နှစ်သစ်မှာ ချစ်သူနှစ်ယောက် အတူတူ ပြုလုပ်သင့်တဲ့ ရည်မှန်းချက်တွေ

by: Phyo Pyae Thu
 0 comments  3 love

စုံတွဲလေးတို့ရေ (၂၀၂၀) နှစ်သစ်ကို ရောက်ပြီဆိုတော့ (၂၀၂၀) ခုနှစ်အတွင်းမှာ လုပ်ချင်တဲ့ အကြောင်းအရာတွေ၊ ဖြစ်ချင်တဲ့ အိမ်က်တွေ ချပြီးပြီလား။ တစ်ယောက်တည်းစာ မဟုတ်ဘဲ နှစ်ယောက်အတူတူ ဖြစ်ချင်တာတွေ ချရေးမှတ်ပြီး သေချာ Plan ဆွဲထားမယ်ဆိုရင်တော့ အိမ်မက်တွေ အလျင်အမြန် အကောင်အထည် ပေါ်လာမှာပါ။ ဒီတော့ ဘယ်လိုအရာတွေ အတူတူ ချမှတ်သင့်လဲဆိုတာ ပြောပြမယ်နော်။

ရည်မှန်းချက်တွေ (photo: www.thewaystowealth.com)

တစ်နှစ်အတွင်း တိုးတက်ချင်တာတွေ

စုံတွဲလေးတို့ရေ ဒီတစ်နှစ်အတွင်းမှာ နှစ်ယောက်သား အတူတူ ဘယ်လိုအရည်အချင်းကောင်းတွေ တိုးတက်ချင်လဲ၊ ဘယ်နေရာမှာ ပိုပြီးတော့ တော်ချင်၊ တတ်ချင်လဲ စတဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး တိုးတက်လာမယ့်အကြောင်းကို အရင်တွေးပါ။ ဥပမာ- ဘာသာစကားတခုခု တိုးတက်ချင်တယ်ဆိုရင်လည်း အတူတူ သင်တန်းတက်တာ၊ အတူတူ လေ့ကျင့်တာမျိုးပေါ့။ တစ်နှစ်ပြည့်ရင် ဘယ်လောက်ရောက်ရမယ်ဆိုတာမျိုး အတူတူချမှတ်ပါ။

ခရီးထွက်ပါ (photo: www.thewaystowealth.com)

ပျော်ရွှင်စရာကောင်းအောင်

ဘဝရှေ့ရေးအတွက် ကြိုးစားစရာတွေလည်း အတူတူကြိုးစားပြီး နှစ်ယောက် ချစ်ချစ်ခင်ခင် နေဖို့လည်း လိုတယ်လေနော်။ ဒီတစ်နှစ်အတွင်းမှာ ဘယ်အချက်တွေ ပိုနားလည်ပေးပြီး ပိုပျော်ရွှင်အောင် ဘယ်လိုနေကြမလဲ၊ ဘာတွေရှောင်ရ ဆောင်ရ ပြုပြင်ရမလဲပေါ့။ ပျော်စရာအချိန်တွေအဖြစ် ဖြတ်သန်းမယ့် ရည်ရွယ်ချက် ကောင်းကောင်းလေးတွေလည်း ရှိပါစေနော်။

ပိုက်ဆံ အတူတူစုပါ (photo: www.thewaystowealth.com)

ပိုက်ဆံ အတူတူစုပါ

ချစ်သူဘဝကနေ တဆင့်တက်တာပဲဖြစ်ဖြစ်၊ အိမ်မက်တွေ အမြန်ပြည့်ချင်တာပဲ ဖြစ်ဖြစ် ပိုက်ဆံကတော့ လိုတယ်မလားနော်။ နှစ်ယောက်အတူတူ ပိုက်ဆံစုပါ။ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် စုထားဖို့ မမေ့ပါနဲ့နော်။ ဒီတစ်နှစ်အတွင်း ဘယ်လောက်စုမိအောင် စုကြမယ်ဆိုတဲ့ ရည်မှန်းချက် ထားထားပါ။

ခရီးထွက်ပါ

နှစ်ယောက်အတူတူ ခရီးထွက်မယ်ဆိုတဲ့ အစီအစဉ်ကောင်းလေးလည်း ပါ ပါစေနော်။ ခရီးထွက်တာက နှစ်ယောက်စလုံး ပိုချစ်ခင် နားလည်လာနိုင်ပြီး စိတ်လက်ပေါ့ပါးစေနိုင်တယ်လေ။ ရန်ဖြစ်နေရင်တောင် ပြန်ချစ်သွားမှာမလား။ ဒီတော့ (၂၀၂၀) ရဲ့ Plan တွေထဲမှာ ခရီးအတူတူ ထွက်ဖို့လည်း စီစဉ်ကြည့်ပါ။

နှစ်သစ်မှာ ချစ်သူနဲ့ အတူတူ ပြုလုပ်သင့်တဲ့ ရည်မှန်းချက်ကောင်းလေးတွေနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords