မင်္ဂလာလက်မှတ်ရေးထိုးလိုက်တဲ့ ကိုကျော်ဇင်နဲ့ မေဇွန်ဝင်း (I love Travelling)

by: Phyo Pyae Thu
 0 comments  0 love

အရင်တုန်းကတော့ တစ်ယောက်တည်းပေါ့။ အခုက နှစ်ယောက်ဖြစ်သွားပြီပေါ့နော်။ ကလေးလေးတွေရပြီဆိုရင်တော့  I love travelling ကနေ We love travelling ဖြစ်တော့မှာပါ။ 

မင်္ဂလာလက်မှတ်ရေးထိုးခြင်းဆိုတာဟာ တူနှစ်ကိုယ်ဘဝလေးတည်ဆောက်ဖို့ ပထမဆုံး စပြီးလှမ်းတဲ့ ခြေလှမ်းတစ်လှမ်းပါပဲ။ မင်္ဂလာပွဲလေး မလုပ်ခင် စုံတွဲလေး တော်တော်များများ မင်္ဂလာလက်မှတ်ရေးထိုးကြပါတယ်။ ဒီစုံတွဲလေးထဲမှာ ကိုကျော်ဇင်နဲ့ မမေဇွန်ဝင်းတို့လည်း ပါဝင်ပါတယ်။ မမေဇွန်ဝင်းကတော့ travel blogger တစ်ဦးဖြစ်ပြီး ခရီးသွားချစ်သူတွေရဲ့ ချစ်မေတ္တာကိုလည်း အပြည့်အဝ ရရှိထားသူလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းတရားရုံးချုပ် (High Court)မှာ မင်္ဂလာလက်မှတ်ရေးထိုးဖြစ်ခဲ့ပုံ

တော်တော်များများကတော့ မင်္ဂလာလက်မှတ်ထိုးဆိုရင် ဟိုတယ်မှာပဲ လုပ်ကြတယ်ပေါ့နော်။ အမတို့အတွဲလေးကတော့ သမိုင်းဝင်တစ်နေရာလည်း ဖြစ်တဲ့ ဒီအဆောက်အဦးမှာပဲ လက်ထပ်ချင်တယ်ပေါ့နော်။ ဒါကြောင့် ဟိုတယ်တွေမှာ မလုပ်ဘဲ ဒီနေရာလေးကိုပဲ ရွေးဖြစ်တာလို့ ဆိုပါတယ်။

ခံစားချက်လေး

ခံစားချက်ကတော့ အရမ်းကို ပျော်တယ်ပေါ့။ ချစ်သူနဲ့လည်း အရင်ကတည်းက ခရီးထွက်နေကျပဲဆိုတော့ နောက်ပိုင်းလည်း ခရီးထွက်တာက ထွက်ဖြစ်နေဦးမှာပါပဲ။ အရင်တုန်းကတော့ တစ်ယောက်တည်းပေါ့။ အခုက နှစ်ယောက်ဖြစ်သွားပြီပေါ့နော်။ ကလေးလေးတွေရပြီဆိုရင်တော့  I love travelling ကနေ We love travelling ဖြစ်တော့မှာပါ။

အသိသက်သေတွေရဲ့ ဆုတောင်းစကား

သူတို့နှစ်ဦး မင်္ဂလာလက်မှတ်ရေးထိုးတဲ့ပွဲလေးမှာ အသိသက်သေအဖြစ် ကိုသီဟလုလင်နဲ့ သရုပ်ဆောင် ယုသန္တာတင်က ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ကိုကျော်ဇင်နဲ့ မမေဇွန်တို့ ဒီနေ့လက်မှတ်ထိုးတဲ့နေ့ကစလို့ သားသမီးတွေ အများကြီးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေး ဖြစ်ပါစေလို့ ကိုသီဟလုလင်က ဆုတောင်းစကား ဆိုထားပါတယ်။ သရုပ်ဆောင် ယုသန္တာတင်ကလည်း ဒီမင်္ဂလာလက်မှတ်ရေးထိုးပွဲကနေစလို့ နောက်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်စွာ နေနိုင်ပါစေလို့ ဆုတောင်းစကား ပြောပေးထားပါတယ်။ ဒါအ့ပြင် ယုတို့နဲ့ အတူတူ ခရီးတွေ အများကြီး သွားနိုင်ပါစေလို့ ပြောထားပြီး အသိသက်သေအဖြစ် ဆောင်ရွက်ပေးခွင့်ရလို့ ပျော်တယ်လို့လည်း ဆိုထားပါတယ်။

 

 

From Marry with


Comments

0 comments
Latest video