Advertisement

ပွဲထွက်တဲ့အစီအစဉ် ကိုတော့ နွယ်မာ့ရဲ့ဆရာကိုဂျွန်လွင်ကစီစဉ်ပေးခဲ့ပြီး အခမ်းအနားမှူးတွေအနေနဲ့ ကိုမောင်မောင်အေး၊ ကိုဆန်းထွဋ်တို့က ကူညီပေးခဲ့ကြပါတယ်

နိုင်ငံကျော် တေးသံရှင် စည်သူလွင်နဲ့ ဇနီးဖြစ်သူ နွယ်မာကျော် တို့က ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှာ မင်္ဂလာဆောင်ခဲ့ကြတဲ့ အတွက် အခုဆိုရင် မင်္ဂလာ သက်တမ်း (၇)နှစ်ကျော် (၈)နှစ်အတွင်းကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်နဲ့ အတူ ပျော်ရွှင်စရာ မိသားစုဘဝကို တည်ထောင်ထားနိုင်တဲ့ သူတို့ဇနီးမောင်နှံ နှစ်ဦးရဲ့ မင်္ဂလာပွဲ အတွေ့အကြုံ အမှတ်တရလေးတွေနဲ့ မင်္ဂလာဆောင်မယ့် သတို့သားလောင်း သတို့သမီးလောင်းတို့အတွက် ပြောကြားပေးခဲ့တဲ့ အကြံပြုစကားတွေကို Marry ရဲ့ မင်္ဂလာ မောင်နှံလေးတွေ အတွက် ဝေမျှပေးချင်ပါတယ်။

မင်္ဂလာပွဲ ကျင်းပပုံ

နွယ်မာက မင်္ဂလာဆောင်ခါနီးမှာမှ ပြန်ရောက်တော့ သိပ်ထွေထွေထူးထူး မစီစဉ်တော့ပဲမိတ်ဆွေအပေါင်းအသင်းတွေ၊ နှစ်ဖက်ဆွေမျိုးတွေနဲ့ Dinner ပွဲလေးပဲလုပ်ဖြစ်ပါတယ်။ ပွဲထွက်တဲ့အစီအစဉ် ကိုတော့ နွယ်မာ့ရဲ့ဆရာကိုဂျွန်လွင်ကစီစဉ်ပေးခဲ့ပြီး အခမ်းအနားမှူးတွေအနေနဲ့ ကိုမောင်မောင်အေး၊ ကိုဆန်းထွဋ်တို့က ကူညီပေးခဲ့ကြပါတယ်။

မင်္ဂလာပွဲအမှတ်တရ

ပွဲထွက်ခါနီးမှ ပန်းကြဲဖို့ ပန်းဝယ်မထားရသေးလို့ ကမန်းကတန်းပြေးဝယ်ခဲ့ရတာ အမှတ်တရပါပဲ။

မင်္ဂလာဆောင်မယ့်သူများအတွက် အကြံပြုစကား

မင်္ဂလာဆောင်ကို အားလုံးကတော့ စိတ်ကူးယဉ်ကြတာပါပဲ။ ငါတို့ပွဲကျရင်တော့ ဘယ်လိုမျိုးလေး လုပ်ကြမယ်ဆိုတဲ့ အတွေးလေးတွေ ရှိကြမှာပါ။ တချို့ကတော့ ခမ်းခမ်းနားနားလုပ်ချင်တယ်၊ တချို့ ကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်ချင်တယ် အမျိုးမျိုးပါပဲ။ ဘယ်လိုပဲလုပ်လုပ် ကိုယ့်အပေါ်မှာ စိတ်ဖိစီးမှုတွေ များနေရရင်တော့ မကောင်းဘူးပေါ့။ မင်္ဂလာယူရမယ့်အချိန်မှာ သတို့ သားရော သတို့သမီးပါ စိတ်ကြည်ကြည်လင်လင်လေး ဖြစ်နေရရင်တော့ အကောင်းဆုံးပေါ့။ အရင်ခေတ်တုန်းကတော့ ကိုယ်တိုင်ပဲအစအဆုံး လိုက်စီစဉ်ရတော့ အရမ်းပင်ပန်းတယ်။

အခုခေတ်မှာ တော့ wedding guide  စာအုပ်တွေ၊ wedding planner တွေ အများကြီးရှိနေပြီဆိုတော့ စီစဉ်ရတာ ပိုလွယ်ကူသွားပါပြီ။ အလုပ်တွေများပြီး ကိုယ်တိုင်မစီစဉ်နိုင်တဲ့သူတွေအတွက်ကတော့ ကျွမ်းကျင်တဲ့ wedding plannerတွေနဲ့ ဆက်သွယ် လိုက်တာဟာ ကိုယ့်အတွက် ပိုပြီးအဆင်ပြေနိုင်ပါတယ်။

ကိုစည်သူလွင်ရဲ့ ဇနီး မနွယ်မာကျော်က Myanmar People Magazine နဲ့ အင်တာဗျူးမှာ  အခုလိုပဲ ဝေမျှပေးသွားခဲ့တာမို့ Marry ရဲ့ ပရိတ်သတ်တွေအတွက် ပြန်လည် ဝေမျှလိုက်ပါတယ်နော်။

Source – Myanmar People Magazine

 

Comments

0 comments