သီတင်းကျွတ်ပိတ်ရက်မှာ စုံတွဲလေးတို့ ချိန်းတွေ့ကြမယ်

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ သီတင်းကျွတ်မှာ ချိန်းတွေ့ရင်းနဲ့ ပျော်စရာ ကောင်းတဲ့ အမှတ်တရတွေ ချန်ထားရင်တယ်ဆိုရင်တော့ Marry က ခုပြောပြတာလေးတွေ လုပ်ကြည့်ပေးနော်။

Marry ရဲ့ သမီးရည်းစား စုံတွဲလေးတို့ရေ သီတင်းကျွတ် ပိတ်ရက်မှာ ဘာတွေလုပ်မယ်လို့ စိတ်ကူးထားလဲ။ သီတင်းကျွတ် ပိတ်ရက်မှာ ချစ်သူစုံတွဲလေးတို့ ချိန်းတွေ့ကြမယ်ဆိုရင်တော့ လည်စရာ ပတ်စရာအပြင် Activity တွေလည်း လုပ်စရာ အများကြီး ရှိနေမှာပါ။ ဒီတော့ ချိန်းတွေ့ကြမယ်ဆိုရင် ဘာလေးတွေ လုပ်လို့ရမလဲဆိုတာ ပြောပြမယ်နော်။

စုံတွဲလေးတို့ ချိန်းတွေ့ကြမယ် (photo: hifunparty.com)

ပွဲတော်တွေဆီ

စုံတွဲလေးတို့ရေ သီတင်းကျွတ်မှာ လျှောက်လည်မယ်ဆိုရင်တော့ ပွဲတော်ရှိတဲ့နေရာတွေကို ရွေးချယ်ပါ။ ချစ်သူလက်ကို တွဲလို့ မုန့်ဈေးတန်း အတူတူ လျှောက်တာမျိုးပေါ့။ အရမ်းကို Ro လို့ ကောင်းမှာပဲနော်။ ပွဲဈေးတန်းမှာ မုန့်အတူစားတာ၊ ရဟတ်စီးတာမျိုးလေးတွေ လုပ်ပြီး ဓါတ်ပုံအတူတူ ရိုက်တာမျိုးဆိုရင် တကယ်ပျော်စရာ ကောင်းမှာပါနော်။

ဈေးဝယ်ထွက်မယ်

နှစ်ယောက်အတူတူ ချိန်းတွေ့ရင်းနဲ့ ပျင်းလာပြီဆိုရင်တော့ ဒီသီတင်းကျွတ် ပိတ်ရက်က ဈေးဝယ်ထွက်လို့ အကောင်းဆုံး အချိန်ပါပဲနော်။ ဘာလို့လဲဆိုတော့ Sales တွေ အများကြီး ချတဲ့အပြင် လက်ဆောင်တွေလည်း ရမှာဆိုတော့ ပျော်စရာပါပဲ။ အပြန်အလှန် လက်ဆောင်လေးတွေ ရွေးပေးလို့လည်း ရတယ်နော်။

ကုသိုလ်တူတူ ပြုကြမယ် (photo: Pintrest)

သူငယ်ချင်းတွေနဲ့ လူစုပြီး ခရီးထွက်မယ်

သီတင်းကျွတ်မှာ အရင်လိုမျိုး ချိန်းတွေ့တာမျိုး မလုပ်ချင်ဘူးဆိုရင်တော့ သူငယ်ချင်းတွေနဲ့ လူစုပြီး ခရီးထွက်တာမျိုး လုပ်ပါ။ ခရီးထွက်တာက နှစ်ယောက်စလုံးကို စိတ်ရောကိုယ်ပါ လန်းဆန်စေတဲ့အပြင် ချစ်သူနှစ်ဦး ပိုပြီးနီးကပ်ဖို့နဲ့ လေ့လာဖို့ အချိန်လည်း ပိုရမှာပါ။ နောက်ပြီး ချစ်သူအချင်းချင်းလည်း လမ်းမှာ ကူညီဖေးမ ဂရုစိုက်ရင်း အချစ်တွေပိုလို့ ရပါတယ်။

ဆီမီးနဲ့ မီးပုံး  (photo: Pintrest)

ကုသိုလ်တူတူ ပြုကြမယ်

ချစ်သူစုံတွဲလေးတို့ရေ သီတင်းကျွတ်မှာ ကုသိုလ်အတူတူ ပြုတာမျိုးလည်း လုပ်လို့ ရပါတယ်နော်။ ချိန်းတွေ့ရင်း ဘုရားမှာ ကုသိုလ်အတူတူ ပြုတာမျိုး၊ ဘုရားအတူတူ ရှိခိုးတာမျိုး လုပ်ပါ။ ဒါက အမှတ်တရလည်း ဖြစ်သလို နောင်ဘဝထိလည်း ရေစက်ပါမှာပေါ့နော်။

ဆီမီးနဲ့ မီးပုံး

စုံတွဲလေးတို့ နောက်ထပ် ချိန်းတွေ့လို့ရမယ့် နေရာလေး တစ်ခုကတော့ ဆီမီးနဲ့ မီးပုံးလေးတွေ ရှိတဲ့နေရာတွေပါပဲ။ ဆီမီးအတူတူ ထွန်းတာ၊ မီးပုံးအတူတူ လွှတ်တာမျိုးလေးတွေ လုပ်ပါ။ စုံတွဲလေးတို့ အမှတ်တရ အဖြစ်ဆုံး နေ့ရက်လေး ဖြစ်မှာပါ။

စုံတွဲလေးတို့ရေ သီတင်းကျွတ်မှာ ချိန်းတွေ့ရင်းနဲ့ ပျော်စရာ ကောင်းတဲ့ အမှတ်တရတွေ ချန်ထားရင်တယ်ဆိုရင်တော့ Marry က ခုပြောပြတာလေးတွေ လုပ်ကြည့်ပေးနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords