Advertisement

အစိမ်းရောင်ရဲ့ အမှတ်အသားကတော့ စိမ်းလန်းတဲ့တောတောင်တန်းတွေနဲ့ အပင်စိမ်းစိမ်းတွေက ကိုယ်စားပြုတဲ့အရောင်လို့လည်း ဆိုနိုင်ပါတယ်။

အစိမ်းရောင်ဆိုတာကတော့ သဘာဝ အဆန်ဆုံး အရောင်လို့ ဆိုရမှာ ဖြစ်သလို အေးချမ်းခြင်းကိုလည်း ပုံဆောင်နေပါတယ်။ အစိမ်းရောင်ရဲ့ အမှတ်အသားကတော့ စိမ်းလန်းတဲ့တောတောင်တန်းတွေနဲ့ အပင်စိမ်းစိမ်းတွေက ကိုယ်စားပြုတဲ့အရောင်လို့လည်း ဆိုနိုင်ပါတယ်။ Marry ရဲ့ မင်္ဂလာမောင်နှံလေးတို့ရော အစိမ်းရောင်ကိုမှ ဆန်းဆန်းပြားပြားလေး ဖြစ်စေမယ့် ထောပတ်စိမ်း အနုရောင်လေးနဲ့ အလိုက်ဖက်ဆုံး မြန်မာဆန်ဆန် ကျက်သရေ ရှိနေတဲ့ မင်္ဂလာမောင်နှံလေးကို ကြည့်ပြီး ချစ်ခြင်းရဲ့ ကြည်နူးခြင်းတွေကို လက်ဆင့်ကမ်း ခံစားနိုင်ဖို့ Marry ကနေ ဝေမျှပေးလိုက်ရပါတယ်။

အေးချမ်းခြင်းကို ဖော်ဆောင်တဲ့ ဝတ်စုံလေးနဲ့အတူ

အေးချမ်းတဲ့ သဘာဝတရားတွေကို ဖော်ဆောင်ပေးမယ့် မင်္ဂလာမောင်နှံလေး အဖြစ် ကြည်နူးစရာ မင်္ဂလာပုံလေးတွေကို ပြန်လည် ဝေမျှခွင့်ပေးတဲ့အတွက် မင်္ဂလာမောင်နှံလေးကို Marry ကနေ နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာ ချမ်းသာ ပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ အခု မင်္ဂလာမောင်နှံလေးတို့လိုပဲ ကိုယ့်ချစ်သူနဲ့ မင်္ဂလာပွဲအတွက် အမှတ်တရလေးတွေကို ပြန်လည် ဝေမျှချင်တယ်ဆိုရင် Marry မှာ ဝေမျှပေးလို့ရပါတယ်။ ချစ်စရာကောင်းတဲ့ မင်္ဂလာမောင်နှံလေးတို့ကို Marry က မျှော်နေမယ်နော်။

 

Comments

0 comments