Advertisement

တစ်ယောက်ကို တစ်ယောက် ကြည်ကြည်နူးနူး ပွေ့ဖက်ထားတဲ့ သူတို့မောင်နှံရဲ့ ပုံရိပ်လေးက ဘယ်တော့မှမခွဲဘူးဆိုတဲ့ စကားကို အားလုံးကြားအောင် ပြောပြနေသလိုပါပဲ

 

ကိုဝေယံအောင်+ မဇူဇူးသိုက် တို့ရဲ့ မင်္ဂလာပုံရိပ်လေး

ကြည့်လိုက်တာနဲ့ အမြင်အာရုံထဲမှာ ထင်းကနဲ လင်းကနဲ ဖြစ်သွားစေတဲ့ အနီရောင်  ။ ပတ်ဝန်းကျင်က သက်ရှိသက်မဲ့တွေ အားလုံးရဲ့ ဖြစ်တည်မှု၊ ခံစားချက်တွေကို ပိုပြီး အရောင်တင်ပေးတဲ့ အနီရောင် . . .။ ဒါကြောင့်မို့ အနီရောင် ဝတ်စုံလေးနဲ့ သတို့သမီးလေးက သူမရဲ့ ပင်ကိုယ်အလှတွေ ပိုပြီး ပေါ်လွင် အရောင်တောက်စေသလို ပတ်ဝန်းကျင်ကိုလည်း ပိုပြီး အရောင်တောက် လှပအောင် ဖော်ဆောင်ပေးပါတယ်။

ဘယ်တော့မှ မခွဲတော့ဘူးတဲ့

အနီရောင် ဂါဝန်က အစိမ်းရောင် မြက်ခင်းပြင်ပေါ်မှာ ဘယ်လောက်တောင် တင့်တယ်လိုက်သလဲ။ တစ်ယောက်ကို တစ်ယောက် ကြည်ကြည်နူးနူး ပွေ့ဖက်ထားတဲ့ သူတို့မောင်နှံရဲ့ ပုံရိပ်လေးက ဘယ်တော့မှမခွဲဘူးဆိုတဲ့ စကားကို အားလုံးကြားအောင် ပြောပြနေသလိုပါပဲ။

အပြုံးတွေက ကြည်နူးစရာ

သတို့သမီးလေးရဲ့ ရှက်ပြုံးရော၊ သတို့သားလေးရဲ့ ပီတိ အပြုံးကပါ မြင်ရသူတိုင်းကို ကြည်နူးမှုတွေ ကူးစက်စေပါတယ်။

အနမ်းလေးတွေ

အနမ်းတွေရဲ့ လျှို့ဝှက်စွမ်းအားက အံ့သြစရာ ကောင်းလောက်အောင် တန်ခိုးကြီးပါတယ်။ သတို့သားလေးက သတို့သမီးလေးကို ပေးတဲ့ အနမ်းကတော့ မြတ်နိုးမှုကို ဖော်ကျူးတဲ့ ညင်သာတဲ့ အနမ်းဖွဖွလေးပါ။

Tags: real wedding

Comments

0 comments