့နော်။ ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင် နှစ်ကိုယ်တူဘဝလေး စတော့မဲ့ အမှတ်တရလေးလည်းဖြစ်ပါတယ်။ ဒါကြောင့် အဖိုးတန်အမှတ်တရလေးတစ်ခုအနေနဲ့ သေချာပေါက်ရိုက်ထားသင့်တယ်လို့ ထင်ပါတယ်။

Pre wedding ဆိုတာက ဘယ်နေရာမှာသွားရိုက်မယ် ဘာတွေဝတ်မယ်ဆိုတာထက် ပြန်ကြည့်လိုက်တဲ့အချိန်တိုင်း ပုံလေးတွေထဲမှာ နှစ်ဦးသားရဲ့ ချစ်ခြင်းမေတ္တာတွေ ကတိသစ္စာတွေ မြင်တွေ့နေရဖို့က အရေးအကြီးဆုံးပါ။ နောင်တချိန် ကိုယ်ပြန်ကြည့်တဲ့အခါ အဲ့ဒီအချိန်က ပျော်ရွှင်ကြည်နူးမိတဲ့စိတ်လေး ပြန်ရဖို့က အဓိကဖြစ်လို့ ကိုယ်ရည်မှန်းထားသလောက် Budget အတွင်းကပဲ အချစ်တွေပြည့်ဝတဲ့ အဖိုးတန်အမှတ်တရလေးတွေကို သေချာပေါက် မှတ်တမ်းတင်ဖန်တီးကြပါလို့ ပြောချင်ပါတယ်။

Comments

0 comments