ကိုယ့်ကောင်လေးကို ဒါတွေ နားလည်ပေးပါ

by: Phyo Pyae Thu
 0 comments  12 love

တကယ်တော့ အပြန်အလှန် နားလည်ပေးမှ လက်တွဲလို့ ရမှာမို့ ကိုယ့်ချစ်သူကောင်လေးကို ဘာတွေနားလည်ပေးရမလဲဆိုတာ ပြောပြပေးမယ်နော်

ချစ်သူသမီးရည်းစားတွေမှာ အရေးအကြီးဆုံးက နားလည်မှုပါပဲ။ အချင်းချင်းစိတ်ကို နားလည်နေမှ ကိုယ့်လူကို ကိုယ်တိုင်က နားလည်မှသာ ရှေ့ဆက်လက်တွဲလို့ ရမှာပါ။ အများစု မိန်းကလေးက နားလည်မှုတွေပဲ လိုချင်ပြီး နားလည်ပေးဖို့ကိုတော့ ဝန်လေးတတ်ကြပါတယ်။ တကယ်တော့ အပြန်အလှန် နားလည်ပေးမှ လက်တွဲလို့ ရမှာမို့ ကိုယ့်ချစ်သူကောင်လေးကို ဘာတွေနားလည်ပေးရမလဲဆိုတာ ပြောပြပေးမယ်နော်။

ဒါတွေ နားလည်ပေးပါ  (photo: www.tnktravel.com)

သူ့အကြိုက်တွေ

ကောင်မလေးတွေက “ ငါ့ကိုချစ်ရင် ဒါတွေမလုပ်နဲ့ “ ဆိုတာမျိုး ပြောပြီး ချုပ်လေ့ ရှိပါတယ်။ တကယ်က သူ့အကြိုက်တွေဆိုရင် လွတ်လပ်စွာ ကြိုက်ပိုင်ခွင့်တော့ ပေးထားဖို့ လိုပါတယ်။ ဥပမာ- ဘောလုံးပွဲ ကြိုက်တတ်တဲ့ ကိုကိုဆိုရင် ဘောလုံးပွဲ ကြည့်တာမျိုးတော့ ခွင့်ပြုဖို့ လိုပါတယ်။ လောင်းတာမျိုး၊ ညဥ့်နက် အဝေးကြီးမှာ သွားကြည့်တာမျိုး မဖြစ်ဖို့လောက်ပဲ တားပါ။ သူ့အကြိုက်တွေကိုတော့ အလွန်အကျွံ မဖြစ်ဘူးဆိုရင် နားလည်ပေးပါ။

ကိုယ်ပိုင်အချိန်လိုချင်တာကို သိပါ

ကောင်လေးတွေကို နားလည်ပေးရမယ့် အချက်ထဲမှာ သူတို့အတွက် ကိုယ်ပိုင်အချိန် လိုချင်တယ်ဆိုတာလည်း ပါပါတယ်။ ကောင်မလေးတွေက သူတို့နဲ့ပဲ အပြင်ထွက်၊ သူတို့နဲ့ပဲ ဖုန်းပြော၊ စကားပြော အချိန်ပေးတာမျိုး လိုချင်ပါတယ်။ တကယ်တော့ ကိုယ်ပိုင်အချိန် ရှိပြီး သူငယ်ချင်းတွေနဲ့ အပြင်သွားတာမျိုး၊ လူစုပြီး သောက်တာမျိုးတွေမှာ ခွင့်ပေးဖို့ လိုပါတယ်နော်။ ကိုယ်ပိုင်အချိန်ပေးဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့။

ဝမ်းနည်းတတ်တယ်

ယောက်ျားလေးတွေမို့ ပိုသန်မာရမယ်၊ ပိုဦးဆောင်ရမယ်ဆိုတာမျိုး တသတ်မှတ်တည်း မတွက်ထားဘဲ ယောက်ျားလေးတွေမှာလည်း အဆင်မပြေတာတွေ၊ စိတ်ထိခိုက်စရာတွေ ရှိလာတဲ့အခါ ငိုတာ၊ ဝမ်းနည်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအခါမှာလည်း ကိုယ်က ဖေးမနားလည်နှစ်သိမ့်ပေးပါ။ သူတို့မှာလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်တတ်တဲ့ အခိုက်အတန့်ရှိတာ မမေ့လိုက်ပါနဲ့နော်။

ဒေါသထွက်တဲ့အခါ (photo: www.forbes.com)

ဒေါသထွက်တဲ့အခါ

ကောင်လေးတွေမှာလည်း ဒေါသထွက်တဲ့အချိန်ဆိုတာ ရှိပါတယ်။ ဒေါသထွက်တဲ့အခါမှာလည်း ငါ့ကို ဒေါသထွက်ရကောင်းလားဆိုပြီး ပြန်စိတ်ဆိုးတာမျိုး၊ ပြန်စိတ်ကောက်တာမျိုး မလုပ်သေးဘဲ အရင်ဆုံး သူ့မှာ တခြားပြဿနာတွေ ရှိနေသေးလားဆိုတာ နားလည်ပေးကြည့်ပါ။ ဒါမှ ကိုယ့်ကောင်လေးလည်း အဆင်ပြေမှာပါ။

Marry က မိန်းကလေးတို့ရေ ကိုယ့်ချစ်သူကောင်လေးနဲ့ ရေရှည်အဆင်ပြေချင်တယ်ဆိုရင်တော့ ဒီအချက်တွေ နားလည်ပေးလိုက်ပါနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords