Advertisement

အင်းလျားကန်ဖျား ကျောင်းတိုက်ကတော့ အခုနောက်ပိုင်းမှာ မင်္ဂလာ ဆွမ်းကျွေးပွဲတွေ အများဆုံး ပြုလုပ်လာကြတဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။ လှပတဲ့ အင်းယားကန်ရေပြင်နဲ့ ထိစပ်နေတဲ့ တည်နေရာလေးက မင်္ဂလာဦး မောင်နှံတွေကို ကြည်နူးဆွတ်ပျံ့ဖွယ် ခံစားမှုတွေ ပေးစွမ်းတာတော့ အမှန်ပါပဲ။ ဒီတစ်ခါမှာတော့ အင်းလျားကန်ဖျား ကျောင်းတိုက်မှာပဲ မင်္ဂလာလက်မှတ် ရေးထိုးခြင်းနဲ့ မင်္ဂလာဦး ဆွမ်းကျွေးပွဲကို ပြုလုပ်ကျင်းပခဲ့တဲ့သတို့သမီးလေးက သူမရဲ့ လှပတဲ့ အမှတ်တရ အခိုက်အတန့် ပုံရိပ်လေးတွေနဲ့ အတွေ့အကြုံတွေ အကြောင်း Marry ရဲ့ သတို့သမီးလောင်းလေးတွေ အတွက် အခုလိုပဲ ဝေမျှပေးခဲ့ပါတယ်။

ဆွမ်းကျွေး လက်မှတ်ထိုး   – အင်းလျားကန်ဖျားကျောင်းတိုက်
လူဦးရေ – ၅၀

စာချုပ် – မြင်သာ ဖိတ်စာ
Dress – Princess Fashion
Photo – Kingsmen Photo Club
Floral – Su Nandar Floral
MUA – နန်းတော်ဝင် မိတ်ကပ်

လက်မှတ်ထိုးဖို့ အတွက် လိုအပ်တာကတော့ သတို့သား သတို့သမီး မှတ်ပုံတင် မူရင်း၊  မိတ္တူ ၊ အသိသက်သေ မိတ္တူ တစ်စုံ၊ နေရပ်လိပ်စာ၊ တော်စပ်ပုံ။ စာချုပ်မူရင်း မိတ္တူ။ တံဆိပ်ခေါင်း ၃၀၀ တန် တို့ လိုအပ်ပါတယ်။ အရင်ဆုံး ရုံးမှာ တစ်ရက် register သွားလုပ်ပါတယ်။ ပွဲနေ့ကျတော့ကျမ်းကျိန် လက်မှတ်ထိုးတာပါပဲ။

ခွင့်နဲ့ပြန်လာရတာမို့လို့ အချိန်ကုန်သက်သာအောင် တစ်နေရာထဲမှာပဲ ဆွမ်းကျွေး လက်မှတ်ထိုးလိုက်ပါတယ်။ မနက် (၈) နာရီမှာ လက်မှတ်ထိုးဖို့ကို ညီမတို့နောက်ကျလို့ နေနည်းနည်းလေး ပူသွားတယ်။ သံဃာ (၂၅) ပါးပါ။ အကျွေးအမွေး အတွက်ကတော့ ချန်ပီယံက မှာပါတယ်။ သတို့သား မွေးနေ့မှာလက်မှတ်ထိုးပါတယ်။ ဗေဒင်တွေအရမ်းမတွက်ဖြစ်ပါဘူး။ ကိုယ့်မွေးနေ့ သူ့မွေးနေ့ လုပ်လိုက်တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ကိတ်ခွဲပြီး ပျော်ပျော်ရွှင်ရွှင်လေး  ကျင်းပဖြစ်ခဲ့ပါတယ်။

 

Congratulations on your marriage! May it be every bit as beautiful as your wedding!

Comments

0 comments