ရင်သပ်ရှုမောရလောက်အောင် ကျက်သရေ ရှိလွန်းတဲ့ သတို့သမီးလေး

by: Nway Nway Aung
 0 comments  0 love

သတို့သားရော၊ သတို့သမီးရော အဝါပေါ်မှာ အစိမ်းရောင် ချိတ်လိုင်းတွေ ပါတဲ့ ဝတ်စုံလေးကို ဆင်မြန်းထားတာကြောင့် လက်ဝတ်ရတနာနဲ့ မင်္ဂလာဝတ်စုံက လိုက်ဖက်လွန်းလှပါတယ်

ကျက်သရေ ရှိလွန်းတဲ့ ကျောက်စိမ်း သတို့သမီးလေး

မြင်သူတကာ ရင်သပ်ရှုမောရလောက်အောင် ကျက်သရေရှိပြီး တင့်တယ်လှပလွန်းတဲ့ မြန်မာဆန်ဆန် သတို့သမီးလေး တစ်ယောက်ရဲ့ အလှအပတွေကို Marry ရဲ့ သတို့သမီးလေးတွေ အတွက် ဝေမျှပေးချင်ပါတယ်။

အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းလေးတွေကို တစ်ကိုယ်လုံး ဆင်မြန်းထားတဲ့ အတွက် ကျောက်စိမ်းမင်းသမီးလေးလို တင်စားရင်လည်း မလွန်ဘူးထင်ပါတယ်နော်။

စိမ်းစိုတောက်ပနေတဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေနဲ့ ပနံရစွာ ဆင်မြန်းထားတာကတော့ အဝါရောင် မင်္ဂလာ ဝတ်စုံလေးပါ။ သတို့သားရော၊ သတို့သမီးရော အဝါပေါ်မှာ အစိမ်းရောင် ချိတ်လိုင်းတွေ ပါတဲ့ ဝတ်စုံလေးကို ဆင်မြန်းထားတာကြောင့် လက်ဝတ်ရတနာနဲ့ မင်္ဂလာဝတ်စုံက လိုက်ဖက်လွန်းလှပါတယ်။

သတို့သမီးလေးရဲ့ ပုဝါလေးကိုလည်း ကျောက်စိမ်းလုံး သေးသေးလေးတွေနဲ့ အနုစိတ် အလှဆင်ထားပါသေးတယ်။

သတို့သမီးအရံလေးစတွေ အားလုံးကလည်း ကျက်သရေရှိတဲ့ အဝါရောင် မြန်မာ ဝတ်စုံရယ် ကျောက်စိမ်းလက်ဝတ်ရတနာလေးတွေနဲ့ အတူ လှပတင့်တယ်လို့ ကျောက်စိမ်းမင်းသမီးလေး ဖြစ်တဲ့ သတို့သမီးလေးရဲ့ အလှအပကို ပိုမို ပေါ်လွင်အောင် ထောက်ကူလို့နေပါတယ်။

သတို့သမီးလေးရဲ့ မိတ်ကပ် အပြင်အဆင်နဲ့ ဝတ်စုံတွေကိုတော့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် က တာဝန်ယူ ပြင်ဆင်ပေးထားပြီး အလှဓာတ်ပုံလေးတွေကို ဓာတ်ပုံဆရာ ဝဏ္ဏခွါနီးက ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

Photo: Wunna Khwar Nee

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords