Advertisement

ကိုရဲမြတ်မင်း (Nexlabs) နဲ့ မချိုချမ်းမြေ့ဦး တို့ရဲ့ 13 Feb,2018 ရက်နေ့ L’opera Restaurant ကျင်းပပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်ပဲဖြစ်ပါတယ်

မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ ခံစားမှု အမှတ်တရတွေက

   ကိုယ့်မင်္ဂလာဆောင်ကို Backyard သဘောမျိုး ရိုးရိုးလေးနဲ့ ချစ်စရာကောင်း နွေးနွေးထွေးထွေးဖြစ်စေချင်တယ်။ ပြီးတော့  အရောင်တွေ၊ ပန်းတွေ၊ နောက် နေရာရော လူသိပ်မဆောင်ဘူးတဲ့ နေရာ၊ ပန်းမျိုးဖြစ်စေချင်တယ်။ Unique ဖြစ်ချင်တယ်ပေါ့နော်။ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ မမေ့နိုင်တဲ့ အမှတ်တရကတော့ အဲလို ပွဲကို မရောက်ခင် Boat ပေါ်ကို တက်ဖို့ အင်းလျားလိတ်ခ်ပာိုတယ် ကနေ ပတ်သွားရတယ်။ အဲမှာ ဓာတ်ပုံဆရာတွေနဲ့ ပိုစ့်တွေလုပ်တုံး ချီတဲ့ပိုစ့်တို့၊ နောက်က ပုခုံးကိုင်တဲ့ ပိုစ့်တို့ လုပ်ရင်း ဆံထုံးက ပန်း ပြုတ်သွားတာလေ။ ဆံထုံးက လှရှာပါတယ်။ လူက အငြိမ်မနေ၊ ပြီးတော့ ခုန်မယ့် ပိုစ့်တောင် လုပ်မလို့။ လုပ်ရင်တော့ အဲမှာတင် အကုန် ဆံပင်ပျက်ကုန်မှာ။ အဲလို ဂယက်တွေထတာဆိုတာ။ ပြီးတော့ တကယ် Vow ဆိုတဲ့အချိန် ပန်းက ကပ်ကပ်လေး မဖြစ်တော့ဘူး။

မင်္ဂလာဆောင်အတွက် ပင်ပန်းခဲ့ရတဲ့၊ ပျော်ရွှင်ခဲ့ရတဲ့ အကြောင်းကတော့

ကိုယ်ဖြစ်ချင်တာက ဥပမာ- ကျူလစ်တို့၊ နေကြာတို့လို ရှားတဲ့ ပန်းတွေ ထည့်ချင်တယ် ပေါ့နော်။ ကိုယ်ရဲ့ love story က one of a kind ဆိုပြီး။ တကယ်ကျတော့ ဆုတောင်းနေရတာ အဲနေ့ ပန်း အော်ဒါမှာ အဲပန်းလေးတွေ ပါပါစေဆိုပြီး။ ပြင်ပေးကတည်းလည်း အဲနေ့ ရမှ ထည့်ပေးလို့ ရမှာဆိုပြီး။ နောက်ဆုံး (၂) မျိုးလုံးရတယ်။ ပြီးတော့ ပြင်ဆင်တာလည်း အကုန်timing ကိုက်ပါ့မလားဆိုပြီး စိတ်ပူတာပေါ့နော်။ ကိုယ်ကတော့ sunset မှာဆို Golden hour ဖြစ်တယ်။ လှတယ်ဆိုပြီး မှန်းပေမယ့် နေအရမ်း ပူမှာ လာတဲ့သူတွေ အားနာတာတွေ ရှိတယ်။ အကုန်အဆင်ပြေပြီး လှတော့ အဲကို အစောကြီး ရောက်သွားတဲ့အချိန်မှာတောင် လှနေပြီ ဆိုတော့ ပျော်တယ်။

Photo: Amour & Co.

Congratulations on your marriage, Ye Myat Min and Cho Chan Myae Oo! May it be every bit as beautiful as your wedding!

Comments

0 comments