ကိုယ့်ချစ်သူက ခဏခဏ Block တတ်တဲ့သူလား

by: Phyo Pyae Thu
 0 comments  13 love

တချို့ကတော့လည်း ထစ်ကနဲရှိ ဘာမှ ဖြေရှင်းခွင့်တောင် မရတော့ဘဲ Block တာတွေ လုပ်ကြပါတယ်။ ကိုယ့်ချစ်သူကရော အဲဒီလို ခဏခဏ Block တတ်တဲ့သူလား။

စိတ်ဆိုးတာတွေ၊ စိတ်ကောက်တာတွေကတော့ ရှိကြစမြဲပါပဲ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်မှလည်း ပိုပြီး အချစ်တွေမှာမလား၊ စိတ်ဆိုး စိတ်ကောက်ရတဲ့ အကြောင်းရင်းက နည်းနည်းလေး ကြီးတယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် ဖုန်းနံပါတ်တွေ Blacklist လုပ်တာ၊ facebook မှာ Block တာ၊ Unfriend လုပ်ကြတယ်။ တချို့ကတော့လည်း ထစ်ကနဲရှိ ဘာမှ ဖြေရှင်းခွင့်တောင် မရတော့ဘဲ Block တာတွေ လုပ်ကြပါတယ်။ ကိုယ့်ချစ်သူကရော အဲဒီလို ခဏခဏ Block တတ်တဲ့သူလား။

စိတ်အခြေအနေကို ခန့်မှန်းပါ

တဖက်လူရဲ့ စိတ်အခြေအနေကို ခန့်မှန်းကြည့်ပါ။ စိတ်ဆိုးနေတဲ့အချိန်၊ အလုပ်များနေတဲ့အချိန်၊ စိတ်ဓါတ်ကျနေတဲ့အချိန်တွေမှာ ကိုယ်က စကားတွေ အများကြီး သွားပြောတာ၊ စာပြန်တာ ကြာလို့ ဖုန်းတွေ တောက်လျှောက်ဆက်တာ၊ Video call တွေ ခေါ်တာက ချစ်သူကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်ချစ်သူကလည်း စိတ်တွေပိုဆိုးလာပြီး Block ပစ်လိုက်တာမျိုး လုပ်ဖြစ်မှာပါ။ ဒါကြောင့် ခဏခဏ Block ခံရတာကို မကြိုက်ဘူးဆိုရင်တော့ စိတ်အခြေအနေကို ခန့်မှန်းပါ။

စိတ်ဆိုးမယ့်ကိစ္စတွေ ရှောင်ပါ

စိတ်ဆိုးမယ့်ကိစ္စတွေ ရှောင်ပါ

ကိုယ့်ချစ်သူ စိတ်ဆိုးတာကို မလိုချင်ပေမယ့် သူမကြိုက်တာလေးတွေ ခိုးလုပ်ရရင်တော့ ပျော်တယ်မလား၊ ဘယ်လိုပဲဖြစ်ဖြစ် Block လောက်တဲ့ အခြေအနေတွေ မလိုချင်ဘူးဆိုရင်တော့ သူစိတ်ဆိုးမယ့် ကိစ္စတွေကို ရှောင်ရမှာပါပဲ။ ကိုယ့်ချစ်သူက ဘယ်လိုအကြောင်းအရာတွေကို မကြိုက်ဘူးလဲ ဆိုတာ ကိုယ်က အသိဆုံးပါ။ အတတ်နိုင်ဆုံး ရှောင်ပါ။

ရှင်းပြပါ (photo: images-free.net)

သူမကြိုက်တာတွေ လုပ်မယ်ဆိုရင်

စုံတွဲလေးတို့ရေ ရန်ဖြစ် စိတ်ဆိုးပြီး ပြန်ချော့ပြီး ပြန်ချစ်ကြတဲ့ အချိန်ဟာ ကြည်နူးစရာအကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း ရန်ဖြစ်ရတဲ့ အကြောင်းအရာက တားမြစ်ထားတဲ့ ကိစ္စကို လုပ်မိတာဆိုရင်တော့ နှစ်ယောက်စလုံး စိတ်ထိခိုက်စရာတွေပဲ ကြုံလာရမှာ သေချာပါတယ်။ အဲဒီတော့ သူမကြိုက်တာတွေ လုပ်မယ်ဆိုရင် သူ လုံးဝမသိအောင်လုပ်ပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဘာမှကို မလုပ်ပါနဲ့။ ပြန်သိသွားရင် Block တဲ့ပြဿနာတွေ ထပ်ဖြစ်နေဦးမှာပါနော်။

ပြဿနာက Block ရုံနဲ့ မပြီးဘူးဆိုတာ ရှင်းပြပါ

စုံတွဲလေးတို့ ပြေပြေလည်လည် ပြန်ဖြစ်တဲ့အချိန်မှာ ရှင်းပြရမယ့် အချက်တစ်ချက်ကတော့ ပြဿနာဆိုတာ ဒီလိုမျိုး Block ရုံနဲ့ မပြီးသွားဘူးဆိုတာပါပဲ။ ဒါကို သေချာနားလည်သဘောပေါက်မယ်ဆိုရင် နောက်ပိုင်းမှာ Block တဲ့ ကိစ္စတွေ ချစ်သူတွေကြားမှာ လျှော့နည်းသွားပြီး ရှင်းပြခွင့်တွေ စကားပြောခွင့်တွေလည်း ရမှာပါ။

စုံတွဲလေးတို့ထဲမှာရော ဘယ်သူက ခဏခဏ Block တတ်တဲ့သူလဲ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်က ကြည်နူးစရာကောင်းပေမယ့် Fb မှာ ပြန်အပ်လိုက် ပြန်Block ကတော့ ရေရှည်အတွက် မကောင်းဘူးနော်။ 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles