ချစ်သူနဲ့ ကိုယ့်ကြား ဒါလေးတွေ ရှိပါစေ

by: Phyo Pyae Thu
 0 comments  7 love

စုံတွဲလေးတို့ရေ ချစ်သူတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေတာပဲ ဖြစ်ချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေ ရှိသင့်ပါတယ်နော်။

စုံတွဲလေးတို့ရေ ချစ်သူတွေကြားထဲမှာ အဆင်ပြေတာတွေပဲ ဖြစ်နေစေဖို့အတွက် ညှိနှိုင်းရမှာတွေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ ချစ်ခင်နားလည်မှုတွေ တခြားချစ်စရာ ကိစ္စလေးတွေ ရှိနေမှ အချစ်ရေးက ရေရှည် တည်တံ့ခိုင်မြဲနေမှာပါ။ ဒါကြောင့် ချစ်သူနဲ့ ကိုယ့်ကြား ရှိသင့်တဲ့ အရာလေးတွေ ပြောပြမယ်နော်။

သည်းခံတိုင်း မဆိုးပါနဲ့

ချစ်သူသမီးရည်းစားအတွဲတစ်တွဲမှာ သည်းခံတဲ့သူဆိုတာ ရှိပါတယ်။ တချို့အတွဲတွေမှာ ယောက်ျားလေးက သည်းခံတာတွေ ရှိသလို မိန်းကလေးက သည်းခံတာတွေလည်း ရှိပါတယ်။ ဘယ်သူကပဲ သည်းခံသည်းခံ အတိုင်းအတာတစ်ခုရှိတယ်ဆိုတာကို မမေ့ပါနဲ့။ သူ ငါ့ကို သည်းခံတာပဲလေ ငါဘာလုပ်လုပ် သည်းခံမှာပဲလို့ မတွေးပါနဲ့။ သည်းခံတိုင်းဆိုးနေမယ်ဆိုရင်ချစ်သူက စိတ်ကုန်လာပါလိမ့်မယ်။

ကိုယ့်ချစ်သူ စိတ်ချရအောင်နေပါ (photo: stitch.net)

ကိုယ့်ချစ်သူ စိတ်ချရအောင်နေပါ

ဒီအချက်က စုံတွဲတိုင်းမှာ အလိုအပ်ဆုံးနဲ့ အဓိက ကျတဲ့အချက်တစ်ချက်ပါ။ စုံတွဲတွေမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်မချမှု့တွေဖြစ်ပြီး စိတ်ညစ်နေရတာ အများကြီးပါ။ ဒါကြောင့် ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ချရတဲ့သူဖြစ်အောင်နေပါ။ ကိုယ့်ရည်းစားက ကိုယ့်ကို သစ္စာရှိပါ့မလား၊ တခြားတစ်ယောက်ရှိနေမလား၊ ဒါမျိုးတွေ ပူပန်နေရတာက ပင်ပန်းပြီး မပျော်ရပါဘူး။ ကိုယ့်ချစ်သူက ရာနှုန်းပြည့် စိတ်ချရသူဖြစ်အောင်နေပါ။

ဂရုစိုက်ပါ(photo: stitch.net)

ဂရုစိုက်ပါ

ဂရုစိုက်တဲ့အခါမှာလည်း ကိုယ့်ချစ်သူ စိတ်ရှုပ်ရလောက်သည်အထိ ဂရုမစိုက်ပါနဲ့။ တချို့တွေက အမြဲဂရုစိုက်ပေးနေတာပဲ ဂရုစိုက်ပေးလျက်နဲ့ ဘာလို့ထားသွားရတာလဲလို့ မေးခွန်းတွေ မေးတတ်ကြပါတယ်။ အဖြေကတော့ အသက်ရှူကြပ်လောက်အောင် ဂရုစိုက်မိတာကြောင့်ပါ။ ဂရုစိုက်တဲ့အခါ သူလိုအပ်သလောက်လေးပဲ ဂရုစိုက်ပေးပါ။ အစစအရာရာ ပိတ်ပင်ချုပ်ချယ်တာမျိုးကို ဘယ်သူမှ ရေရှည်မကြိုက်ပါဘူးနော်။

ဦးစားပေးပါ

ချစ်သူလေးကို ပျော်စေချင်ရင် သူ့ကို ဦးစားပေးပါ။ ဘယ်သွားချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာမျိုးပေါ့။ အသေးအဖွဲ့တွေကစလို့ ကြီးတဲ့ကိစ္စတွေအထိ သူ့ကို ဦးစားပေးကြည့်ပါ။ ဒါဆိုချစ်သူလေး ပျော်မှာပါ။

အတူတူထားတဲ့ ရည်ရွယ်ချက်တွေ

နောင်တချိန်မှာ ကိုယ်တို့ဆိုတဲ့ အိမ်မက်တွေရှိပါစေ။ ကိုယ်တို့လက်ထပ်ပြီးရင်ဆိုတာမျိုး ချစ်သူတိုင်း ကြားချင်ပါတယ်။ ကိုယ်တို့လမ်းမခွဲဘဲ မပြတ်စဲဘဲ အတူတူရှိနေမယ့် သဘောသက်ရောက်တာကြောင့်ပါ။ ပျော်ရွှင်စေမှာ သေချာပါတယ်နော်။

စုံတွဲလေးတို့ရေ ချစ်သူတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေတာပဲ ဖြစ်ချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေ ရှိသင့်ပါတယ်နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords