နှစ်ယောက်စလုံး လက်ထပ်ပွဲမတိုင်ခင် စဉ်းစားရမယ့် အချက်တွေ

by: Phyo Pyae Thu
 0 comments  0 love

ဘာအားနည်းချက်တွေ ရှိလဲဆိုတာ သိထားဖို့ လိုပါတယ်။ လက်တွဲဖော်အဖြစ် ရွေးချယ်တဲ့အခါ အားနည်းချက်တွေကို နားလည်ပေးနိုင်မှ ရပါမယ်

ချစ်သူစုံတွဲလေးတို့ရေ နှစ်ယောက်တစ်ဘဝ တည်ဆောက်တော့မယ်လို့ စိတ်ကူးနေပြီလား။ နှစ်ဖက်မိဘတွေကို အသိမပေးခင်၊ လက်ထပ်ခွင့် မတောင်းခင်မှာ လက်ထပ်တော့မယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး စဉ်းစားရမယ့် အချက်တွေ အများကြီး ရှိပါတယ်။ တစ်ဘဝလုံး လက်တွဲရမယ့်သူကို ရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို အဓိက ထားပြီး စဉ်းစားရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

လက်ထပ်ပွဲမတိုင်ခင် စဉ်းစားရမယ့် အချက်တွေ (photo: ru.123rf.com/)

အားနည်းချက်

ကိုယ့်လက်တွဲဖော်အဖြစ် ရွေးချယ်မယ့်သူက ဘာအားနည်းချက်တွေ ရှိလဲဆိုတာ သိထားဖို့ လိုပါတယ်။ လက်တွဲဖော်အဖြစ် ရွေးချယ်တဲ့အခါ အားနည်းချက်တွေကို နားလည်ပေးနိုင်မှ ရပါမယ်။ သူ့ရဲ့ Dark side က ဘာတွေလဲဆိုတာ သိထားပြီး အဲဒီအချက်တွေကို တစ်သက်လုံး နားလည်သည်းခံပေးနိုင်လားဆိုတာ သေချာတွေးပါ။

မိသားစုအသိုင်းအဝိုင်း

လက်မထပ်ခင်မှာ မိသားစုအသိုင်းအဝိုင်းကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ နှစ်ဖက်မိဘ ပေါင်းစပ်ရမှာလည်း ဖြစ်တဲ့အတွက် ကိုယ့်မိသားစုနဲ့ အဆင်ပြေနိုင်လားဆိုတာလည်း ထည့်တွေးပါ။ မပြေရင်ရော ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြိုတင်တွေးပါ။ သူ့ရဲ့ မိသားစုအသိုင်းအဝိုင်းကရော ကိုယ်လက်ခံနိုင်လား စဉ်းစားပါ။

လက်ထပ်ပွဲအကြောင်း (photo: ru.123rf.com/)

အတိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ

ကိုယ်လက်တွဲမယ့်သူရဲ့ အတိတ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ထဲမှာ ရှင်းလင်းနေဖို့ လိုပါတယ်။ ကိုယ်နဲ့ လက်မထပ်ခင်မှာ ဖြစ်ခဲ့တဲ့ အတိတ်က အကြောင်းအရာတွေကိုရော နားလည်ပေးနိုင်လား၊ လက်ထပ်ပြီးမှ စိတ်ထဲခုနေတာမျိုး မဖြစ်ရလေအောင်ပေါ့။ ဒီအချက်တွေကို ထည့်စဉ်းစားပါ။

မိသားစုအသိုင်းအဝိုင်း (photo: ru.123rf.com/)

လက်ထပ်ပွဲအကြောင်း

စုံတွဲလေးတို့ လက်ထပ်တော့မယ်လို့ တွေးလိုက်ပြီဆိုတာနဲ့ မင်္ဂလာပွဲကိုလည်း ထည့်သွင်းစဉ်းစားပါ။ မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်၊ ပွဲကျင်းပမယ့် အစီအစဉ်တွေကိုပါ တစ်ခါတည်း စိတ်ကူးနဲ့ တွေးထားဖို့ လိုပါတယ်။ ကိုယ့်လက်တွဲဖော်ကရော မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ဘာတွေစဉ်းစားထားလဲဆိုတာ မေးပါ။ လက်မထပ်ခင်မှာ လက်ထပ်ပွဲအကြောင်း စဉ်းစားပါ။

လက်ထပ်ပြီးနောက်

လက်ထပ်ပြီးနောက် ကြုံတွေ့ရမှာတွေကတော့ မဖြစ်မနေ ထည့်စဉ်းစားရမယ့်အချက်တွေပါပဲ။ ပြန်လည်ပြုပြင်လို့မရတဲ့ အရာမို့ သေချာတွေးထားဖို့ လိုပါတယ်။ ငွေကြေးဆိုင်ရာ၊ အလုပ်အကိုင်၊ ကလေးဘယ်နှစ်ယောက် ယူမယ်၊ လက်ထပ်ပြီးနောက် ဘယ်မှာနေမယ် အစရှိတာတွေလည်း စဉ်းစားထားရမှာပါ။ ဒီအချက်တွေ ပြည့်ပြည့်စုံစုံ တွေးပြီးမှသာ လက်ထပ်ဖို့ စဉ်းစားပါ။

စုံတွဲလေးတို့ရေ လက်မထပ်ခင်မှာ စဉ်းစားရမယ့် အချက်တွေနော်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords